play

 

Uber ကုမ္ပဏီဟာ သူတို့ရဲ့ဈေးနှုန်းသတ်မှတ်တဲ့စနစ်ကို ဈေးပိုသက်သာပြီး ကားမခေါ်ခင်မှာ ကြိုတင်တွက်ချက်ထားတဲ့ဈေးနှုန်းကြိုသိနိုင်တဲ့ စနစ်အသစ်ကိုရန်ကုန်မြို့မှာ နိုဝင်ဘာလဒုတိယပတ်ကနေစပြီး မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အရင်က Uber နဲ့ကားခေါ်မယ်ဆိုရင် ကျသင့်မယ့်ဈေးနှုန်းကို ခန့်မှန်းချေလောက်သာသိရပြီး အတိအကျမသိရတဲ့အတွက် ကားခေါ်သင့်၊ မခေါ်သင့် မဆုံးဖြတ်နိုင်တဲ့ အခက်အခဲမျိုးရှိခဲ့ပါတယ်။

ဒါပေမဲ့အခုစတင်လိုက်တဲ့ စနစ်အသစ်မှာတော့Uber application မှာ ကိုယ်သွားမယ့်ခရီးစဉ်ကို ထည့်လိုက်တာနဲ့ သွားမယ့်ခရီးအကွာအဝေး၊ ယာဉ်ကြောအခြေအနေ၊ ကိုယ်ငှားမယ့်ပတ်ဝန်းကျင်မှာရှိတဲ့ Uber ကားအရေအတွက်နဲ့ ကိုယ့်လိုပဲငှားရမ်းနေတဲ့သူအရေအတွက်တို့အပေါ်မူတည်ပြီး ကြိုတင်တွက်ချက်ထားတဲ့ဈေးနှုန်းကို တွက်ချက်ဖော်ပြပေးသွားမှာပါ။ ဒါတင်မကဘဲ အခုစနစ်အသစ်ဟာဆို အရင်ကထက်ပိုမိုသက်သာတဲ့ အခြေခံဈေးနှုန်းထားများအပေါ်မူတည်၍ တွက်ချက်ထားတာမျိုးဘဲဖြစ်ပါတယ်။

ဒါကြောင့်ငှားရမ်းမယ့်သူအနေနဲ့ ဈေးနှုန်းကိုကြည့်ပြီးတဲ့နောက် များနေတယ်လို့ထင်ရင်မခေါ်ဘဲ၊ ဈေးနှုန်းအဆင်ပြေတယ်လို့ထင်မှ ကားခေါ်လိုက်တာမျိုးကိုလုပ်နိုင်မှာဘဲ ဖြစ်ပါတယ်။

အဲဒီလိုကြိုတင်တွက်ချက်ပေးထားတဲ့ဈေးနှုန်းဟာ ခရီးစဉ်အတွင်းလမ်းကြောင်းပြောင်းလဲမှုမရှိရင်၊ ဒါမှမဟုတ် တစ်နေရာရာကို အချိန်အကြာကြီးဝင်နေတာမျိုးမရှိရင် ဈေးနှုန်းကလည်း ပြောင်းလဲမှာမဟုတ်ပါဘူး။ ကြိုတင်တွက်ချက်ထားတဲ့ဈေးနှုန်းထဲမှာ လျှော့ဈေးးတွေလည်း ပါဝင်တာကြောင့် ငှားရမ်းတဲ့သူက ပရိုမိုးရှင်းကုဒ် ရှိထားရင် ခရီးစဉ်ပြီးဆုံးတဲ့အခါ ကြိုတင်တွက်ချက်ထားတဲ့ဈေးနှုန်းထဲကအတိုင်း ပေးချေရမှာဘဲဖြစ်ပါတယ်။

Uber ရဲ့ဈေးပိုသက်သာပြီး ဈေးနှုန်းအတိအကျကြိုတင်တွက်ချက်ပေးတဲ့စနစ်အသစ်နဲ့ပတ်သက်လို့ ပိုပြီးရှင်းရှင်းလင်းလင်းရှိ သွားအောင် အောက်မှာအမေး၊ အဖြေပုံစံနဲ့ ဖော်ပြပေးထားပါတယ်။

 

Q. ယာဉ်စီးခကြိုတင်ခန့်မှန်းနိုင်တဲ့ဈေးနှုန်းပုံစံအသစ်ကို ဘယ်လိုသတ်မှတ်တာလဲ။

A. ခရီးသည်က သူ့ရဲ့ခရီးစဉ်ကိုရိုက်ထည့်လိုက်တဲ့အခါ ဖုန်း၏စခရင်မှာ ဈေးနှုန်းအတိအကျကို ခရီးစဉ် request မလုပ်ခင်မြင်ရပါမယ်။ ခရီးစဉ်အဆုံးတွင် ကျသင့်မယ့် ပမာဏဟာလမ်းကြောင်းသိသိသာသာပြောင်းလဲမှုမရှိရင် ဖုန်းမှာပြထားတဲ့ ဈေးနှုန်းအတိုင်းသာ ပေးရမှာပါ။

 

