AD
AD
AD
play

 

၁ - ဦးနှောက်ကို ဒုက္ခပေးတယ်

လူတစ်ယောက်မှာ သူငယ်ချင်း အယောက် ၁၅၀ ထိပဲ ထားနိုင်ပါတယ်။ ဒါဟာ သုတေသနလေ့လာချက်တွေအရ တွေ့ရှိတာဖြစ်ပြီး ဒန်ဘာနံပါတ် လို့ ခေါ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က မနုဿဗဒပညာရှင် ဒန်ဘာက တွေ့ရှိခဲ့တာကြောင့် ဖြစ်ပြီး ဒီအရေအတွက်ထက်ကျော်မယ်ဆိုရင် ဦးနှောက်ရဲ့အလုပ်လုပ်မှုကို အနှောင်အယှက်ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

၂ - အဓိကတွေ ဆုံးရှုံးနေတယ်

သင်က ဖေ့စ်ဘွတ်မှာ သူငယ်ချင်းထောင်ချီရှိတဲ့ လူမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုထောင်ချီနေတဲ့လူတွေကို အလေးထားရင်းနဲ့ တကယ့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးတွေ ပျက်ပြားလာပါတယ်။ အခင်ဆုံးလူတွေ၊ အခင်ဆုံးသူငယ်ချင်းတွေ၊ အရေးပါတဲ့ဆက်ဆံရေးတွေကို  ဂရုမစိုက်မိသလိုဖြစ်လာပါတယ်။ အဓိကအချက်ကတော့ ဖေ့စ်ဘွတ်ပေါ်က ဘဝနဲ့ အပြင်ဘဝကို ပေါ်ပေါ်လွင်လွင် ခွဲခြားထားဖို့ လိုပါတယ်။

play

 

၃ - ပုဂ္ဂိုလ်ရေး

သင့်ရဲ့ဓာတ်ပုံတွေ ၊ သင်ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ဖေ့စ်ဘွတ်ပေါ်မှာ အမြောက်အများရှိနေပါတယ်။ ဒါတွေကို အသုံးချတာ၊ ပုဂ္ဂိုလ်ရေးထိခိုက်တာတွေရှိရင် unfriend လုပ်သင့်ပါတယ်။

play

 

၎ - စိတ်အနှောင့်အယှက်

စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် Unfriend လုပ်လိုက်ဖို့ လက်မနှေးသင့်ပါဘူး။ ၂၀၁၄ ခုနှစ်ကလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ လူတွေဟာ အောက်ပါအချက်တွေကြောင့် unfriend လုပ်နေကြပါတယ်။

အလွန်အကျွံကြွားသော ပို့စ်များတင်ခြင်း - ၆၈ %

ဝေဖန်ရေးပို့စ်များ အလွန်အကျွံတင်ခြင်း - ၅၆ ရာခိုင်နှုန်း

အာရုံစိုက်ခံချင်သော ပို့စ်များတင်ခြင်း - ၄၁ %

ဆယ်ဖီ အလွန်အကျွံရိုက်တင်ခြင်း - ၃၈ ရာခိုင်နှုန်း

Photos & Source: makeuseof

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD