အိန္ဒိယနိုင်ငံဟာ သမိုင်းအမွေအနှစ် ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ အံ့သြဖွယ် ဗိသုကာလက်ရာတွေနဲ့ အဆောက်အဦးတွေ အများကြီးရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ သမိုင်းအမွေအနှစ် ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ အံ့သြဖွယ် ဗိသုကာလက်ရာတွေနဲ့ အဆောက်အဦးတွေ အများကြီးရှိပါတယ်။ ခရစ်တော်မပေါ်ခင်ကတည်းက ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ အိန္ဒိယတိုက်ငယ်မှာ ရှေးဟောင်းနန်းတော်တွေကို ဟိုတယ်အဖြစ် ပြန်လည်မွမ်းမံ တည်ဆောက်ထားတဲ့ ဟိုတယ်တွေလည်း အများကြီးရှိပါသေးတယ်။ အဲဒီဟိုတယ်တွေထဲကမှ အလှပဆုံး နန်းတော်ဟိုတယ်တွေကတော့...



၁။ Taj Lake Palace ဟိုတယ်

171128182530-ultimate-india-hotels-taj-lake-palace2 (1).jpg 

အိန္ဒိယနိုင်ငံ၊ Udaipur ဒေသက Pichola ရေကန် အလယ်ဗဟိုမှာ တည်ရှိတဲ့ Taj Lake Palace ဟိုတယ်ဟာ ကမ္ဘာပေါ်မှာ ရိုမန်းတစ်အဆန်ဆုံး ဟိုတယ်တစ်လုံးအဖြစ် ထင်ရှားပါတယ်။ အဖြူရောင် မာဘယ်လ်ကျောက်သား နန်းဆောင်ဟာ ရေပေါ်မှာ ပေါလောပေါ်နေပုံပေါ်နေပြီး ဘေးနားမှာလည်း Aravalli တောင်ကုန်းတွေနဲ့ ဝန်းရံထားပါတယ်။

Taj Lake Palace ဟိုတယ်မှာ သက်တမ်း (၂၅၀) ကျော်ပြီဖြစ်တဲ့ သမိုင်းကြောင်းကို ထိတွေ့ခံစားရမှာပါ။ ဧည့်သည်တွေဟာ (၁၈) ရာစုနှစ်တည်းက တည်ဆောက်ခဲ့တဲ့ အဆောင်ထဲမှာလည်း တည်းခိုနိုင်ပါသေးတယ်။ အဲဒီအဆောင်ဟာ ၁၇၄၆ ခုနှစ်တုန်းက Maharana Jagat Singh ဆောက်လုပ်ခဲ့တဲ့ ဇိမ်ခံနန်းတော်တစ်လုံး ဖြစ်ပါတယ်။

၂။ Rambagh Palace ဟိုတယ်

TRPJ_Exterior1B_AM_4568-16x7.jpg

Jaipur ရဲ့ မဟာရာဂျာ စော်ဘွားတွေအတွက် ရည်စူးတည်ဆောက်ခဲ့တဲ့ Rambagh Palace ကိုတော့ အဖြူရောင် မာဘယ်လ်ကျောက်တွေ၊ အနီရောင်အုတ်တွေနဲ့ ဆောက်လုပ်ထားပါတယ်။ ၁၈၃၅ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တဲ့ နန်းတော်ဟာ သူ့ရဲ့အံ့ဖွယ် ဗိသုကာလက်ရာတွေအတွက်ကော၊ (၄၇) ဧကကျယ်ဝန်းတဲ့ တော်ဝင်ဥယျာဉ်တွေအတွက်ပါ နာမည်ကျော်ကြားပါတယ်။ ဒါတင်မကသေးပါဘူး။ ရေကူးကန်တွေ၊ spa တွေ၊ ရှေးဟောင်းပစ္စည်းဆိုင်တွေနဲ့ ရိုမန်းတစ်ဆန်ဆန် ဆင်ယင်ထားတဲ့ ခြံဝင်းတစ်ခုလည်း ပါရှိပါသေးတယ်။

၃။ Umaid Bhawan Palace ဟိုတယ်

171128183217-ultimate-india-hotels-umaid-bhawan-palace.jpg 

Jodhpur တော်ဝင်မိသားစုအတွက် တော်ဝင်နန်းဆောင် တစ်ခုဖြစ်နေသေးတဲ့ Umaid Bhawan Palace ဟိုတယ်ကတော့ မြင်လိုက်တာနဲ့ တစ်သက်လုံးမှတ်မိနေမဲ့ ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနိုင်မှာပါ။ သဲကန္တာရ သဲကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ ဒီဟိုတယ်ဟာ အိန္ဒိယနိုင်ငံ၊ အနောက်မြောက်ပိုင်းက Jodhpur ဒေသရဲ့ အမြင့်ဆုံးတောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိပါတယ်။

ဟိုတယ်ကို အင်္ဂလိပ်လူမျိုး ဗိသုကာ Henry Lanchester က ဒီဇိုင်းဆွဲခဲ့ပြီး ကျယ်ဝန်းတဲ့အခန်းကြီးတွေ၊ ရှေးဟောင်းပရိဘောဂတွေ၊ သီးခြားအိမ်တော်ထိန်းတွေ၊ ပြတိုက်ငယ်လေးတွေ၊ အရသာရှိတဲ့ အစားအစာတွေကို ရရှိနိုင်တဲ့ စားသောက်ဆိုင်တွေနဲ့ (၂၆) ဧက ကျယ်ဝန်းတဲ့ ဥယျာဉ်တွေလည်း ပါရှိပါသေးတယ်။

၄။ Taj Falaknuma Palace ဟိုတယ်

SE_ExteriorNight2-Master.jpg 

Hyderabad ဒေသရဲ့ ရတနာလို့ ထင်ရှားတဲ့ Taj Falaknuma Palace ဟိုတယ်ဟာ ကောင်းမြတ်တဲ့ အတိတ်သမိုင်းကို ဖော်ညွှန်းပြသနေတဲ့ အရာတစ်မျိုးပါ။ ၁၉ ရာစုတုန်းကတော့ Hyderabad ဒေသရဲ့ စော်ဘွားကတော်အတွက် ရည်ရွယ် ဆောက်လုပ်ထားတဲ့ နန်းတော်ဖြစ်ပြီး အခုခေတ်မှာ ဟိုတယ်အဖြစ် ပြန်လည်မွမ်းမံ ပြင်ဆင်ရာမှာလည်း မူလဗိသုကာ လက်ရာအတိုင်းဖြစ်အောင် စီမံပြုလုပ်ထားပါတယ်။

(၃၂) ဧကကျယ်တဲ့ ခြံဝန်းကြီးထဲမှာ ဆောက်လုပ်ထားတဲ့ ဟိုတယ်ဟာ နံရံဆေးရေးပန်းချီတွေ၊ အီတလီမီးဆိုင်းကြီးတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ရုပ်ထုတွေအတွက် ပြတိုက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဧည့်သည်တွေနားခိုဖို့ ကြီးမားကျယ်ဝန်းတဲ့ အခန်း (၆၀) လည်း ပါရှိပါသေးတယ်။

Source: CNN.Travel


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က