နောက်နှစ်ဆိုရင် တွေ့ရတော့မှာမဟုတ်ဘူး။

ဂျွန်စနိုးပြောတဲ့ Winter is coming ကတော့ အနောက်နိုင်ငံတွေမှာ တကယ်ပဲ ရောက်လာနေပါပြီ။ ဖင်လန်နိုင်ငံရဲ့ အေးခဲတဲ့ ရာသီဥတုဟာ ရေခဲဟိုတယ် ဖွင့်လှစ်ဖို့ ဖြစ်လာခဲ့ပါတယ်။ နှင်းတွေကျပြီး အေးခဲနေတဲ့ ရာသီဥတုအောက်က ရေခဲဟိုတယ်ကို Game of Thrones ဇာတ်ရုပ်တွေအတိုင်း ပြင်ဆင်ထားပါတယ်။



နှစ်စဉ်နှစ်တိုင်းမှာ နှင်းတွေ ကီလိုပေါင်း သန်း ၂၀ ဝန်းကျင်၊ ကြည်လင်နေတဲ့ သဘာဝရေခဲ ကီလို ၃၅၀၀၀၀ ကို အသုံးပြုပြီး Lapland Hotels SnowVillage ကို တည်ဆောက်ပါတယ်။ Lapland ဟိုတယ်ဟာ Kittila ဒေသရှိ အာတိတ်စက်ဝိုင်းအထက် ကီလိုမီတာ ၂၀၀ အနီးမှာ တည်ရှိတာပါ။ တစ်နှစ်နဲ့တစ်နှစ် ဟိုတယ်ရဲ့ဒီဇိုင်းက မတူဘူး။

 

ဧရိယာအနေနဲ့ ကုဗမီတာပေါင်း ၂၀၀၀၀ လောက် ကျယ်တဲ့ Snow Village မှာ နှင်းဟိုတယ်၊ ရေခဲစားသောက်ဆိုင်၊ ရေခဲဘားနဲ့ ရေခဲဘုရားကျောင်းတို့ ထည့်သွင်းတည်ဆောက်ထားတယ်။ ဒီနှစ်နဲ့ဆိုရင် ရေခဲဟိုတယ်ဖွင့်လှစ်တာ ၁၇ နှစ်မြောက် ရှိပါပြီ။ ရေခဲဟိုတယ်ကို အပူချိန် သုညအောက် ၁၀ ဒီဂရီခန့် ကျဆင်းလာတဲ့ အောက်တိုဘာနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလဆန်းပိုင်းမှာ စတင်တည်ဆောက်တယ်လို့ သိရပါတယ်။

 

စားသောက်ဆိုင်ထဲကို ဝင်လိုက်ရင်တော့ တကယ့်သက်ရှိအရွယ်အစား iron throne နဲ့ ဓားတွေကို ကြည်လင်တဲ့ရေခဲနဲ့ ထွင်းထုပြုလုပ်ထားတာ တွေ့ရမှာပါ။ Game of Thrones ဇာတ်လမ်းတွဲထဲက ပုံတွေကို ထွင်းထုပုံဖော်ထားပါတယ်။ အရင်နှစ်ကဆိုရင်တော့ ဒီ theme မျိုး မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်မို့လို့လည်း ရောက်ဖူးသူတွေတောင် နောက်တစ်ကြိမ်ထပ်လာမယ်ဆို Snow Villages ကို နောက်ထပ်အသွင်တစ်မျိုးနဲ့ပဲ တွေ့ရမှာ ဖြစ်ပါတယ်။

ှSource : The Sun


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က