ကမ္ဘာလှည့်ခရီးသွားလာရေး လုပ်ငန်းက တိုင်းပြည်ကို အဓိကဝင်ငွေရှာပေးနေတဲ့ မီးခိုးမထွက်တဲ့ စက်မှုလုပ်ငန်းကြီးတွေလည်း ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားလာရေး လုပ်ငန်းက တိုင်းပြည်ကို အဓိကဝင်ငွေရှာပေးနေတဲ့ မီးခိုးမထွက်တဲ့ စက်မှုလုပ်ငန်းကြီးတွေလည်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းက တိုင်းပြည်ဘဏ္ဍာတိုးတက်ခြင်းပါပဲ။ နိုင်ငံရဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသားတိုင်းနဲ့လည်း သက်ဆိုင်ပါတယ်။



 

ဒါပေမယ့် ခရီးသွားလုပ်ငန်းဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ တိုးတက်လာတာတော့ အမှန်ပါပဲ။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှု ပိုများပြားလာတဲ့ လုပ်ငန်းခွင်တွေနဲ့အတူ လူအများအပြားဟာ ခရီးလေးဘာလေး ထွက်ပြီး စိတ်ပြေလက်ပျောက် အနားယူဖို့ ပိုမိုလိုအပ်လာပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ခဲ့သလို ၂၀၁၈ ခုနှစ်ထဲမှာလည်း ခရီးသွားလုပ်ငန်းအတွက် တိုးတက်မှုတွေ ရှိလာဖို့ မျှော်မှန်းထားပါတယ်။ ကမ္ဘာတလွှားက နာမည်ကျော် Travel Blogger (ခရီးသွားဘလော့ဂါ) တွေကတော့ ၂၀၁၈ ခုနှစ်နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ခန့်မှန်းထားပါတယ်။

၂၀၁၈ ခုနှစ်မှာ လူအသွားများမယ့်နေရာတွေကတော့...

 

"၂၀၁၈ ခုနှစ်မှာ လူတွေ ဂရင်းလန်း (Greenland) ကို ပိုပြီးအသွားများလာကြလိမ့်မယ်လို့ ယူဆထားပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်း တွေတုန်းက အိုက်စ်လန်းကို သွားတဲ့လူတွေဟာ လူတွေပြုံကျနေတဲ့ ခရီးသွားဒေသ တစ်ခုဖြစ်နေတဲ့အတွက် လေယာဉ်ချိန် ကြပ်တာတွေ၊ ဟိုတယ်ခက်တာတွေကို ကြုံခဲ့ရပါတယ်။ ဂရင်းလန်းနိုင်ငံကတော့ အိုက်စ်လန်းလိုပဲ ရေခဲတောင်တွေ၊ ရေတံခွန်တွေ၊ တောင်တက်ခရီးအတွက် ကောင်းမွန်တဲ့လမ်းကြောင်းတွေ၊ ကျေးလက်ဒေသလေးတွေ ရှိသလို လူသူအရောက်အပေါက် ပိုနည်းတဲ့အတွက် အေးအေးဆေးဆေး နေချင်သူတွေ အကြိုက်တွေ့ပါလိမ့်မယ်" _ Scott Shelter, Quirky Travel Guy

"အက်စ်တိုးနီးယား (Estonia) ကတော့ ၂၀၁၈ မှာ လူကြိုက်များတဲ့ ခရီးသွားဒေသတစ်ခု ဖြစ်ဦးမှာပါပဲ။ အခုအချိန်မှာတော့ အက်စ်တိုးနီးယား (Estonia) ဟာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျရာ နေရာတစ်ခုမဟုတ်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ကောင်းသတင်းတွေကတော့ တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာနေပါပြီ။ ဒီတိုင်းပြည်မှာက ကြွယ်ဝတဲ့သမိုင်းကြောင်း၊ အလည်ခေတ်က ဗိသုကာလက်ရာတွေနဲ့ ရဲတိုက်ကြီးတွေရှိပြီး ဒီနေရာကိုအလည်သွားရင် ဂျာမန်ဒဏ္ဍာရီ ပုံပြင်တွေလည်း ရောက်နေသလို ခံစားရမှာပါ။ ဥရောပ၊ စကန်ဒီနေးဗီးယန်းနဲ့ ရုရှလွှမ်းမိုးမှုတွေက တိုင်းပြည်တွင်းမှာ ကြွယ်ဝပြီး စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေကို ဖော်ညွှန်းပြသနိုင်ပါတယ်" _ Valerie Wilson, Trusted Travel Girl

"ဂျော်ဂျီယာနိုင်ငံက တီဘလီစီ (Tbilisi) ဒေသဟာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတဲ့ နေရာတစ်ခုဖြစ်လာမယ်လို့ ကျွန်မတော့ ထင်တယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် ဥရောပနဲ့ ချိတ်ဆက်ထားတဲ့ လေကြောင်းတွေလည်း ပိုများလာပြီ။ ဒေသအစားအစာ တွေကလည်း အရမ်းမိုက်တယ်။ ဒေသခံတွေကလည်း ဖော်ရွေတယ်။ တိုင်းပြည်မှာ ဆိုဗီယက်လွှမ်းမိုးမှုတွေနဲ့ သမိုင်းကြောင်း ကောင်းကောင်းလည်း ရှိတယ်။ ဘာပဲပြောပြော ၂၀၁၈ ထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျတဲ့ နေရာတစ်ခု ဖြစ်လာမှာတော့ အမှန်ပါပဲ" _ Barbara Wagner, Jet-Settera

Source: theculturetrip


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က