သူငယ်ချင်းတို့ရော သွားရဲကြလား။

အားလပ်ရက်မှာ အိမ်မှာနေမဲ့သူထက် ခရီးသွားကြမဲ့သူက ပိုများမှာပါ။ ခရီးမသွားခင် ခရီးလမ်းကြောင်းကို သေချာရွေးချယ် ကြသလို သွားမဲ့နေရာကိုလည်း သေချာရွေးချယ်ကြတာ များပါတယ်။ လူတိုင်းလူတိုင်းက မိမိရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး မိမိနှစ်သက်ရာ ဒေသတွေကို ခရီးသွားကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံးသူတွေမှ သွားနိုင်မဲ့ ဒေသလေးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့...

၆။ စပိန်ရိုးရာ နွားရိုင်းလွှတ်ပွဲ

18206060-Bull_Run_Clemson-1512989102-650-c5a580b3f4-1514191630.jpg 

Encierro ဆိုတာ စပိန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ပြေးလမ်းတလျှောက်မှာ ဒီတိုင်းလွှတ်လိုက်တဲ့ နွားရိုင်းတွေလိုက်လို့ ထွက်ပြေးရတဲ့ပွဲလေးပါ။ ဒီရိုးရာလေးကို စပိန်ကျေးရွာတွေမှာ အခုချိန်ထိ လက်ခံကျင်းပနေဆဲပါပဲ။ နာမည်အကြီးဆုံးကတော့ Pamplona ဒေသမှာ San Fermin ပွဲတော်ကာလအတွင်း ကျင်းပတဲ့ နွားရိုင်းလွှတ်ပွဲပါပဲ။ ပြေးလမ်းက (ဝ.၆) မိုင်ခန့် ရှည်လျားပြီး ကမ္ဘာလှည့်ခရီးသည်တွေတောင် ဝင်ပြေးရဲတဲ့သတ္တိ ရှိမယ်ဆိုရင် ပါဝင်ဆင်နွှဲလို့ရပါတယ်။

နွားရိုင်းလွှတ်ပွဲကို မီးရှူးမီးပန်းဖောက်တာနဲ့စတတ်ပြီး နွားရိုင်းတွေလွတ်လာချိန်မှာ ပါဝင်ဆင်နွှဲသူတွေဟာ နွားရိုင်းတွေနဲ့ ဝေးရာကို ထွက်ပြေးရပါတယ်။ ပြေးလမ်းဆုံးအောင် မဖြစ်မနေပြေးရမယ်ဆိုတဲ့ စည်းမျဉ်းတော့မရှိပါဘူး။ ကိုယ့်အတွက် အန္တရာယ်များတယ်ထင်ရင်၊ မပြေးရဲတော့ဘူးဆိုရင် တစ်နေရာမှာ ဝင်ပုန်းနေလို့ရပါတယ်။

၇။ ကာပူချင်ဂူသင်္ချ ိုင်း

18205960-1024px-Professionalists_Corridor-1513065518-650-fc4c0988dd-1514191630.jpg 

အီတလီနိုင်ငံ၊ ပလာမိုဒေသမှာ လူပေါင်း (၈၀၀၀) ကျော်ခန့်ကို မြှုပ်နှံထားတဲ့ ဂူသင်္ချ ိုင်းတွေရှိပါတယ်။ ဒီနေရာဟာ အထင်ရှားဆုံး မမ်မီ (ကြပ်စည်းကောင်) တွေရဲ့နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ဒီဂူသင်္ချ ိုင်းကို (၁၆) ရာစု နှောင်းပိုင်းတုန်းက ဆောက်လုပ်ခဲ့ပြီး ကာပူချင်ကျောင်းတော် နောက်လိုက်တွေက ဆောက်လုပ်ခဲ့တာပါ။

(၁၈) ရာစုနဲ့ (၁၉) ရာစုတွေမှာတော့ ဒီနေရာဟာ ကြွယ်ဝချမ်းသာတဲ့ အီတလီမိသားစုဝင်တွေ သေဆုံးရင် မြှုပ်နှံရာဂူသင်္ချ ိုင်းဖြစ်လာပါတယ်။ ဒီနေရာကို ၁၈၈၂ ခုနှစ်မှာ တရားဝင်ပိတ်သိမ်းလိုက်ပြီး အဲဒီအချိန်ကတည်းက ဒီနေရာမှာ လူသေတွေကို ထပ်မံမြှုပ်နှံခြင်း မရှိတော့ပါဘူး။

၈။ ဆော်လမွန်ကျွန်းက သင်္ဘောပျက်

18205810-wd-171-1514018776-650-53c70b9564-1514191630.jpg 

ဒီနေရာက ပင်လယ်ကူးသင်္ဘောတွေအတွက်တော့ ရေပုံပေါ်မှာ ထပ်မဆွဲထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေရာတဝိုက်က ရေပြင်မှာ ရေအောက်သန္တာကျောက်ဆောင်တွေ အများကြီးရှိလို့ပါပဲ။ ၂၀၀၀ ပြည့်နှစ်တုန်းက လစ်ဗျားအပျော်စီး သင်္ဘောတစ်စီးဖြစ်တဲ့ World Discoverer ဟာ ပစိဖိတ်သမုဒ္ဒရာထဲက ဆော်လမွန်ကျွန်းစုနားမှာ သန္တာကျောက်တန်းတစ်ခုနဲ့ ထိမိပြီး သောင်တင်သွားခဲ့ပါတယ်။

ခရီးသည်တွေ ထိခိုက်ဒဏ်ရာမရခဲ့ပေမယ့် သင်္ဘောကို ပြန်ဆယ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအချိန်ကစပြီး သင်္ဘောပျက်ကြီးဟာ ငါးနဲ့ တခြားပင်လယ် သတ္တဝါတွေအတွက် နေစရာအိမ်တစ်လုံး ဖြစ်သွားပါတော့တယ်။

၉။ ကားသင်္ချ ိုင်း

14622742286_453eea87a9_z.jpg 

ပုံကိုရုတ်တရက် ကြည့်လိုက်မယ်ဆိုရင်တော့ ဇွန်ဘီဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းလိုလို ဘာလိုလိုပါပဲ။ တကယ်တမ်း ကျတော့ ဒီနေရာဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ တကယ်ရှိတဲ့ နေရာတစ်ခုပါ။ မြို့ပြဒဏ္ဍာရီတွေအရတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့ အမေရိကန်စစ်သားတွေဟာ သူတို့ရဲ့ကားတွေကို ဒီတောအုပ်ထဲမှာ စွန့်ပစ်ထားခဲ့ကြပါတယ်တဲ့။ နှစ်ပေါင်းများစွာ ကြာလာတော့ တောရိုင်းကြီးက ကားတွေကိုလွှမ်းမိုးသွားပြီး အခုမြင်နေရတဲ့ ကားသင်္ချ ိုင်းကြီး ဖြစ်သွားတော့တာပါပဲ။

Source: Brightside

Share

Loading Next Article...
က္က