ဒါဝင်ရဲ့သီအိုရီအရဆိုရင် "ထိုက်တန်သူသာ ရှင်ကျန်ရာ (survival of the fittest)" ဆိုတဲ့ သဘောတရားတစ်ခုရှိပါတယ်။ ကမ္ဘာဦးကတည်းက သက်ရှိမျိုးစိတ်ပေါင်းစုံ ရှိခဲ့ရာမှာ ပြောင်းလဲမှုနဲ့ အသင့်တော်ဆုံးဖြစ်အောင် လိုက်လျောညီထွေ နေတတ်သူတွေပဲ ရှင်ကျန်ရစ်တယ်ဆိုတဲ့ သဘောပါပဲ။

ဒါဝင်ရဲ့သီအိုရီအရဆိုရင် "ထိုက်တန်သူသာ ရှင်ကျန်ရာ (survival of the fittest)" ဆိုတဲ့ သဘောတရားတစ်ခုရှိပါတယ်။ ကမ္ဘာဦးကတည်းက သက်ရှိမျိုးစိတ်ပေါင်းစုံ ရှိခဲ့ရာမှာ ပြောင်းလဲမှုနဲ့ အသင့်တော်ဆုံးဖြစ်အောင် လိုက်လျောညီထွေ နေတတ်သူတွေပဲ ရှင်ကျန်ရစ်တယ်ဆိုတဲ့ သဘောပါပဲ။ ကမ္ဘာဦးကတည်းက လူသားမျိုးနွယ်စုတွေဟာ တောရိုင်းထဲမှာ အန္တရာယ်မျိုးစုံကြားထဲမှာ နေထိုင်ခဲ့ရင်း အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်လို့ ခုချိန်ထိ လူသားမျိုးနွယ် ဆက်လက်တည်တံ့နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာပေါ်မှာ နေထိုင်ဖို့ မသင့်လျော်တဲ့၊ အန္တရာယ်အလွန်များတဲ့ ဒေသတွေလည်း ခုချိန်ထိ ရှိနေပါသေးတယ်။ အဲဒီနေရာဒေသတွေမှာ လူသားမျိုးနွယ်စုဝင်တွေကလည်း လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နေကြဆဲပါပဲ။ အဲဒီနေရာတွေထဲက တချို့ကတော့...

၁။ Chernobyl တားမြစ်ဇုံ

1-22-660x370.jpg 

၁၈၈၆ ခုနှစ်တုန်းက Chernobyl က နျူကလီးယား ပါဝါစက်ရုံတစ်ခုက ဓာတ်ပေါင်းဖို နံပါတ် (၄) ပေါက်ကွဲသွားစဉ်က ဆိုဗီယက်ယူနီယံဟာ (၁၈) မိုင်ပတ်လည် အကျယ်အဝန်းရှိတဲ့ နေရာတစ်ခုကို တားမြစ်ဇုံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရေဒီယိုသတ္ထုကြွ တိမ်တိုက်တွေကို အခုချိန်ထိတိုင်အောင် မြင်နေရဆဲမို့လို့ အဲဒီဒေသကို စွန့်ပစ်အိမ်တွေနဲ့ မြို့ပျက်ကြီးတစ်ခုလို သဘောထားသတ်မှတ် ထားကြပါတယ်။

ဒါပေမဲ့ နေထိုင်သူ (၁၈၀) ဝန်းကျင်ကတော့ အန္တရာယ်များမှန်း သိသိရက်နဲ့ အေးချမ်းစွာသေရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှှီတင်းနေထုင်လျက်ရှိပါတယ်။ သူတို့ရဲ့စီးပွားရေးကတော့ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေပြီး မြို့မှာ ဟိုတယ်တစ်လုံး၊ ဘားတစ်ခု၊ စာတိုက်တစ်ခုနဲ့ စူပါမားကက်တစ်ခု ရှိပါတယ်။

၂။ မရဏမြို့တော်

2-23-534x400.jpg 

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ လူဦးရေပေါက်ကွဲမှုနှုန်းရဲ့ နောက်ဆက်တွဲအဖြစ် လူအများအပြားဟာ မြို့ရဲ့သုဿာန်မြေမှာ အခြေချနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တရားဥပဒေအရ တရားမဝင်ပေမဲ့ ကုန်ကျစရိတ် သက်သာတာတော့ အမှန်ပါပဲ။ လူ (၅) သိန်း ဝန်းကျင်ခန့်ဟာ သင်္ချိုင်းကုန်းမှာ အခြေချနေထိုင်ကြပြီး အုတ်ဂူတွေပေါ်မှာ ချက်ပြုတ်စားသောက်ကြသလို ညဘက်မှာ လူသေတွေကို အဖော်ပြုကြရပါတယ်။

၃။ မိုင်းကွင်းပေါ်က ဒုက္ခသည်စခန်း

3-22-600x400.jpg 

Gulan ဒုက္ခသည်စခန်းဟာ တခြားဒုက္ခသည်စခန်းတွေနဲ့ မတူပါဘူး။ စစ်ပွဲအတွင်းက လုပ်မြောက်လာချိန်မှာ စိတ်အေးလက်အေး ဒုက္ခသည်အဖြစ် ခိုလှုံလို့ရတဲ့ ဒေသတစ်ခုလည်း မဟုတ်ပါဘူး။ ဒီ ဒုက္ခသည်စခန်းဟာ ၁၉၈၀ ပြည့်နှစ်တွေတုန်းက မူဂျာဟစ် သူပုန်တွေနဲ့ ဆိုဗီယက်ယူနီယံတို့ တိုက်ပွဲဖြစ်စဉ်က မိုင်းကွင်းပေါ်မှာ တည်ဆောက်ထားတာပါ။

အခုအချိန်မှာ ဒုက္ခသည်ဦးရေ (၂၄၀၀၀) ခန့် မှီတင်းနေထိုင်နေပြီး အဲဒီဧရိယာမှာ မြေမြှုပ်မိုင်းတွေ မိုင်နဲ့ချီပြီး ရှိပါတယ်။ ကံကောင်းတာတစ်ခုက အခုချိန်ထိတော့ မိုင်းနင်းမိလို့ လူတစ်ယောက်မှတော့ မသေသေးပါဘူးတဲ့။

၄။ မြွေဆိုးကျေးရွာ

featured-30.jpg 

အိန္ဒိယနိုင်ငံမှာ Musharu ဆိုတဲ့ ရွာငယ်လေးတစ်ရွာရှိပြီး အဲဒီရွာမှာ အဆိပ်ပြင်းမြွေတွေဟာ လူသားတွေနဲ့အတူ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီရွာက ရွာသားတွေကတော့ မြွေတွေကို မကြောက်ရွံ့ကြပါဘူး။ ဒါ့အပြင် အဲဒီမြွေတွေကို သူတို့ကိုးကွယ်တဲ့ နတ်ဘုရားမ Jankeshwari ဝင်စားတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗြဟ္မဏမိသားစုဝင်တွေပဲ ဒီမြွေတွေကို ကိုင်တွယ်ထိတွေ့လို့ ရပါတယ်။

လူတွေနဲ့ ယဉ်ပါးနေတဲ့ မြွေတွေကလည်း ရွာသားတွေကို မကိုက်တတ်ကြပါဘူး။ တကယ်လို့ ကိုက်မိရင်တောင် ရွာသားတွေက ရေကန်မှာ ရေဆေးပြီး ကိုက်မိတဲ့ နေရာကို  ရွံ့လေးအုံလိုက်ရုံနဲ့ ပျောက်ကင်းမယ်လို့ ယုံကြည်ကြပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က