AD
AD
AD

Game of Thrones ရုပ်သံစီးရီးဟာ ကမ္ဘာပေါ်မှာ ကြည့်ရှုသူအများဆုံး ရုပ်သံစီးရီးတစ်ခုဖြစ်ပါတယ်။ သရုပ်ဆောင်တွေရဲ့ သဘာဝကျကျ သရုပ်ဆောင်မှု၊ အသံပိုင်းဆိုင်ရာ၊ ဇာတ်လမ်းဇာတ်ကွက် ပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေအပြင် ရုပ်သံစီးရီးထဲမှာ ပါဝင်တဲ့ ရိုက်ကူးရေးနေရာတွေကြောင့်လည်း လူကြိုက်များရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် Game of Thrones စီးရီးရဲ့ အဓိကဇာတ်ကောင်တွေလို့ ဆိုနိုင်တဲ့ Stark အိမ်တော်နဲ့ မြောက်ပိုင်းဒေသ၊ နောက်ပြီး နံရံအပြင်က ဇာတ်ကွက်တွေကို ရိုက်ကူးခဲ့တဲ့ နေရာတွေပါ။

play

 

အဲဒီဇာတ်ကွက်တွေကို အိုက်စ်လန်း (Iceland) နိုင်ငံရဲ့ဒေသတွေမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အိုက်စ်လန်းနိုင်ငံဟာ သေးငယ်တဲ့ ဥရောပနိုင်ငံလေးဖြစ်ပြီး ခရီးသွားလုပ်ငန်းက ရရှိတဲ့ဝင်ငွေတွေနဲ့ အဓိကရပ်တည်နေတာပါ။ Game of Thrones ရဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့တော့ ကမ္ဘာတဝှမ်းက Game of Thrones ဖန်တွေကပါ စိတ်ဝင်တစား လာရောက်လေ့လာ ကြပါတော့တယ်။

၁။ Dimmuborgir

play
 

အေးခဲနေတဲ့ ဒီချော်တွင်းမြေကတော့ myvatn ရေကန်နားမှာတည်ရှိပါတယ်။  Game of Throne ရုပ်ရှင်ကားထဲမှာတော့ Mance Rayder နဲ့ သူ့ရဲ့လူရိုင်းတပ်ဖွဲ့ကြီး Season 3 မှာတုန်းက စခန်းချတဲ့အခန်းကို ရိုက်ကူးထားတဲ့ နေရာဖြစ်ပါတယ်။ အဲဒီအခန်းရိုက်ကူးတုန်းကဆိုရင် ဒေသရဲ့အပူချိန်က - ၁၁ ဒီဂရီစင်တီဂရိတ်တောင် ရှိပါသတဲ့။

၂။ Grjótagjá

play
 

Mývatn ရေကန်အနီးမှာပဲ တည်ရှိတဲ့ လှိုဏ်ဂူကတော့ နာမည်ကျော်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မွေးဖွားစေခဲ့တဲ့ နေရာလို့ ပြောရင်လည်း မမှားပါဘူး။ မြောက်ပိုင်းဒေသ အရှင်သခင်ရဲ့ တရားမဝင်သားတစ်ယောက်ဖြစ်တဲ့ Jon Snow နဲ့ လူရိုင်းမလေး တစ်ယောက်ဖြစ်တဲ့ Ygritte တို့ ချစ်ဗျူဟာခင်းကျင်းခဲ့တဲ့ လှိုဏ်ဂူလေးပါ။ ဒီလှိုဏ်ဂူလေးကပဲ ချစ်သူတွေကို ပေါင်းစည်းစေသလားတော့ မသိပါဘူး။ Jon Snow အဖြစ် သရုပ်ဆောင်တဲ့ Kit Harington နဲ့ Ygritte အဖြစ် သရုပ်ဆောင်တဲ့ Rose Leslie တို့ဟာ အပြင်လောကမှာလည်း လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေပါ။

၃။ Skaftafell

play
 

Game of Thrones စီးရီးကို စရိုက်ခါစက ဘတ်ဂျက်အနေအထားကြောင့် ပရိုဂျူဆာတွေဟာ မြောက်ပိုင်းဒေသနဲ့ နံရံအပြင်ဘက်က ရိုက်ကွင်းတွေကို ရိုက်ရင် နှင်းတုတွေကို သုံးခဲ့ကြရပါတယ်။ ဒါပေမယ့် နောက်ပိုင်း season တွေမှာတော့ အိုက်စ်လန်း (Iceland) နိုင်ငံကို ရွေးချယ်ပြီး အဲဒီဒေသတွေမှာပဲ ရိုက်ကူးခဲ့ကြပါတယ်။ အဲဒီဒေသတွေထဲမှာ Skaftafell ရေခဲပြင်ကြီးကလည်း တစ်ခုအပါအဝင်ပါပဲ။

၎။ Vatnajökull

play
 

ဥရောပတိုက်မှာ အကြီးမားဆုံး ရေခဲမြစ်ကြီးဖြစ်တဲ့ Vatnajökull ဟာ အိုက်စ်လန်းနိုင်ငံ အရှေ့တောင်ဘက်မှာ စတုရန်းမိုင်ပေါင်း (၃၁၀၀) ခန့်ကို ဖုံးလွှမ်းထားနိုင်ပြီး Game of Thrones Season 2 မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

၅။ Vik

အိုက်စ်လန်းနိုင်ငံတောင်ပိုင်းကျွန်းဆွယ်က Vik ဒေသဟာ တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး တောင်တက်ခရီးသွားလာခြင်းအတွက် နေရာကောင်းလေးတစ်ခုပါပဲ။ Game of Thrones စီးရီးထဲမှာတော့ ဒီဒေသကို မြောက်ပိုင်းဒေသရဲ့ ရေခဲပြင်တွေနေရာမှာ ရိုက်ကူးထားပါတယ်။ Vik ဒေသက Mýrdalsjökull ရေခဲပြင်ဟာဆိုရင် Game of Thrones ထဲက Fist of the First Men ဖြစ်လာပါတယ်။

၆။ Thingvellir အမျိုးသားဥယျာဉ်

play
 

အိုက်စ်လန်းနိုင်ငံဟာ နံရံအပြင်ဘက်ကနေရာတွေကို ရိုက်ရာမှာပဲ ရိုက်ကွင်းအဖြစ် အသုံးချခံခဲ့ရတာ မဟုတ်ပါဘူး။ Game of Thrones ထဲက Arryn အိမ်တော်တည်ရှိရာ Eyrie ဒေသကို သွားတဲ့ လမ်းကြောင်းဟာဆိုရင် Thingvellir အမျိုးသားဥယျာဉ်ထဲမှာ ရိုက်ကူးထားတာပါ။ နောက်တစ်ခုက Game of Thrones ရဲ့ နာမည်ကျော်ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ ဘယ်သူ့ကိုမှ တော်ရုံတန်ရုံ မရှုံးနိမ့်ဖူးသေးတဲ့ လူသန်ကြီး The Hound ကို အမျိုးသမီးသူရဲကောင်းတစ်ဦးဖြစ်တဲ့ Brienne က အနိုင်ယူလိုက်တဲ့ ဇာတ်ဝင်ခန်းကိုလည်း ဒီနေရာမှာပဲ ရိုက်ကူးခဲ့တာပါ။

Source: Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD