ပင်လယ်ချစ်သူတွေအတွက် ကမ္ဘာပေါ်မှာအလှပဆုံး ကျွန်းဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နှစ်ကူးကာလ အပန်းဖြေခရီးထွက်မယ်ဆိုရင် ဘယ်နေရာတွေကို သွားချင်ကြလဲ။ တောင်ပေါ်ဒေသလား။ ပင်လယ်ကမ်းခြေလား။ တောင်ပေါ်ဒေသက အေးအေးဆေးဆေး အနားယူလိုသူတွေအတွက် အဆင်ပြေပြီး ပင်လယ်ကမ်းခြေကတော့ ပင်လယ်လှိုင်းလေ နဲ့အတူ စိတ်ဖိစီးမှုတွေကို မျှောထုတ်ပစ်ချင်သူတွေအတွက် အဆင်ပြေပါတယ်။



ဒါပေမယ့် တကယ်လို့ အေးအေးဆေးဆေး အနားယူလိုသူတွေအတွက်ပါ အဆင်ပြေစေမယ့် ကျွန်းဟိုတယ်လေးတွေ ရှိတယ်ဆိုရင်ကော။ ပင်လယ်ချစ်သူတွေအတွက် ကမ္ဘာပေါ်မှာအလှပဆုံး ကျွန်းဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Lacula Island (Fiji)

Laucala-BeachBarGALLERYSpecial.jpg 

တောင်ပစိဖိတ်သမုဒ္ဒရာထဲက Fiji ကျွန်းစုနိုင်ငံထဲမှာ တည်ရှိတဲ့ ကိုယ်ပိုင်ကျွန်း အပန်းဖြေစခန်းလေးကို လှပတယ်ဆိုတဲ့ စကားလုံးနဲ့ ပုံဖော်ရင် လျှော့ပြောရာကျပါလိမ့်မယ်။ ဒီကိုယ်ပိုင်ကျွန်းလေးကို ပိုင်ဆိုင်သူကတော့ ကမ္ဘာကျော်အားဖြည့်အချိုရည် Red Bull ရဲ့ CEO Dietrich Mateschitz ပဲ ဖြစ်ပါတယ်။ ဧရိယာဧကပေါင်း (၃၅၀၀) ကျယ်ဝန်းတဲ့ ကျွန်းပေါ်မှာ အုန်းပင်တန်းတွေ၊ ဖြူလွှလွှသဲသောင်ပြင်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ အပန်းဖြေရိပ်သာ (၂၅) ခုခန့်ရှိပြီး အပူပိုင်းဒေသ ဥယျာဉ်တွေ၊ ကျယ်ပျောတဲ့ ရေကန်တွေလည်း ရှိပါတယ်။ ဒါတွေတင်မကသေးပါဘူး။ မြင်းစီးကွင်းတို့၊ ဒေသစာ ပင်လယ်စာတွေကို တဝတပြဲစားနိုင်မယ့် စားသောက်ဆိုင်တို့အပြင် မရေမတွက်နိုင်အောင် များပြားတဲ့ သန္တာကျောက်တန်းတွေလည်း ရှိပါသေးတယ်။

၂။ Anantara Medjumbe ကျွန်းဟိုတယ် (Mozambique)

170327124957-beautiful-island-hotels-2-anantara-medjumbe-1.jpg

Mozambique နိုင်ငံရဲ့ မြောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ကိုယ်ပိုင်ကျွန်းငယ်လေး တစ်ခုပေါ်မှာ လူအရောက်အပေါက် နည်းပါးတဲ့ ဒီကျွန်းဟိုတယ်လေး တည်ရှိပါတယ်။ အမှန်တော့ ရှုခင်းကြည့်ရတာနဲ့တင် တန်နေပါပြီ။ ဒီကျွန်းလေးကို ရောက်ပြီဆိုတာနဲ့ ဖြူလွှလွှသဲတွေ၊ ပြာလဲ့နေတဲ့ ပင်လယ်ပြင်ကို အရင်ဆုံးတွေ့မြင်ရမှာပါ။

အာရေးဗီးယန်းည ပုံပြင်များထဲက theme အတိုင်း ပုံဖော်ထားတဲ့ decoration လေးတွေနဲ့ အပန်းဖြေစခန်း ဟိုတယ်လေးဟာ လှပလွန်းပါတယ်။ သစ်လုံးအိမ်လေးတွေဆိုပေမယ့် အထဲမှာတော့ ဇိမ်ကျကျ အနားယူနိုင်မယ့် ရေနွေးကန်တို့၊ ပင်လယ်ပြင်ကို ရှုစားနိုင်တဲ့ လေသာဆောင်တို့လည်း ပါဝင်နေပါသေးတယ်။

၃။ Souther Ocean Lodge (သြစတြေးလျ)

