AD
AD
AD

လာအိုနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံလိုပဲ ဖွံ့ဖြိုးဆဲနိုင်ငံလေး တစ်နိုင်ငံ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုပဲ အများစုကိုးကွယ်ကြတဲ့ လာအိုနိုင်ငံမှာ မဖော်ထုတ်ရသေးတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ လည်ပတ်စရာနေရာတွေ အများကြီးရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ "Visit Laos Year 2018" ဆိုပြီး ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားတဲ့ လာအိုနိုင်ငံကို ဘာကြောင့်အလည်သွားသင့်တယ်ဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရိုးရာယဉ်ကျေးမှုတွေ

play
 

Luaung Namtha စီရင်စုဟာာ အရှေ့တောာင်အာရှမှာ လူမျိုးစုအစုံလင်ဆုံး ဒေသတစ်ခုဖြစ်ပြီး တောင်ပေါ်ဒေသတွေမှာ အနေများပါတယ်။ တောင်ပေါ်နေမျိုးနွယ်စု (၂၀) ခန့်ရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ကိုးကွယ်မှု၊ ကိုယ်ပိုင်အဝတ်အစား၊နဲ့ ကိုယ်ပိုင်ဗိသုကာလက်ရာတို့ကို ပိုင်ဆိုင်ကြပါတယ်။ luang Namtha စီရင်စုမှာနယ်ခံရွာသားတွေနဲ့ စကားပြောဖို့ နယ်ခံဂိုက်တစ်ယောက်ကို စီစဉ်ခိုင်းလိုက်ရင် ရပါတယ်။ ဒေသရဲ့ရိုးရာဓလေ့ကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်ဖို့ဆိုရင် ညအိပ်ညနေလည်း တည်းခိုဖို့ စီစဉ်နိုင်ပါတယ်။

၂။ ရေတံခွန်တွေ

play
 

လာအိုနိုင်ငံမှာ လှပတဲ့ရေတံခွန်လေးတွေ အများကြီးရှိပါတယ်။ ဥပမာ Luang Prabang က စိမ်းပြာရောင် (၇) ဆင့်ရေတံခွန်တို့၊ ကျွန်းစု (၄၀၀၀) အနီးက Khon Phapheng ရေတံခွန်တို့ကထင်ရှားပါတယ်။ ချိုင့်ဝှမ်းထဲမှာရေကူးလိုက်၊ တောအုပ်ထဲမှာ လမ်းလျှောက်ထွက်လိုက်နဲ့ သဘာဝအလှအပတွေကိုလည်း အပြည့်အဝခံစားနိုင်ပါတယ်။

၃။ That Luang ဘုရားပွဲ

play
 

That Luang ဘုရားပွဲကို နိုဝင်ဘာလအကုန်လောက်မှာ Vientiane မြို့မှာကျင်းပကြပါတယ်။ That Luang ဘုရားဆိုတာ ရွှေရောင်ဘုရားပုထိုးတစ်ဆူဖြစ်ပြီး လာအိုနိုင်ငံရဲ့အမျိုးသားအမှတ် လက္ခဏာတစ်ခုလည်း ဖြစ်ပါတာယ်။ စေတီထဲမှာ မြတ်စွာဘုရားရှင်ရဲ့ဆံတော်နဲ့ အရိုးတော်ကို ဋ္ဌာပနာထားပါတယ်။ ဘုရားပွဲမစခင် သံဃာတော်များကို ဆွမ်းဆန်စိမ်းလောင်းပွဲကို အရင်ကျင်းပကြပါတယ်။ That Luang ဘုရားပွဲမှာ မီးရှူးမီးပန်းဖောက်ပွဲတွေ၊ ကပွဲတွေ၊ ဆယ့်နှစ်ပွဲဈေးတွေနဲ့ စည်ကားလို့နေပါတယ်။

၎။ Khmu နှစ်သစ်ကူးပွဲတော်

play
 

လာအိုမြောက်ပိုင်းက Oudomxay စီရင်စုမှာတော့ ဒီဇင်ဘာ (၃၀) ရက်နေ့မှ ဇန်နဝါရီလ (၁) ရက်နေ့အထိ ကျင်းပတဲ့ ပွဲတော်တစ်ခုရှိပါတယ်။ အဲဒါကတော့ Khmu နှစ်သစ်ကူးပွဲတော်ပါပဲ။ အဲဒီပွဲတော်မှာတော့ လူတွေဟာ ရောင်စုံရိုးရာ ဝတ်စုံကြီးတွေဝတ်ပြီး ကကြ၊ ခုန်ကြ၊ သီချင်းဆိုကြ၊ ရိုးရာကစားနည်းတွေ ကစားကြနဲ့ ကျင်းပကြပါတယ်။ Khmu လူမျိုးတွေဟာ နှစ်သစ်ကူးချိန်မှာ ဘိုးဘွားမိဘတွေကို ကန်တော့တတ်ကြပြီး လာမယ့်နှစ်အတွက် ငြိမ်းချမ်းရေးရအောင် ဆုတောင်းတတ်ကြပါတယ်။ Khmu ရွာတစ်ရွာမှာနေထိုင်ပြီး နှစ်ကူးပွဲကို ဖြတ်သန်းကြည့်ရင် သူတို့ရဲ့ရိုးရာဓလေ့နဲ့အတူ ပျော်ရွှင်စွာ နှစ်ကူးနိုင်မှာပါ။

၅။ ဘောကွင်းစီးခြင်း

play
 

Vang Vieng မြို့က Nam Song ကတော့ နာမည်ကျော် ဘောကွင်းစီးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Tubing လို့ခေါ်တဲ့ ဘောကွင်းစီးကစားနည်းဟာ ဘောကွင်းထဲမှာ လူလိုက်ထိုင်ပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းရတဲ့ ကစားနည်းမျိုးပါ။ ဘောကွင်းပေါ်မှာ ဘီယာလေးတစ်လုံးကိုင်ပြီး ရေစီးကြောင်းအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်းလေးလိုက်ရင်း မြစ်ဘေးက လှပတဲ့တောတောင်တွေ၊ အစိမ်းရောင် ရေညှိတောတွေကို ငေးကြည့်နိုင်ပါတယ်။ နောက်ပြီး ဘောကွင်းစီးရတာ ပျင်းလာရင်လည်း တခြားဘောကွင်းစီးသူတွေနဲ့အတူ မြစ်ကမ်းဘေးက ပါတီပွဲတွေမှာ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

Source: theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD