ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum) ဟာ ကမ္ဘာလှည့်ခရီးသွားလာရေး ကဏ္ဍမှာ ကမ္ဘာတဝှမ်းလုံးက နိုင်ငံပေါင်း (၁၃၆) နိုင်ငံကို နှိုင်းယှဉ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အန္တရာယ်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum) ဟာ ကမ္ဘာလှည့်ခရီးသွားလာရေး ကဏ္ဍမှာ ကမ္ဘာတဝှမ်းလုံးက နိုင်ငံပေါင်း (၁၃၆) နိုင်ငံကို နှိုင်းယှဉ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အန္တရာယ်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေပါဝင်သလို နိုင်ငံရေးအယူဝါဒ ကွဲပြားမှုတွေကြောင့် သူပုန်ထနေတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အဲဒီ နိုင်ငံတွေကတော့...

၁၀။ ယူကရိန်း

ယူကရိန်းစစ်တပ်နဲ့ ရုရှကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးသမားတွေ စစ်ဖြစ်နေတဲ့ နေရာဟာ ခရီးသွားလို့ကောင်းတဲ့ နေရာတစ်ခု မဖြစ်နိုင်တာကတော့ အသေအချာပါပဲ။ အခုဆိုရင် ယူကရိန်းနိုင်ငံ၊ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ Donetsk oblast, Luhansk oblast နဲ့ Crimea ဒေသတွေမှာ ခွဲထွက်ရေးသူပုန်တွေနဲ့ အစိုးရစစ်တပ်တွေ စစ်ဖြစ်ပွားနေတာပါ။ ဒေသခံတွေ စစ်ပွဲကြားမှာ ဓားစာခံဖြစ်နေရတဲ့အတွက် ခရီးသွားရတာ လုံခြုံမှာမဟုတ်ပါဘူး။

၉။ ဟွန်ဒူးရပ်စ်

ဟွန်းဒူးရပ်စ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ လူသတ်မှုဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ Gracias a Dios မှာဆိုရင် ရာဇဝတ်မှုနဲ့ မူးယစ်ဆေးမှောင်ခိုသွင်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲနဲ့စစ်တပ်ရဲ့ ဝင်ရောက်ထိန်းသိမ်းမှုကတော့ အလွန်နည်းပါးပါတယ်။ Tegucigalpa, San Pedro Sula နဲ့ La Ceiba ဒေသတို့ဟာလည်း ရာဇဝတ်မှု အမြင့်မားဆုံးထဲမှာ ပါဝင်ပါတယ်။

၈။ ကင်ညာ

ကင်ညာနိုင်ငံ၊ နိုင်ယာဝါရီမြို့ အပြင်ဘက်မှာ အကြမ်းဖက်မှုများစွာ ဖြစ်ပွားနေဆဲဖြစ်သလို အကြမ်းဖက်ဝါဒက မြို့တွင်းမှာပါ အမြစ်တွယ်နေပါပြီ။ ဗုံးခွဲမှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှုတွေ၊ ဓားထိုးမှုတွေက မြို့ရဲ့နေရာအနှံ့အပြားမှာ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

၇။ အီဂျစ်

al-warraq-nile.jpg 

Isis နဲ့ အစွန်းရောက်သမားတွေဟာ အီဂျစ်နိုင်ငံ နေရာအနှံ့အပြားမှာ ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေပါတယ်။ အဲဒီထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတတ်တဲ့ နေရာတွေလည်း ပါပါတယ်။ အကြမ်းဖက်သမားတွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတွေကို တိုက်ခိုက်ရာမှာ နာမည်ကြီးပါတယ်။

၆။ ဗင်နီဇွဲလား

guatemala-earthquake.jpg 

ဗင်နီဇွဲလားနိုင်ငံမှာတော့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေသန့်၊ အစားအစာ၊ ဆေးဝါးနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ကြုံနေရပြီး ရာဇဝတ်မှုနဲ့ လုယက်မှုတွေဆီ ဦးတည်နေပါတယ်။ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုနှုန်း အမြင့်မားဆုံးထဲမှာလည်း ပါဝင်ပါတယ်။ လက်နက်ကိုင်ဓားပြမှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ကားခိုးမှုတွေဟာ နိုင်ငံနေရာအနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနကဆိုရင် ဗင်နီဇွဲလားနိုင်ငံကို ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

