ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum) ဟာ ကမ္ဘာလှည့်ခရီးသွားလာရေး ကဏ္ဍမှာ ကမ္ဘာတဝှမ်းလုံးက နိုင်ငံပေါင်း (၁၃၆) နိုင်ငံကို နှိုင်းယှဉ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အန္တရာယ်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum) ဟာ ကမ္ဘာလှည့်ခရီးသွားလာရေး ကဏ္ဍမှာ ကမ္ဘာတဝှမ်းလုံးက နိုင်ငံပေါင်း (၁၃၆) နိုင်ငံကို နှိုင်းယှဉ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အန္တရာယ်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေပါဝင်သလို နိုင်ငံရေးအယူဝါဒ ကွဲပြားမှုတွေကြောင့် သူပုန်ထနေတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အဲဒီ နိုင်ငံတွေကတော့...

၂၀။ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ

an127830071demonstrators-bl.jpg 

နိုင်ငံနေရာအနှံ့အပြားမှာ စစ်တပ်ရယ်၊ လက်နက်ကိုင်တွေရယ်၊ ရောင်စုံသူပုန်တွေရယ် လက်နက်ကိုင်စီနဲ့ တဗြောင်းဗြောင်း ဆော်နေကြတဲ့ နိုင်ငံကတော့ ကွန်ဂိုနိုင်ငံပါ။ ပြီးတော့ သူတို့ ပစ်နေခတ်နေကြတာဟာလည်း တော်တော်လေးပြင်းထန်ပါတယ်။ နိုင်ငံတဝှမ်းမှာ ကွန်ဂိုစစ်တပ်က တပ်ဖြန့်ထားတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေဟာ သွားလေရာမှာ စစ်တပ်ဖွဲ့တွေ၊ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေကို တွေ့မြင်ရမှာပါ။

၁၉။ ထိုင်း

ထိုင်းနိုင်ငံတောင်ပိုင်းက ယာလာပြည်နယ် (Yala) ၊ ပတ္တနီပြည်နယ် (Pattani) ၊ နရသီဝပ်ပြည်နယ် (Narathiwat) တို့ဟာ ထိုင်းနိုင်ငံမှာ အန္တရာယ်အများဆုံး ဒေသတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၁၃) နှစ်အတွင်းမှာ အကြမ်းဖက်မှုကြောင့် လူသေမှုပေါင်း (၆၅၀၀) ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနေရာတွေထဲမှာ မဲရှယ်လောလည်း ထုတ်ထားပါတယ်။

၁၈။ ဂျမေကာ

ဂျမေကာနိုင်ငံအတွက် ခရီးသွားလမ်းညွှန်တစ်ခုမှ မရှိသလို နိုင်ငံရဲ့နေရာတချို့မှာ အကြမ်းဖက်မှုတွေနဲ့ ပစ်ခတ်မှုတွေက ဆက်လက်ဖြစ်ပွားနေပါသေးတယ်။ အထူးသဖြင့် Kingston နဲ့ Montego ပင်လယ်အော်တို့ပဲ ဖြစ်ပါတယ်။ အဲဒီနေရာက အပန်းဖြေစခန်းတွေကို အလည်သွားတဲ့ ခရီးသည်တွေအနေနဲ့ အကြမ်းဖက်မှုတွေကြားမှာ ပိတ်မိနိုင်ပါတယ်။

၁၇။ တောင်အာဖရိက

တောင်အာရိကနိုင်ငံမှာ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းက မြင့်မားလွန်းတော့ နယ်ခံတွေတောင်မှ သီးသန့်လုံခြုံရေးတွေ ငှားထားရပါတယ်။ မုဒိန်းကျင့်မှုနဲ့ လုယက်သတ်ဖြတ်မှုတွေက မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ကျေးလက်ဒေသနဲ့ အစွန်ကျတဲ့ မြို့ငယ်လေးတွေမှာ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားပါတယ်။