Q. ခရီးသည် ဒါမှမဟုတ် ယာဉ်မောင်းက ခရီးစဉ်အတွင်း ခရီးစဉ်ပြောင်းတာ၊ နောက်ထပ်ခရီးစဉ်တွေထပ်ပေါင်းတာ လုပ်ရင်ဘယ်လိုဖြစ်မလဲ။

A. ကြိုတင်ခန့်မှန်းနိုင်တဲ့ဈေးနှုန်းက သိသာတဲ့ခရီးစဉ်ပြောင်းလဲမှုအတွက် အကျိုးမသက်ရောက်ပါ။ လမ်းကြောင်းကို ခရီးစဉ်အတွင်းသိသိသာသာပြောင်းလဲလိုက်ရင် ကြိုတင်တွက်ချက်ထားတဲ့ဈေးနှုန်းအတိုင်း မဟုတ်နိုင်တော့ပါဘူး။ အဲဒီလိုလုပ်လိုက်ရင် ဈေးနှုန်းက အချိန်နှင့်အကွာဝေးကိုလိုက်ပြီးတွက်ချက်တဲ့ ပုံစံကိုပြန်ဖြစ်သွားပါလိမ့်မယ်။ ခရီးစဉ်အတွင်းနဲ့ ခရီးစဉ်မတိုင်ခင် ဈေးနှုန်းပြောင်းလဲမှုကို ခရီးသည်အား ကြိုတင်အကြောင်းကြားပါလိမ့်မယ်။

 

Q. သုံးစွဲမှုများချိန်တွင်း ဈေးနှုန်းမြင့်တက်နိုင်သေးလား။ (surge pricing)

A. ခရီးစဉ် တောင်းဆိုမှုဟာ ကားအစီးရေထက် များပြားချိန် မှာ ခရီးစဉ်လိုအပ်တဲ့သူကို အဆင်ပြေချောမွေ့စွာ ကူညီဖို့ယာဉ်စီးခမြင့်တက်နိုင်ပါတယ်။ ဒါပေမယ့် ခရီးသည်တွေက ဈေးနှုန်းကိုကြိုတင်မြင်နိုင်တဲ့အပြင် အချက်အလက်တွေကလည်း အရင်ထက်ပိုတိကျတဲ့အတွက် တိကျတဲ့ ဈေးနှုန်းကို သိရမှာပါ။ ဥပမာအားဖြင့် 1.5x လို့မမြင်ရတော့ပဲ အားလုံးပေါင်း အလုံးအရင်း 5,000Ks လို့သာမြင်ရမှာပါ။ ဈေးနှုန်းကြိုတင်မြင်နိုင်သောကြောင့် ဈေးနှုန်းမြင့်တက်သွားသည့်အခါ ခရီးသည်ကလက်ခံစရာမလိုပဲ ကားမခေါ်ဆိုဖို့ရွေးချယ်နိုင်ပါတယ်။

 

 

Q. ကြိုတင်တွက်ချက် ထားတဲ့ဈေးနှုန်းထဲမှာ အားလုံးပါဝင်ထည့်ပေါင်းပြီးသားလား။

A. ပုံမှန်အားဖြင့် ထည့်ပေါင်းပြီးသားဖြစ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဥပမာ ခရီးသည်က promo ဖြင့်စီးနင်းပါက နောက်ဆုံး receipt မှာလျော့သွားနိုင်ပြီး ပုံမှန်ထက်ကြာမြင့်သွားပါက- ဥပမာ လမ်းမှာ တစ်ခြားနေရာဝင်ခြင်း ယာဉ်ကြောကြာမြင့်စွာပိတ်မိနေခြင်းမျိုးတွေရှိရင် နောက်ဆုံးကျသင့်ငွေမှာ မသိမသာ မြင့်တက်နိုင်ပါတယ်။

 

 

Q. လမ်းပေါ်မှာအကြောင်းတစ်စုံတစ်ရာကြောင့် ထင်တားတာထက် ယာဉ်ကြောပိုပိတ်နေရင် ဘယ်လိုဖြစ်မလဲ။

A. ကြိုတင်ခန့်မှန်းထားတဲ့ဈေးနှုန်းက request လုပ်တဲ့အချိန်နဲ့နေရာပေါ်မူတည်ပြီးသင့်တော်တဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပေးခြင်းဖြစ်တာကြောင့် တွက်ချက်ထားတာထက် ယာဉ်လမ်းကြောင်း ပိုကျပ်ရင်၊ ခရီးသည် ဒါမှမဟုတ်ယာဉ်မောင်းက လမ်းကြောင်းပြောင်းလိုက်လို့ သတ်မှတ်ချိန်ထက်ပိုကြာခဲ့ရင် ကြာတဲ့အချိန်တွေထည့်တွက်ပြီး အချိန်နဲ့နေရာအလိုက် အလိုအလျောက်သင့်တော်တဲ့ဈေးနှုန်းကို ပြန်ပြောင်းပေးပါလိမ့်မယ်။

 

 

Q. ယာဉ်မောင်းက မြေပုံတွင်ပြထားတဲ့ လမ်းကြောင်းအတိုင်း မမောင်းဘဲပိုရှည်တဲ့ လမ်းကြောင်းကမောင်းရင် ဘယ်လိုလုပ်မလဲ။

A. မောင်းနေတဲ့လမ်းကြောင်းရဲ့ အချိန်နှင့်အကွာအဝေးက ပထမလမ်းကြောင်းနဲ့သိပ်မကွာရင် ကနဦးတွက်ချက်ထားတဲ့ဈေးနှုန်းသာပေးရမှာပါ။ သိသိသာသာကွာနေရင်တော့ app ထဲက “Help” မှတစ်ဆင့် Uber support ကိုဆက်သွယ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video