၅။ နိုင်ဂျီးရီးယား

Boko Haram နဲ့ Isis West Africa ဆိုတဲ့ အစွန်းရောက်အုပ်စုနှစ်ခုဟာ နိုင်ဂျီးရီးယားနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု အများစုအတွက် တာဝန်ရှိပါတယ်။ သူတို့ဟာ ချာ့ချ်ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ အပန်းဖြေစခန်းတွေလိုမျိုး လူသူထူထပ်တဲ့နေရာတွေကို ပစ်မှတ်ထားကြပါတယ်။

၄။ ပါကစ္စတန်

ပါကစ္စတန်နိုင်ငံမှာတော့ ဘာသာရေးပဋိပက္ခတွေက နှစ်စဉ်ဖြစ်ပွားနေပါတယ်။ နိုင်ငံတွင်းမှာလည်း တချို့ဘာသာရေး အဖွဲ့အစည်းတွေကို ဦးတည်တိုက်ခိုက်မှုတွေက တောက်လျှောက်ဖြစ်ပွား နေပါတယ်။ ပါကစ္စတန်အစိုးရဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်ထားပြီး နိုင်ငံတွင်းက နေရာတော်တော်များများမှာ နိုင်ငံခြားသားတွေကို သွားလာခွင့်ပိတ်ပင်ထားပါတယ်။

၃။ အယ်လ်ဆာဗေဒို

ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အပြင် အယ်လ်ဆာဗေဒိုနိုင်ငံဟာ လူဆိုးဂိုဏ်းအများအပြား ရှိခြင်းကြောင့် ထင်ရှားပါတယ်။ လူဆိုးဂိုဏ်းတွေ အုပ်စုဖွဲ့အကြမ်းဖက်ခြင်းဟာ အချိန်မရွေး၊ နေရာမရွေးဖြစ်ပွားနိုင်သလို လက်နက်မှောင်ခိုမှုတွေ၊ မူးယစ်ဆေးမှောင်ခိုမှုတွေလည်း ခနခနဖြစ်ပွားပါတယ်။

၂။ ယီမင်

ယီမင်နိုင်ငံရဲ့မြို့တော် Sanaa မှာ အခြေစိုက်တဲ့သူပုန်တွေဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲမှုတွေ ပြုလုပ်နေကြပါတယ်။ အထူးသဖြင့် အယ်လ်ကိုင်ဒါလိုမျိုး အကြမ်းဖက်အဖွဲ့တွေဟာ နိုင်ငံတွင်းမှာ လှုပ်ရှားနေပါတယ်။ မြေမြှုပ်မိုင်းဗုံးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားတတ်တာမို့ ယီမင်နိုင်ငံသားတွေဟာ အစားအသောက်၊ ရေနဲ့ ဆေးဝါးတွေလိုမျိုး အခြေခံလိုအပ်ချက်တွေ လျော့နည်းနေရပါတယ်။

၁။ ကိုလံဘီယာ

euthanasia-colombia.jpg 

ကိုလံဘီယာနိုင်ငံဟာ အရင်ကလောက် အန္တရာယ်မများတော့ဘူးဆိုပေမယ့် (မနှစ်တုန်းကဆိုရင် Medellin မြို့ဟာ တောင်အမေရိကတိုက်မှာ ခရီးသွားလို့အကောင်းဆုံး နေရာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။) နိုင်ငံခြားသား ခရီးသွားတွေအတွက် ဒီဒေသဟာ အန္တရာယ်များစွာကို ပေးနေနိုင်တုန်းပါပဲ။ BACRIM လိုမျိုး လက်နက်ကိုင်သူပုန်တွေဟာ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးမှောင်ခိုမှု၊ ဓားပြမှုတွေအတွက် တာဝန်ရှိပါတယ်။

Source: Independent UK

Share

Loading Next Article...
က္က