၁၆။ ဂွာတီမာလာ

guatemala-earthquake.jpg 

မက္ကစီကိုနိုင်ငံနဲ့ ထိစပ်နေတဲ့ ဂွာတီမာလာနိုင်ငံ နယ်စပ်ဟာ တစ်နိုင်ငံလုံးမှာ အန္တရာယ်အများဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နယ်စပ်မှာ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေလို့ပါပဲ။ ပြီးခဲ့တဲ့နှစ်က စစ်တမ်းအရဆိုရင် နိုင်ငံဟာ လက်တင်အမေရိကနဲ့ ကာရေဘီယံပင်လယ်တလွှားမှာ လူသတ်မှုအမြင့်မားဆုံးမှာ နံပါတ် (၅) ချိတ်ပါတယ်။ ကားခိုးမှု၊ ဓားပြမှုနဲ့ ခါးပိုက်နှိုက်မှုတွေလည်း ဖြစ်ပွားပါသေးတယ်။

၁၅။ ချက်ဒ်

Isis, အယ်လ်ကိုင်ဒါးနဲ့ Boko Haram စတဲ့ အကြမ်းဖက်အဖွဲ့ အများအပြားဟာ ချက်ဒ်နိုင်ငံထဲမှာ လှုပ်ရှားနေကြပါတယ်။ အဲဒီအကြမ်းဖက်အဖွဲ့တွေဟာ နယ်ခံပုဂ္ဂိုလ်တွေကိုသာမက လုံခြုံရေးစစ်တပ်တွေနဲ့ နိုင်ငံခြားသားတွေကိုပါ ပစ်မှတ်ထားပါတယ်။ နေရာတကာမှာ ဗုံးထောင်ထားတာမို့ လစ်ဗျားတို့၊ ဆူဒန်တို့နဲ့ ထိစပ်နေတဲ့ နယ်ခြားစည်းမျဉ်းတွေနားမှာ သွားလာတာလည်း အလွန်အန္တရာယ်များပါတယ်။

၁၄။ ဘင်္ဂလားဒေ့ရှ်

bangladesh-floods7.jpg 

အကြမ်းဖက်အဖွဲ့တွေရဲ့ ချိန်းခြောက်မှုတွေအပြင် ဆိုးရွားတဲ့ရာသီဥတုကလည်း ဘင်္ဂလားဒေ့ရှ်ကို ချိန်းခြောက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရာသီဥတုအခြေအနေတွေက နိုင်ငံကို သဘာဝ ဘေးအန္တရာယ်အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်စေခဲ့ပါတယ်။ ဒီအာရှနိုင်ငံလေးဟာ မုန်တိုင်းတွေ၊ ရေလျှံရေကြီးမှုတွေ၊ ငလျင်တွေ မကြာခဏဆိုသလို ကြုံတွေ့ရပါတယ်။

၁၃။ မာလီ

မာလီနိုင်ငံရဲ့မြို့တော် ဘာမာကိုမြို့မှာ အကြမ်းဖက်မှုအန္တရာယ်တွေ အလွန်ကြီးမားပါတယ်။ ဒါတင်မကသေးပါဘူး။ မာလီနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလည်ပိုင်းမှာလည်း အကြမ်းဖက်မှုများစွာ ဖြစ်ပွားပါသေးတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းကဆို ဘာမာကိုမြို့က Radisson ဟိုတယ်မှာ လူတော်တော်များများ ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရဖူးပါတယ်။

၁၂။ လက်ဘနွန်

လက်ဘနွန်ပြည်တွင်းမှာ အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့အတွက် အသေခံဗုံးခွဲခြင်းလိုမျိုး အကြမ်းဖက်တိုက်ဖက်မှုတွေဟာ တိုင်းပြည်နေရာ အနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ အမြဲလိုလို ဖြစ်ပွားနေတဲ့အတွက် ကင်မရာတစ်လုံးကိုင်ပြီး လျှောက်သွားနေတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။

၁၁။ ဖိလစ်ပိုင်

duterte-protests.jpg 

Manila Casino မှာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ပြန်ပေးဆွဲမှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေက Sulu Archipelago ဒေသနဲ့ Sulu ပင်လယ်တောင်ပိုင်းမှာ တောက်လျှောက် ဖြစ်ပွားလာပါတယ်။ အဲဒီလို ပြန်ပေးဆွဲမှုတွေရဲ့ ပစ်မှတ်တွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်

Source: Independent UK

Share

Loading Next Article...
က္က