ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံး သူတွေမှ သွားနိုင်မဲ့ဒေသလေးတွေလည်း ရှိပါသေးတယ်။

အားလပ်ရက်မှာ အိမ်မှာနေမဲ့သူထက် ခရီးသွားကြမဲ့သူက ပိုများမှာပါ။ ခရီးမသွားခင် ခရီးလမ်းကြောင်းကို သေချာရွေးချယ်ကြသလို သွားမဲ့နေရာကိုလည်း သေချာရွေးချယ်ကြတာ များပါတယ်။ လူတိုင်းလူတိုင်းက မိမိရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး မိမိနှစ်သက်ရာ ဒေသတွေကို ခရီးသွားကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံး သူတွေမှ သွားနိုင်မဲ့ဒေသလေးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့...

၁။ အရိုးဝတ်ပြုဆုတောင်းဆောင်

18206560-800px-vora_-_Capela_dos_Ossos-1512988879-650-2c6db6678a-1514191630.jpg 

ပေါ်တူဂီနိုင်ငံ၊ အီဗိုရာမြို့မှာ တည်ရှိတဲ့ အရိုးဝတ်ပြုဆုတောင်းဆောင်ကတော့ မြို့ရဲ့အထင်ရှားဆုံး အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ ဒ့ါအပြင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းဆောင်ကို အရိုးဝတ်ပြုဆုတောင်းဆောင်လို့ ခေါ်တွင်ရတာက အတွင်းပိုင်းအပြင်အဆင်ကို လူရိုးတွေ၊ ဦးခေါင်းခွံတွေနဲ့ တန်ဆာဆင်ထား၊ အလှဆင်ထားလို့ပါပဲ။

ဒီဝတ်ပြုဆုတောင်းဆောင်ကို ၁၆ ရာစုနှစ်တုန်းက ဘုန်းတော်ကြီးတစ်ပါးက ဆောက်လုပ်ခဲ့တာပါ။ အဝင်ဝမှာတော့ "ငါတို့ရဲ့အရိုးတွေတော့ ဒီမှာရှိတယ်။ မင်းရဲ့အရိုးတွေကို ငါတို့စောင့်နေတယ်" ဆိုပြီး ဆိုင်းဘုတ်ရေးထိုးထားပါတယ်။

၂။ ဟွိုင်ရာတောအုပ် (Hoia Forest)

18206460-Hoia_toamna-Hoia_Forest_autumn_2012_-_panoramio-1512988918-650-4087e6881b-1514191630.jpg 

ဟွိုင်ရာတောအုပ်ကတော့ ထရန်ဆေးလ်ဗေးနီးယားမှာ တည်ရှိပြီး စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေ ဖြစ်ပွားမှုကြောင့် နာမည်ကျော်ကြားပါတယ်။ ဒဏ္ဍာရီတွေအရဆိုရင် ဒီတောအုပ်ရဲ့နာမည်က သိုးအုပ်ကြီးနဲ့အတူ မြူတွေထူထပ်လာချိန်မှာ ပျောက်ကွယ်သွားတဲ့ သိုးကျောင်းသားတစ်ယောက်ကို အစွဲပြုမှည့်ခေါ်ထားတာပါတဲ့။

သုတေသီတွေရဲ့ အဆိုအရဆိုရင် တောအုပ်ထဲကိုဝင်လိုက်တိုင်း ထူးဆန်းတဲ့အသံတွေကို ကြားရပြီး ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရပါတယ်တဲ့။ တချို့တွေကတော့ ပန်းကန်ပြားပျံတွေကို တွေ့ရတယ်လို့ ဆိုကြသလို တချို့ကတော့ သရဲတစ္ဆေတွေကို မြင်ရတယ်လို့ ဆိုကြပါတယ်။

