အပြင်ထွက်လိုက်တာနဲ့ မျက်တောင်တွေပါ အေးခဲသွားရော.......

ကမ္ဘာ့အအေးဆုံးရွာလေးဟာ ဇန်နဝါရီလမှာ အပူချိန် အနုတ် ၅၀ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိလာပါတယ်။ အေးလွန်းလို့ မျက်တောင်တွေမှာပါ နှင်းတွေအေးခဲ ကပ်နေတဲ့ ဒေသခံတစ်ဦးရဲ့ပုံတွေကလည်း အင်တာနက်မှာ ပျံ့နှံ့လာပါတယ်။ Oymyakon ဆိုတဲ့ ရှရှားရွာလေးဟာ ကမ္ဘာပေါ်မှာ အအေးဆုံးရွာအဖြစ်နဲ့ သတ်မှတ်ခံထားရတာပါ။

ဒီရွာလေးရဲ့ အေးခဲမှုဟာ ဘယ်လောက်တောင်ပြင်းသလဲဆိုရင် လျှပ်စစ်သာမိုမီတာတောင် ပျက်စီးသွားရတဲ့အထိပါပဲ။ အပူချိန်က အနုတ် ၆၂ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပြီး တကယ့်ကို အရိုးကွဲမတတ်အေးခဲ့တဲ့နောက် မှတ်တမ်းဝင်သွားခဲ့တာပါ။ မှတ်တမ်းတင်ခဲ့တာကတော့ ၁၉၃၃ ခုနှစ်မှာ တင်ခဲ့တာပါ။

 

Oymyakon ရွာသားတစ်ဦးကတော့ အပူချိန်ဟာ အနုတ် ၆၇ ဒီဂရီစင်တီဂရိတ်အထိ ရှိကြောင်း မှတ်တင်းယူထားခဲ့ဖူးတယ်။ ဒေသခံ မိုးလေဝသရုံးကတော့ အပူချိန် အနုတ် ၅၉ ဒီဂရီစင်တီဂရိတ်သာ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်ကို အပြည့်အဝ ထုတ်ပြန်ခဲ့တာမဟုတ်ကြောင်း အဆိုပါရွာသားနဲ့ ရွာခံအချို့က ယုံကြည်ကြတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Oymyakon ရွာလေးကို လာရောက်တဲ့ ခရီးသွားတွေ တပ်ထားခဲ့တဲ့ ဒစ်ဂျစ်တယ်သာမိုမီတာကတော့ အပူချိန် အနုတ် ၆၂ ဒဂရီစင်တီဂရိတ်ရောက်နေတယ်လို့ ပြသနေပါတယ်။ The Siberian Times သတင်းမှာတော့ သာမိုမီတာဟာ အေးလွန်းလို့ ပျက်စီးသွားပြီလို့ ဖော်ပြထားတယ်။

 

ဆိုက်ဘေးရီးယန်းရွာလေးရဲ့ သေလုအောင်အေးတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိသူက သိပ်မများပါဘူး။ လူဦးရေ ၅၀၀ ဝန်းကျင်လောက်သာ အခြေချနေထိုင်ကြပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့  Oymyakon ရွာလေးရဲ့ အပူချိန်က အနုတ် ၆၇.၇ ဒီဂရီစင်တီဂရိတ်ကို ရောက်ခဲ့ပြီး အီကွေတာမြောက်ဘက်ခြမ်းရဲ့ အပူချိန်အနိမ့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ တောင်ဝင်ရိုးစွန်းဒေသမှာလည်း အပူချိန်ကျဆင်းသွားတာတွေကို မှတ်တမ်းတင်ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီဒေသတွေရဲ့ အပူချိန်ကျဆင်းမှုက အမြဲတမ်းဖြစ်နေတာတော့ မဟုတ်ဘူး။

 

Oymyakon ရွာသားတွေ နေ့စဉ်ကြုံရတဲ့ ပြဿနာကတော့ မှင်အိုးတွေခဲသွားတာ၊ သောက်မလို့လှမ်းယူနေတုန်းမှာပဲ မျက်နှာကိုမရောက်မီ ဖန်ခွက်က အေးခဲသွားတာတွေနဲ့ ဘက်ထရီတွေ အားကုန်သွားတာတွေပါပဲ။ ကားကို စက်ရပ်လိုက်ရင် ပြန်နှိုးလို့မရတော့မှာကြောက်လို့ တစ်နေကုန် စက်ဖွင့်ထားရတယ်လို့လည်း ပြောကြတယ်။ ငါးတွေရောင်းတဲ့အခါ အေးခဲထားဖို့မလိုဘဲ အလိုလိုခဲနေတာကိုလည်း တွေ့ရပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က