ရှင်တိုဘာသာ၊ ဇင်ဗုဒ္ဓဘာသာနဲ့ ဆာမူရိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးတဲ့ ဂျပန်ယဉ်ကျေးမှုမှာ ကျုံးပေါင်းများစွာ ဝန်းရံထားတဲ့ ရဲတိုက်ကြီးတွေ အများကြီးရှိပါတယ်။

ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ပြီး စစ်လျော်ကြေးများစွာ ပေးဆောင်ခဲ့ရပေမဲ့ အချိန်တိုအတွင်း အာရှကျားနဲ့ ကမ္ဘာ့ကျားတစ်ကောင်အဖြစ် တက်လှမ်းနိုင်ခဲ့တဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းဟာလည်း ထင်ရှားပါတယ်။ ရှင်တိုဘာသာ၊ ဇင်ဗုဒ္ဓဘာသာနဲ့ ဆာမူရိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးတဲ့ ဂျပန်ယဉ်ကျေးမှုမှာ ကျုံးပေါင်းများစွာ ဝန်းရံထားတဲ့ ရဲတိုက်ကြီးတွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့



၁။ Himeji ရဲတိုက်

214825444_dbd44bfa02_b.jpg 

တောင်ကုန်းထိပ်မှာ တည်ဆောက်ထားတဲ့ Himeji ရဲတိုက်ဟာ Hyōgo စီရင်စုမှာ တည်ရှိပြီး အဆောက်အဦး (၈၃) ခုနဲ့ ဖွဲ့စည်းဝန်းရံထားပါတယ်။ Himeji ရဲတိုက်ဟာ ဂျပန်ရိုးရာရဲတိုက် ယဉ်ကျေးမှုထဲမှာ အသစ်လွင်ဆုံးဥပမာဖြစ်တယ်လို့လည်း ပြောထုံးရှိကြပါတယ်။ အပြင်ကို မျက်စိစူးနေတဲ့ အဖြူရောင်သုတ်ထားပြီး ရဲတိုက်တည်ဆောက်ပုံက သိန်းငှက်တစ်ကောင် ပျံတက်တော့မလိုပါပဲလို့လည်း အဆိုရှိကြပါတယ်။ ဒီရဲတိုက်ကို ၁၃၃၃ ခုနှစ်တုန်းက ဆာမူရိုင်းစစ်သည်တော် Akamatsu Norimura က ခံတပ်တစ်ခုအဖြစ် ဆောက်လုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ပတ်ဝန်းကျင်က အဆောက်အဦးတွေ ဗုံးဒဏ်ကြောင့် ပျက်ဆီးခဲ့ပေမယ့် ဒီရဲတိုက်ကတော့ အံ့သြဖို့ကောင်းလောက်အောင်ပဲ ပျက်ဆီးမှုမရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။ Himeji ရဲတိုက်ဟာ UNESCO စာရင်းဝင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။

၂။ Matsumoto ရဲတိုက်

1024px-Matsumoto_castle.jpg 

Matsumoto ရဲတိုက်ဟာ ဂျပန်နိုင်ငံရဲ့ အဓိကအကျဆုံး သမိုင်းဝင်ရဲတိုက်တွေထဲက တစ်ခုပါပဲ။ ဂျပန်လူမျိုးတွေက Matsumoto ရဲတိုက်ကို ဂျပန်ရဲ့ နိုင်ငံတော်ရတနာတစ်မျိုးအဖြစ် ယူဆသတ်မှတ်ကြပါတယ်။ အနက်ရောင်ဆေးသုတ်ထားတာကြောင့် ဒီရဲတိုက်ကို ကျီးကန်းရဲတိုက်လို့လည်း လူသိများပါတယ်။ Matsumoto ရဲတိုက်ဟာ Nagano စီရင်စုမှာ တည်ရှိပြီး ၁၆ ရာစုနှောင်းပိုင်းမှာ ဆောက်လုပ်ခဲ့တာပါ။ ရဲတိုက်ဘေးမှာ ကျုံးတွေ၊ နံရံကြီးတွေနဲ့ ဂိတ်မျှော်စင်ကြီးတွေလည်း ပါရှိပါသေးတယ်။ ၁၈၀၀ နှောင်းပိုင်းမှာတော့ ပြန်လည်ဖွံ့ဖြိုးရေးအတွက် ရဲတိုက်ကို လေလံတင်ရောင်းချခဲ့ပါတယ်။

၃။ Nagoya ရဲတိုက်

1024px-Nagoya_CastleEdit2.jpg 

Nagoya ရဲတိုက်ကတော့ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာတည်ရှိပါတယ်။ Edo ခေတ်မှာတုန်းကတော့ Nagoya ရဲတိုက်ဟာ အဲဒီနားတဝိုက်မှာ အထင်ရှားဆုံး အဆောက်အဦးတစ်ခုအဖြစ် ထင်ရှားပါတယ်။ လက်ရှိကျွန်တော်တို့ မြင်နေရတဲ့ ရဲတိုက်ကို ၁၇ ရာစုအစောပိုင်းမှာ ဆောက်လုပ်ခဲ့ပြီး မူလပထမရဲတိုက်ကိုတော့ ၁၅၂၀ ပြည့်နှစ်တွေမှာ စစ်အာဏာရှင် Imagawa Ujichika က သူ့သားအတွက် ဆောက်လုပ်ပေးခဲ့တာပါ။ ရဲတိုက်ပြီးပြီးချင်းမှာပဲ စစ်ဘုရင်တစ်ယောက်က ရဲတိုက်ကို တိုက်ခိုက်သိမ်းပိုက်ပြီး Nagoya ရဲတိုက်လို့ အမည်ပြောင်းလဲလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်တွင်းတုန်းက ဒီရဲတိုက်ကို စစ်ဋ္ဌာနချုပ်တစ်ခုအဖြစ် အသုံးပြုခဲ့ကြပြီး အမေရိကန်လေတပ်တွေရဲ့ တိုက်ခိုက်မှုကိုတောင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပါတယ်။

၄။ Osaka ရဲတိုက်

10105700265_ee5aa74cba_k.jpg 

Osaka ရဲတိုက်ကတော့ ဂျပန်နိုင်ငံမှာ အထင်ရှားဆုံး အထင်ကရနေရာ တစ်ခုပါပဲ။ ဂျပန်ရိုးရာ ရဲတိုက်တွေလိုပဲ Osaka ရဲတိုက်ကို လူလုပ်ကျောက်တုံးနံရံတစ်ခုပေါ်မှာ ဆောက်လုပ်ထားပါတယ်။ ရှစ်ထပ်ရဲတိုက်ကြီးဖြစ်ပြီး ကျုံးတစ်ခုနဲ့ ဝန်းရံထားပါတယ်။ ၁၆၀၀ ပြည့်နှစ် နှောင်းပိုင်းတုန်းကတော့ မိုးကြိုးပစ်ခံရပြီး ရဲတိုက်မှာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပါသေးတယ်။ ၁၉ ရာစုနှောင်းပိုင်းမှာတော့ ရဲတိုက်ကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး လေ့လာသူတွေကိုလည်း ဝင်ခွင့်ပြုခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: theculturetrip


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က