၃။ လက်ဝါးကပ်တိုင်တောင်ကုန်း

18206310-800px-Kryi_kalnas11-1513065579-650-4db1defc34-1514191630.jpg 

လက်ဝါးကပ်တိုင်တောင်ကုန်းကတော့ လစ်သျူရန်းနီးယားနိုင်ငံမှာ တည်ရှိတဲ့ မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ တောင်ကုန်းပေါ်မှာ လက်ဝါးကပ်တိုင်တွေ အများကြီးရှိပြီး အတိအကျဘယ်သူမှ မရေတွက်နိုင်ပါဘူး။ ၁၉၉၀ ပြည့်နှစ်တုန်းက တွက်ချက်မှုတွေအရတော့ ငါးသောင်းဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေရာက သင်္ချ ိုင်းကုန်းတစ်ခုမဟုတ်ပေမဲ့ ကံကောင်းစေနိုင်တယ်လို့ ယုံကြည့်တဲ့အတွက် လူတွေထားထားသွားလို့ လက်ဝါးကပ်တိုင်တွေ တစ်နေ့တခြား ပိုပိုများလာတာပါ။

၄။ El Caminito del Rey လျှောက်လမ်း

18206210-Caminito_del_Rey_1-1512989076-650-1052baf1f9-1514191630.jpg 

စပိန်လို El Caminito del Rey လို့ခေါ်တဲ့ ဘုရင်ကြီးရဲ့လျှောက်လမ်းလေးဆိုတာကတော့ ကျောက်ဆောင်ပေါ်မှာ သံလက်ရန်းတွေခံထားတဲ့ ကွန်ကရစ်လျှောက်လမ်းပဲ ဖြစ်ပါတယ်။ ဒီလျှောက်လမ်းက စပိန်နိုင်ငံ Chorro နဲ့ Malaga ပြည်နယ်က Gaitanejo ရေတံခွန်တို့ကြားမှာ တည်ရှိပါတယ်။ လျှောက်လမ်းက အရမ်းမတ်စောက်ပြီး အရှည် (၁.၈) မိုင်နဲ့ အကျယ် (၃.၂) ပေ ကျယ်ဝန်းပါတယ်။

ဒီလျှောက်လမ်းကို ၁၉၀၅ ခုနှစ်တုန်းက ဆည်ကိုတည်ဆောက်တဲ့ အလုပ်သမားတွေအတွက် တည်ဆောက်ပေးခဲ့တာပါ။ ဒီလျှောက်လမ်းကို တောင်ကြားတစ်ခုကနေ နောက်တောင်ကြားတစ်ခုကို ကူးဖို့အတွက် ရည်ရွယ်ဆောက်လုပ်ထားတာပါ။

၅။ လေထဲမှာချိတ်ဆွဲထားတဲ့  ခေါင်းတလားများ

18206160-800px-Hanging_Coffins_of_Sagada_Mountain_Province-1512989178-650-918e39f145-1514191630.jpg 

Sagada ဒေသက အရင်တုန်းက ပင်လယ်နဲ့ထိစပ်နေတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက်တော့ စိတ်ဝင်စားစရာ လှိုဏ်ဂူတွေလည်း အများကြီးရှိပါတယ်။ ဒါတင်မကသေးပါဘူး။ လေထဲမှာချိတ်ဆွဲထားတဲ့ ခေါင်းတလားများဆိုတဲ့ နေရာကလည်း သင့်ကို စိတ်ဝင်စားစေမှာပါ။

ဖိလစ်ပိုင်လူမျိုးတွေ အတွက်တော့ လေထဲမှာချိတ်ဆွဲထားတဲ့ ခေါင်းတလားထဲမှာ မြှုပ်နှံထားတဲ့ ရှေးအယူအဆတစ်ခုပါ။ လူသေတွေကို မြှုပ်နှံပြီးရင် ခေါင်းတလားတွေကို ကျောက်ဆောင်နံရံတွေပေါ်မှာ ဒါမှမဟုတ် လှိုဏ်ဂူထိပ်ဖျားတွေမှာ ခဲရာခဲဆစ် သွားထားကြပါတယ်။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်ယုံကြည်မှုအရ တောင်တွေဆိုတာ ကောင်းကင်ဘုံနဲ့ ကမ္ဘာကြားက လှေကားထစ်တွေ ဖြစ်လို့ပါပဲတဲ့။

ဆက်လက်ဖော်ပြပါမည်။

Source: Brightside

Share

Loading Next Article...
က္က