ကျန်းမာရေးအခြေအနေ ပုံမှန်ရှိတဲ့ အရွယ်ရောက်ပုဂ္ဂိုလ်တစ်ယောက်ဟာ ညစဉ်ညတိုင်း (၇) နာရီကနေ (၉) နာရီကြား အိပ်ပေးသင့်တယ်ဆိုတာ လူတိုင်းသိထားပြီးသား အချက်တစ်ချက်ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေ ပုံမှန်ရှိတဲ့ အရွယ်ရောက်ပုဂ္ဂိုလ်တစ်ယောက်ဟာ ညစဉ်ညတိုင်း (၇) နာရီကနေ (၉) နာရီကြား အိပ်ပေးသင့်တယ်ဆိုတာ လူတိုင်းသိထားပြီးသား အချက်တစ်ချက်ဖြစ်ပါတယ်။ နောက်ပြီးတော့ အိပ်စက်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်နဲ့ခန္ဓာကျန်းမာရေး၊ အလုပ်လုပ်နိုင်စွမ်း၊ စိတ်ခံစားချက်တို့အတွက် ဘယ်လောက်အရေးကြီးလဲ ဆိုတဲ့အချက်တွေကို ထောက်ချင့်မယ်ဆိုရင် လူတိုင်း လူတိုင်းက ဒီအကြံဉာဏ်ကို လိုက်နာကြလိမ့်မယ်လို့ ထင်စရာပါပဲ။

 

ဒါပေမဲ့ လူတိုင်းလူတိုင်း အိပ်စက်ခြင်းစည်းမျဉ်းကို မလိုက်နာကြသလို အိပ်စက်ခြင်းဟာ နေထိုင်ရာဒေသပေါ်လည်း မူတည်နေတာကို တွေ့ရှိရပါတယ်။

Amerisleep အဖွဲ့က သုတေသနတစ်ခုအရဆိုရင် မြို့ကြီးပြကြီးတွေမှာ နေထိုင်သူတွေဟာ ဉာဉ့်နက်မှ အိပ်စက်တတ်ကြပြီး အကြံပြုထားတဲ့ အိပ်စက်ချိန်ကိုလည်း အတိအကျ မလိုက်နာကြပါဘူးတဲ့။ သုတေသီတွေဟာ အမေရိကန်နိုင်ငံသား (၁၃၀၀) ကို ဆာဗေးဆင်းပြီး သူတို့ရဲ့အိပ်စက်မှုပုံစံတွေကို လေ့လာခဲ့ပါတယ်။ ရလာတဲ့ဒေတာတွေကိုလည်း မှတ်တမ်းတင်ထားခဲ့ကြပါတယ်။

 

သူတို့ရဲ့သုတေသန ဒေတာတွေအရတော့ ကော်လိုရာဒိုပြည်နယ်၊ ဖို့ထ်ကောလင်းစ်မြို့က မြို့သားတွေဟာ တစ်ညမှာ အိပ်စက်ချိန် (၇) နာရီကနေ (၉) နာရီကြား ရကြတယ်လို့ သိရပါတယ်။ အချက်အလက်တွေအရတော့ မြို့သူမြို့သား (၂၅) ရာခိုင်နှုန်းဟာ အိပ်စက်ချိန် (၇) နာရီအောက် လျော့နည်းကြပါတယ်။ ကော်လိုရာဒိုပြည်နယ်၊ လပ်ဗ်လန်းနဲ့ ဘိုလ်ဒါမြို့က လူတွေဟာလည်း ကံကောင်းကြပါတယ်။ သူတို့ရဲ့ဇာတိမြို့တွေဟာ နိုင်ငံထဲမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်လာရင် ဒုတိယနဲ့ တတိယအကောင်းဆုံး မြို့တွေ ဖြစ်ကြပါတယ်။

 

တခြားတစ်ဖက်မှာတော့ အင်ဒီယားနားပြည်နယ်၊ ဂယ်ရီမြို့က မြို့သားတွေကတော့ နိုင်ငံတွင်းမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်လာရင် အဆိုးဆုံးမြို့လို့ သတ်မှတ်ထားခြင်း ခံရပါတယ်။ မြို့မှာနေထိုင်သူ (၅၂) ရာခိုင်နှုန်းဟာ အိပ်စက်ခြင်းနဲ့ ပတ်သက်ရင် သတ်မှတ်ထားတဲ့ အိပ်ချိန်အောက် လျော့နည်းတတ်ကြပြီး အိပ်စက်ခြင်းနဲ့ ဆက်နွယ်တဲ့ ရောဂါဝေဒနာ တွေကိုလည်း ခံစားကြရပါတယ်။

မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မှာ နေထိုင်သူဦးရေ တစ်ဝက်လောက်နဲ့ နယူးဂျာစီပြည်နယ်၊ ကမ်ဒန်မြို့က တစ်ညမှာအိပ်ချိန် (၇) နာရီအောက် လျော့နည်းကြပါလို့ အဆိုရှိပါတယ်။

ကဲ သင်ရော တစ်ညမှာ ဘယ်နနာရီပြည့်အောင် အိပ်စက်တတ်ပါသလဲ။ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ရောဂါတွေကို ရှောင်ရှားဖို့ တစ်ညအတွက် သတ်မှတ်ထားတဲ့ အိပ်ချိန်ပြည့်အောင် အိပ်စက်သင့်ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က