မိန်းကလေးတွေအတွက်တော့ ရှော့ပင်ထွက်တယ်ဆိုတာ စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး အသည်းကွဲခြင်းဝေဒနာလို ခံရခက်တဲ့ ဝေဒနာမျိုးကိုတောင် ကုစားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

မိန်းကလေးတွေအတွက်တော့ ရှော့ပင်ထွက်တယ်ဆိုတာ စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး အသည်းကွဲခြင်းဝေဒနာလို ခံရခက်တဲ့ ဝေဒနာမျိုးကိုတောင် ကုစားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ငွေရေးကြေးရေး တတ်နိုင်မယ်ဆိုရင် ပက်စ်ပို့စ် စာအုပ်လေးကိုင်ပြီး ဘန်ကောက်တို့၊ စင်္ကာပူတို့ကိုတောင် ရှော့ပင်ထွက်နိုင်သူတွေ အများကြီးရှိပါတယ်။ တကယ်လို့သင်ဟာ ရှော့ပင်ထွက်ရတာကို နှစ်သက်လူတစ်ဦးဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှော့ပင်ထွက်လို့အကောင်းဆုံး နေရာလေးတွေကို သိထားသင့်ပါတယ်နော်။

၁။ နယူးယောက်

1-9-600x400.jpg 

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ဟာ ဖက်ရှင်ဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ အထူးပစ္စည်းအရောင်ဆိုင်တွေ စုဝေးတည်ရှိရာ အရပ်ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အီတလီ တန်ဖိုးကြီး brand တွေကိုမှ ခုံမင်ရူးသွပ်သူဆိုရင် နယူးယောက်မြို့က မန်ဟက်တန်ရပ်ကွက်ထဲမှာ လျှောက်သွားရင်း နှစ်သက်ရာဆိုင်ကို ဝင်ကြည့်နိုင်ပါတယ်။ ဈေးနှုန်းတွေက သင့်တင့်ပြီး မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာတလွှားက အဝတ်အစား brand တွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။

၂။ ပဲရစ်

2-10-660x371.jpg 

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကတော့ ဒီဇိုင်နာအထူးထုတ်ဆိုင်တွေနဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ မြို့တစ်မြို့ပါ။ မြို့သူမြို့သားတွေရဲ့ ဖက်ရှင်စတိုင်လ်နဲ့ စမတ်ကျမှုတွေကို တွေ့မြင်ရရုံနဲ့ ပဲရစ်မြို့မှာ ရှော့ပင်ထွက်မိတာ မမှားမှန်းသိသာစေမှာပါ။ တန်ဖိုးကြီးရတနာပစ္စည်းတွေ၊ ဖိနပ်တွေ၊ ဒီဇိုင်နာအထူးထုတ် အဝတ်အထည်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ပဲရစ်မြို့မှာ ရွေးစရာလမ်းကြောင်းတွေ အများကြီးပါပဲ။

၃။ ဆန်ဖရန်စစ်စကို

3-9-561x400.jpg 

ဆန်ဖရန်စစ်စကိုရဲ့ ဈေးဝယ်ရှုခင်းတွေကတော့ ဒီဇိုင်နာ brand အများစုကို အပိုင်သိမ်းထားနိုင်တဲ့အတွက် ထင်ရှားတာပါ။ ဆန်ဖရန်စစ်စကိုမှာ Westfield ဆိုတဲ့ အထပ်ပေါင်းများစွာ ပါဝင်တဲ့ ဈေးဝယ်စင်တာတစ်ခုရှိပြီး အဲဒီမှာ ဆန်ဖရန်စစ်စကိုရဲ့ အခမ်းနားဆုံး ဈေးဆိုင်တွေကို လျှောက်ကြည့်နိုင်မှာပါ။ နောက်ဆုံးပေါ် အထက်တန်းကျကျ အဝတ်အစားတွေက သင့်ကို နှလုံးပီတိ ဂွမ်းဆီထိ စေနိုင်မှာပါ။

၄။ လန်ဒန်

4-8-601x400.jpg 

လန်ဒန်မြို့ဟာ ရှော့ပင်ထွက်သူတွေအတွက် နိဗ္ဗာန်ဘုံဖြစ်နေတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ လန်ဒန်မြို့မှာ သင့်စိတ်ကူးထဲမှာ လိုချင်နေတဲ့ အဝတ်အစား brand ပေါင်းစုံကို ဝယ်ယူရရှိနိုင်ပါတယ်။ လန်ဒန်မှာ တန်ဖိုးကြီး brand တွေကော၊ တန်ဖိုးနည်း brand တွေပါ ရရှိနိုင်ပါတယ်။ လန်ဒန်ရဲ့ ဈေးကွက်ထဲမှာ စတိုးဆိုင်တွေ၊ ဈေးကွက်တွေသာမက ဈေးရောင်းပွဲတော်တွေလည်း ရှိပါသေးတယ်။ လန်ဒန်ရဲ့ အကောင်းဆုံးဈေးဝယ်မှုခံစားချက်ကို လိုချင်တယ်ဆိုရင်တော့ လန်ဒန်မြို့က Libertty Mall ကို သွားရောက်ဖို့ အကြံပြုထားပါတယ်။

၅။ မော်စကို

5-10-660x372.jpg 

ရုရှနိုင်ငံ၊ မော်စကိုမြို့ကတော့ ဇိမ်ခံပစ္စည်းတို့ရဲ့ မြို့တော်ဖြစ်ပြီး သင့်မှာ ပိုက်ဆံအလုံအရင်း သုံးလိုတဲ့ဆန္ဒ ရှိရင်တော့ ဒီနေရာကို မဖြစ်မနေသွားရောက်သင့်ပါတယ်။ မော်စကိုမြို့လယ်ခေါင်ကနေ ခဲတစ်ပစ်စာလောက် အကွာအဝေးမှာ ကမ္ဘာ့ဈေးအကြီးဆုံး ဒီဇိုင်နာ brand တွေကို တွေ့ရှိနိုင်ပါတယ်။ မော်စကိုမြို့ရဲ့ ရင်ပြင်နီနားမှာတော့ တန်ဖိုးကြီးရေမွှေးတွေနဲ့ ရုရှနိုင်ငံထုတ် အဝတ်အစား brand တွေကို တွေ့ရှိနိုင်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က