ပြက္ခဒိန်ကိုကြည့်ပြီး deadline တွေကို တစ်ခုချင်းချင်းဖြည်းဖြည်းစလုပ်ပါ။

သင်္ကြန်ပိတ်ရက်ရှည်ကြီးကလည်း ပြီးပြီဆိုတော့ တော်တော်များများလည်း သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကို ပြန်ဝင်ကြရပါပြီ။ ပိတ်ရက်တွေမှာ ခရီးသွားတဲ့သူကသွား၊ သင်္ကြန်ရေကစားတဲ့ သူကရေကစားနဲ့ နေ့စဉ်အလုပ်တွေနဲ့ ကင်းကွာခဲ့တဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ခဏတော့ မေ့သွားမှာပါ။ အဲဒီလို အချိန်မှာ ရုံးပြန်တက်ရတဲ့အခါ အပျော်တွေကုန်ဆုံးပြီး စိတ်မညစ်ရအောင် နည်းလမ်းလေးတချို့ပေးချင်ပါတယ်။

See also: 

(၁) အလုပ်စားပွဲကို ရှင်းပါ။

 

ရုံးကို အကြာကြီးပစ်ပြီးသွားရတော့ အလုပ်စားပွဲမှာ အခုအချိန်လောက်ဆို ဖုန်တွေ တော်တော်တက်နေလောက်ပြီ။ ရုံးရောက်ပြီဆိုတာနဲ့ စားပွဲကို ဖုန်သုတ်၊ မလိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပစ်ပြီး စာရေးကိရိယာတွေကို သူ့နေရာနဲ့သူထားပါ။ ခရီးသွားတုန်းက အမှတ်တရရိုက်ထားတဲ့ပုံလေးပါလာရင် ကွန်ပြူတာဘေးမှာဖြစ်ဖြစ်၊ screensaver မှာဖြစ်ဖြစ်တင်ထားပါ။ ဒီလိုဆိုရင် စိတ်သစ်လူသစ်နဲ့ ရုံးပြန်လာတဲ့အတွက် အလုပ်တွေလုပ်ဖို့ အားတွေရှိလာပါလိမ့်မယ်။

(၂) အီးမေးလ်တွေရှင်းပါ။

 

ပထမဆုံး ရုံးပြန်တက်တဲ့နေ့မှာ အီးမေးလ်စစ်ကြည့်တဲ့အခါ အလုပ်နဲ့ပတ်သက်ပြီး ကိုယ်နဲ့ဆိုင်တဲ့ အီးမေးလ်တွေ၊ ကြော်ငြာတွေနဲ့ တခြားကိုယ်နဲ့ မဆိုင်တဲ့ အီးမေးလ်တွေနဲ့ အီးမေးလ်တွေ က ပြည့်နေတတ်ပါတယ်။ အီးမေးလ်းအားလုံးကို သေချာစစ်ဆေးပါ။ ကြော်ငြာတွေဆိုရင် ဖျက်ပစ်ပါ။ အရေးကြီးတဲ့ အီးမေးလ်တွေကို ချက်ခြင်းပြန်ပါ။

(၃) အစည်းအဝေးခေါ်ပါ။

meeting gif.gif 

အရေးကြီးတဲ့ အီးမေးလ်တွေ အရင်ဆုံးပြန်ပြီးရင်တော့ ပြက္ခဒိန်ကိုကြည့်ပြီး deadline တွေကို တစ်ခုချင်းချင်းဖြည်းဖြည်းစလုပ်ပါ။ အဖွဲ့နဲ့ အစည်းအဝေးလုပ်ပြီး အပြီးလုပ်ရမယ့်အလုပ်တွေကို ဆုံးဖြတ်ချက်ချပါ။ နောက်လုပ်မယ့်ရည်မှန်းချက်တွေကို တိုင်ပင်ပါ။ ဒီအချိန်မှာ ခရီးကနေပါလာတဲ့ လက်ဆောင်တွေ၊ မုန့်တွေ နဲ့ အစည်းအဝေးကို စပါ။

(၄) အလုပ်လုပ်ရင်းသီချင်းနားထောင်ပါ။

music at desk.jpg 

ခရီးကပြန်လာတဲ့ စိတ်ကလည်း မကုန်သေးဘူး၊ အလုပ်ကလည်း ပြန်တက်နေရတဲ့ ဒီလိုအချိန်မှာ အလုပ်လုပ်ရင်း သီချင်းနားထောင်ကြည့်ပါ။ ခရီးသွားတုန်းကအကြောင်းတွေကို ပြန်ပြီး သတိရလာနိုင်သလို၊ အလုပ်ကိုပိုပြီး အာရုံစူးစိုက်လာနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ။

 

တနေ့တာအလုပ်တွေပြီးသွားပြီဆိုရင်တော့ အလုပ်ကစောစောဆင်းပြီး gym ကိုသွားပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်ဖိစီးလျော့သွားပြီး ခွန်အားတွေ ပြန်တက်လာတဲ့အခါ အလုပ်တွေအများကြီးဆက်လုပ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

Share

Loading Next Article...
က္က