Southern-Ocean-Lodge-GdeLaubier-10-2048x1362.jpg 

သြစတြေးလျနိုင်ငံက Kangaroo (သားပိုက်ကောင်) ကျွန်းရဲ့ အနောက်တောင်စွန်းစွန်းမှာ ဆောက်လုပ်ထားတဲ့ ထနောင်းတောကြားက ဒီနေရာလေးဟာ သာယာလှပတဲ့ ရှုခင်းတွေကို လိုချင်သူတွေ အတွက်တော့ အကောင်းဆုံးနေရာ တစ်နေရာပါပဲ။ မှန်တံခါးကို တွန်းဖွင့်ဝင်ရောက် လိုက်ပြီဆိုရင် မျက်နှာကျက်ကနေ ကြမ်းပြင်အထိ အလှဆင်ထားတဲ့ ဟိုတယ်ခန်းတွေနဲ့ Hanson ပင်လယ်ကွေ့ကို ငေးကြည့်နိုင်မယ့် ရှုခင်းတွေကို မင်သက်ဖွယ်တွေ့မြင်ရမှာပါ။

အပြင်အဆင်က ခေတ်မီတယ်ဆိုပေမယ့် နယ်ခံသစ်တွေ၊ ထုံးကျောက်တွေနဲ့ အလှဆင်ထားတဲ့ ပရိဘောဂတွေ၊ အပြင်အဆင်တွေလည်း ပါဝင်ပါသေးတယ်။ အခန်းတိုင်းမှာ ကိုယ်ပိုင်မီးလင်းဖိုတွေ၊ ရေနွေးကန်တွေလည်း ပါဝင်တော့ ရှုခင်းလေးတွေကြည့်ရင်း အခန်းထဲမှာ ဇိမ်ခံနိုင်ပါတယ်။

၄။ Belmond Villa (အီတလီ၊ စစ်စလီကျွန်းဆွယ်)

170327125240-beautiful-island-hotels-5-belmond-sant-andrea-2 (2).jpg

စစ်စလီကျွန်းပေါ်မှာ ဟိုတယ်တစ်ခုရှာဖွေရတာ မခက်ပေမယ့် ပြီးပြည့်စုံတဲ့ ဟိုတယ်တစ်လုံး ရှာတွေ့ဖို့တော့ ခက်ပါတယ်။ ဒီလိုအပ်ချက်ကို Belmond Villa က ဖြည့်ဆည်းပေးပါလိမ့်မယ်။ ၁၈၃၀ ခုနှစ်တုန်းက အပန်းဖြေအိမ်တစ်လုံးအဖြစ် ဆောက်လုပ်ခဲ့တဲ့ Belmond Villa ကို ပြန်လည်မွမ်းမံ ပြုပြင်ထားတာဖြစ်ပြီး အရင်တုန်းက မိသားစု အပန်းဖြေစံအိမ်တစ်လုံးအဖြစ် ရပ်တည်ခဲ့တဲ့ အငွေ့အသက်ကိုလည်း ဆက်လက်ထိန်းသိမ်း ထားပါသေးတယ်။

အခန်းတိုင်းမှာ ပန်းပွင့်အစစ်တွေကိုသုံးပြီး အလှဆင်ထားတာပါ။ အခန်းတိုင်းဟာ ကျယ်ဝန်းလှပသလို မာဘယ်လ်ကျောက်တွေနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂတွေ၊ ပြင်သစ်စတိုင်လ် လေသာဆောင်တွေလည်း ပါရှိပါသေးတယ်။

၅။ Four Seasons Resort (ဟာဝိုင်ယီကျွန်း)

43664030.jpg 

အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်းပေါ်မှာ ၂၀၁၆ ခုနှစ် နွေရာသီတုန်းကမှ ဖွင့်လှစ်ခဲ့ဲ့တဲ့ အပန်းဖြေစခန်း အသစ်ကတော့ ကျွန်းရဲ့ ဆိတ်ငြိမ်တဲ့အခြမ်းမှာ တည်ရှိပါတယ်။ တကယ်လို့ သင်ဟာ နေပူစာလှုံရင်း ပင်လယ်လေကို တဝကြီး ရှူရှိုက်ချင်တယ်ဆိုရင်တော့ ဒီအပန်းဖြေဟိုတယ်လေးက အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါနော်။

အခန်းပေါင်း (၃၇၁) ခန်း ရှိတဲ့အနက် အခန်းတိုင်းကို ဟာဝိုင်ယီစတိုင်လ် ဆောက်လုပ်ထားပြီး ငှက်ပျောရွက်ပုံစံ နံရံကပ်စက္ကူတွေ၊ ငှက်ပျောရနံ့ရမယ့် ခေါင်းအုံးတွေအပြင် သစ်သားနံ့လေး တသင်းသင်းကိုလည်း ရရှိစေမှာပါ။ ပင်လယ်ထဲ ရေဆင်းကူးတာတို့၊ လှိုင်းစီးတာတို့ လုပ်လို့ရသလို ဟိုတယ်ရဲ့ ကျယ်ပျောတဲ့ ရေကူးကန်ထဲမှာ ဇိမ်ရှိရှိ နှပ်နေလို့လည်း ရပါသေးတယ်။

Source: CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က