Lifestyle: အခမဲ့ လေယာဉ်လက်မှတ်များနှင့် ဗီယက်နမ် စားသောက်ဖွယ်ရာတွေကို Vietjet နဲ့ ရယူလိုက်ပါ

အခမဲ့လက်မှတ်တွေကို မေလ (၅)နေ့ကနေ (၉)ရက်နေ့အထိ Vietjet မှ ပေးအပ်သွားဖို့အစီအစဉ်ရှိပါတယ်။

play

 

ရန်ကုန် - ဟိုချီမင်းခရီးစဉ်နဲ့ ဗီယက်နမ်နိုင်ငံပြည်တွင်းခရီးစဉ်တွေကို ပျံသန်းဖို့ သုညကျပ်မှစတင် (အခွန်နဲ့ fee များမပါ) တဲ့ အခမဲ့လက်မှတ်တွေကို မေလ (၅)နေ့ကနေ (၉)ရက်နေ့အထိ Vietjet မှ ပေးအပ်သွားဖို့အစီအစဉ်ရှိပါတယ်။

အခြားစိတ်ဝင်စားစရာကောင်းတာကတော့ ခရီးစဉ်တစ်လျှောက်မှာ Vietjet နဲ့အတူ ပျော်ရွှင်မှုများစွာကို ရရှိခံစားနိုင်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ ဒါ့ပြင် လေဆိပ်တွေ၊ Road Show တွေမှာ 3D (သရီးဒီ) ပန်းချီလက်ရာတွေနဲ့ ကစားစရာအစီအစဉ် တွေကိုလည်း မေလတစ်လလုံး ပြုလုပ်ပေးသွားဦးမှာပါ။

ဒါတင်မကသေးပါဘူး။ Vietjet စီးနင်းသူတွေအတွက် လေယာဉ်ပေါ်မှာ ဗီယက်နမ်လက်ရာစစ်စစ် အကောင်းဆုံး စားသောက်ဖွယ်ရာတွေကိုလည်း အံ့သြလောက်အောင်ချိုသာတဲ့ အသင့်တော်ဆုံးဈေးနှုန်းဖြစ်တဲ့ ကျပ် “၀” မှ စတင် ရရှိခံစားနိုင်ဦးမှာပါ။

ဗီယက်နမ်ဟင်းလျာများ

play

ဗီယက်နမ်ဟင်းလျာတွေဟာ ကမ္ဘာ့အကျော်ကြားဆုံး စားသောက်ဖွယ်ရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာဟင်းလျာတွေထဲက တစ်ခုအဖြစ်လည်း ထုတ်ပြန်ကြေညာမှုတိုင်းမှာ အကြိမ်ကြိမ်ပါဝင်ရွေးချယ်ခဲ့ရပါတယ်။

ဟင်းအရသာပေါင်းစုံကို ပေါင်းစပ်ဖန်တီးထားတာကြောင့် မတူညီတဲ့အရသာကို စားလိုက်တိုင်းမှာ ခံစားရရှိစေမှာဖြစ်ပါတယ်။ ချို၊ ချဉ်၊ ငံ၊ စပ်စတဲ့ မတူညီတဲ့အရသာပေါင်းစုံနဲ့အတူ လေးနက်တဲ့ အနံ့၊ အရသာရှိတဲ့ ဗီယက်နမ်ဟင်းလျာတွေကို ကိုယ်တိုင်တွေ့ကြုံခံစားနိုင်မယ့် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

အထူးသဖြင့် “Bánh”, ဆိုတဲ့ ဟင်းလျာက ဆန်နဲ့လုပ်ထားတဲ့ ကိတ်တွေနဲ့ အလိပ် (bánh cuốn and bánh giò) တွေ ပါဝင်ပါတယ်။ နောက်ထပ် မလွတ်တမ်းခံစားသင့်တဲ့ အရသာရှိဟင်းလျာတစ်မျိုးကတော့ "Bún" မိသားစု ဖြစ်ပါတယ်။ အဲဒီထဲမှာ ဆန်ကြာဆံ၊ bún chả ၊ bún bò Huế ၊ ဝက်သားနဲ့ bún cá အစရှိတဲ့ ခေါက်ဆွဲပြုတ်တို့ ပါဝင်ပါတယ်။

Phở (ဖို) (အမဲသား (သို့) ကြက်သား ပါဝင်တဲ့ ခေါက်ဆွဲ)

play

 

ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီးအစားအစာမှာတော့ ဆန်ခေါက်ဆွဲနဲ့ အသားအပြားတို့ ပါဝင်ပြီး၊ အဲဒီ ပါဝင်တဲ့အသားပေါ် မူတည်ပြီး ဖန်တီးချက်ပြုတ်ထားတဲ့ စွပ်ပြုပ်ထဲမှာတော့ အမဲသား (သို့်) ကြက်သားပြား ပါးပါးလေးတွေကို အပေါ်မှာ ထည့်သွင်းပေးထားပါတယ်။ ချို၊ ချဉ်၊ ငံ၊ စပ် အရသာတွေကို အချိုးကျထည့်သွင်းထားတာကြောင့် တစ်ခါစားဖူးတာနဲ့ တစ်သက်သာလုံး စွဲလမ်းသွားစေမှာ သေချာပါတယ်။

ဗီယက်နမ်ကို လာလည်တဲ့ သူတိုင်း Phở ကို တန်းကြိုက်သွားတာကြောင့် ဘယ်နေ့ ဘယ်အချိန်မှာပဲဖြစ်ဖြစ်  Phở ပူပူနွေးနွေးလေးကို ဗီယက်နမ်မှာ လွယ်လွယ်ကူကူ ရှာဖွေစားသောက်နိုင်ပါတယ်။

