" ကမ္ဘာ့အကြီးဆုံး ပန်းအလှဆင်မှု" အဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တယ်။

ဒူဘိုင်းက Dubai Miracle Garden ဟာ အရှေ့အလယ်ပိုင်းဒေသ မြို့တစ်မြို့ရဲ့ ထူးခြားအံ့သြစရာ ပန်းဥယျာဉ်တစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အပူပိုင်း သဲကန္တာရထဲမှာ ဆောက်ထားတဲ့ ပန်းဥယျာဉ်က မွေးပျံ့လှပတဲ့ ပန်းတွေ အများကြီး စိုက်ပျိုးပေါက်ရောက်နေလို့ပါပဲ။ ကမ္ဘာ့အကြီးဆုံး သဘာဝပန်းဥယျာဉ်လည်း ဖြစ်ပါတယ်။

 

အကျယ်အားဖြင့် ကုဗမီတာပေါင်း ၇၂၀၀၀ ကျယ်ဝန်းတဲ့ ပန်းဥယျာဉ်ကြီးထဲမှာ ပန်းပွင့်ပေါင်း သန်း ၆၀ ကျော် ပြသထားပါတယ်။ Arabian Ranches အနီးနားမှာရှိတဲ့ ဒီပန်းဥယျာဉ်ကြီးကို ၂၀၁၃ ခုနှစ် ချစ်သူများနေ့မှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရတယ်။ နှစ်စဉ် လာရောက်သူပေါင်း ၁.၅ သန်းလောက် ရှိပါတယ်။

 

ရာသီအလိုက် ပန်းတွေကို ပုံစံပြောင်းလဲ ဖွဲ့စည်းခင်းကျင့်လေ့ရှိတယ်။ ဒါကြောင့်မို့လို့ မနှစ်ကရောက်ဖူးသူဟာ နောက်နှစ်ထပ်သွားရင် ပုံစံသစ်တစ်မျိုးနဲ့ ပန်းတွေကို တွေ့မြင်ရမှာဆိုတော့ ရိုးမသွားဘူး။ ဒါဟာ လည်ပတ်သူတွေကို အဓိကဆွဲဆောင်နိုင်တဲ့ အချက်လို့ ပြောရမယ်။

 

အထူးခင်းကျင်းပြသထားတဲ့ထဲမှာ Emirates Airbus A380 လေယာဉ်ရဲ့ အရွယ်အစားတူ ပုံစံတူ ပြုလုပ်ထားတာကြီးလည်း ရှိသေးတယ်။ ၂၁၀၆ ခုနှစ်မှာတော့ အဲ့ဒီခင်းကျင်းမှုဟာ " ကမ္ဘာ့အကြီးဆုံး ပန်းအလှဆင်မှု" အဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တယ်။ လူတွေဟာ ဈေးဝယ်စင်တာတွေနဲ့ အလုံပိတ်နေရာတွေကို လည်ပတ်သွားလာနေရတာ စိတ်ကုန်နေကြပြီဖြစ်လို့ ဒီပန်းဥယျာဉ်ကို လာရောက်ကြတာဖြစ်တယ်လို့ The Dubai Miracle Garden ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပန်းမျိုးစိတ်ပေါင်း ၆၀ ကျော် ခင်းကျင်းပြသထားပြီး ရာသီဥတုအလွန်ပူပြင်းတဲ့ ဇွန်လမှ စက်တင်ဘာလအတွင်းကိုတော့ ပန်းဥယျာဉ်ကို ပိတ်ထားလေ့ရှိပါတယ်။

Source : CNN

Share

Loading Next Article...
က္က