Bún Chả (ဆန်ကြာဆံနှင့် ဝက်သားကင်)

play

ဟနွိုင်းမြို့တော်မှာဆိုရင် Bun Cha က နေ့လယ်စာအတွက်တော့ ထိပ်တန်းနာမည်ကြီးဖြစ်ပါတယ်။ ဝက်သားကင် အနံ့သင်းသင်းလေးရယ်၊ လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ ပန်းကန်ပေါ်မှာတင်ထားတဲ့ ဆေးဖက်ဝင်အပင်တွေကြောင့် ဒီစားစရာဟာ အံ့သြလောက်အောင် ကောင်းမွန်လှပါတယ်။

Chả giò - (ကော်ပြန့်လိပ်)

play

စားစရာတွေကို လိပ်ပြီးပြုလုပ်တဲ့ နေရာမှာ ဗီယက်နမ်နိုင်ငံသားတွေက အကျွမ်းကျင်ဆုံးသူတွေပါ။ ဗီယက်နမ် ကော်ပြန့်လိပ်ဟာ ပုံစံနှစ်မျိုးနဲ့ ရှိပါတယ်။ ကြွပ်ကြွပ်ရွရွလေးဖြစ်နေတဲ့ကော်ပြန့်ကြော် (Chả giò သို့မဟုတ် Nem cuốn) နဲ့ ပုဇွန်၊ ဝက်သားနဲ့ လတ်ဆတ်တဲ့ herbs တွေပါဝင်တဲ့ (Gỏi cuốn) ကော်ပြန့်စိမ်းစသဖြင့် ပုံစံမျိုးမျိုးနဲ့ ရှိပါတယ်။ ဒီလို လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ ကော်ပြန့်လိပ်တွေကို တစ်ခါစားဖူးတာနဲ့ နိုင်ငံတကာက လူတွေအများကြားမှာ ဘာကြောင့် ကျော်ကြားလဲဆိုတာကို နားလည်သွားမှာဖြစ်ပါတယ်။

ဗီယက်နမ် သို့ ပျံသန်းလိုက်ပါ။ သုည ကျပ်မှ စတင်ပြီး ဗီယက်နမ် ဟင်းလျာတွေကိုခံစားလိုက်ပါ။

၂၀၁၆ ခုနှစ် မေလ ၁၀ ရက်မှ ၁၂ ရက် အထိ Vietjet  မျိုးဆက်သစ်လေကြောင်းလိုင်းဟာ ရန်ကုန်မြို့မှ ဟိုချီမင်းမြို့တော် နဲ့ ဗီယက်နမ် နိုင်ငံတွင်းခရီးစဉ်တွေအားလုံးကို သွားနိုင်မယ့် super-promotional လက်မှတ်ပေါင်း ၁ သန်းကို မနက် ၁၁း ၃၀ မှ နေ့လည် ၁း ၃၀ အတွင်း golden hours တွေမှာ သုညကျပ် (အခွန်နှင့် feesများမပါ) မှစတင်ပြီး ရောင်းချပေးမှာဖြစ်ပါတယ်။

play

 

3D Summer activation ကို ကျင်းပခြင်း အထိမ်းအမှတ်အနေနဲ့ Vietjet မျိုးဆက်သစ်လေကြောင်းလိုင်းဟာ  သုညကျပ်မှ စတင်တဲ့ super saving tickets တွေကို ၁၁း၃၀ (မနက်) မှ ၁း၃၀ (နေ့လည်) golden hours အတွင်း မေလ “Let’s Vietjet” campaign မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအရောင်းမြှင့်တင်ရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ မေလ ၁၀ ရက် မှ မေလ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာခရီးစဉ်တွေ ၊ ပြည်တွင်းခရီးစဉ်တွေနဲ့ မြန်မာခရီးစဉ်တွေပါဝင်ပါတယ်။ ခရီးစဉ် ကာလကတော့ သြဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (ပိတ်ရက်များမပါ) ဖြစ်ပါတယ်။

ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကတော့ ခရီးစဉ်မှာ Vietjet နဲ့ပျံသန်းသူတွေအားလုံး အနေနဲ့ Virtual 3D Technology ဂိမ်းတွေ ၊ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းတွေ၊ ခရီးစဉ်တွင်း ဖျော်ဖြေမှုတွေ နဲ့ 3D photo contest တွေကို ခံစားရမယ့် အခွင့်အရေးတွေ ရရှိမယ်ဆိုတာပါပဲ။

စောင့်မနေပါနဲ့တော့ Vietjet ရဲ့ လေယာဉ်တွေအပေါ် အမြန်လိုက်ပါလိုက်ပါ။ အစစ်မှန်ဆုံး ဗီယက်နမ် စားသောက်ဖွယ်လျာတွေကို ကိုယ်တိုင်ကြုံတွေခံစားမှရမှာပါ။ မိုးရာသီမှာ ရက်အနည်းအငယ် အနားယူပြီး မိသားစုဝင် တွေ၊ မိတ်ဆွေတွေနဲ့ အတူ မေ့မရနိုင်မယ့် အပန်းဖြေခရီးစဉ် ကို ဗီယက်နမ်သို့ သွားရောက်ပြီး စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေကို ရယူလိုက်ပါ။

Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar ကို ၁၁း၀၀ မှ ၁း၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။ မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် 09 960 7048 18 call center သို့ ဆက်သွယ်နိုင်ပြီး  Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း နှင့် ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်ဝယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