Lifestyle: မိုးရာသီမှာ ခဏတာခရီးပဲဖြစ်ဖြစ်၊ နွေရာသီကို ခံစားနိုင်တဲ့ အားလပ်ရက်ခရီးပဲဖြစ်ဖြစ် Vietjet နဲ့အတူ ‘သုည’ ကျပ်မှ စတင် ပျံသန်းပါ

ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်စရာကောင်းတဲ့ နိုင်ငံဆယ်ခုထဲမှာ နံပါတ် ၂ ချိတ်ထားပါတယ်။ အလည်လာကြည့် လိုက်တာနဲ့ ဘာကြောင့် အပျော်ဆုံး နိုင်ငံတွေထဲမှာ ပါသလဲဆိုတာကို ကိုယ်တိုင်သိသွားပါလိမ့်မယ်။

အခုဆိုရင် မိုးရာသီရက်ရှည်တွေကတော့ ပြန်လည်ရောက်ရှိလို့လာပါပြီ။ ပြင်းထန်တဲ့ အပူဒဏ်ကနေ လွတ်မြောက်လာတဲ့အတွက် စစချင်းမှာတော့ သိပ်ပြီး နေလို့ကောင်းပါတယ်။ နည်းနည်းကြာလာတဲ့ အခါမှာတော့ သည်းသည်းမည်းမည်း ဆက်တိုက်ရွာနေတဲ့ မိုးရာသီကို ငြီးငွေ့လာတော့မှာပါ။

တကယ်လို့ မိုးရာသီကို ငြီးငွေ့လာပြီဆိုရင်တော့ မေ့မရနိုင်အောင်လှပတဲ့ ဗီယက်နမ်မှာ နွေရာသီအားလပ်ရက်ကို ခံစားဖို့ ခဏလောက် အနားယူကြည့်နိုင်ပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်စရာကောင်းတဲ့ နိုင်ငံဆယ်ခုထဲမှာ နံပါတ် ၂ ချိတ်ထားပါတယ်။ အလည်လာကြည့် လိုက်တာနဲ့ ဘာကြောင့် အပျော်ဆုံး နိုင်ငံတွေထဲမှာ ပါသလဲဆိုတာကို သင်ကိုယ်တိုင်သိသွားပါလိမ့်မယ်။ ဗီယက်နမ်မှာ လုပ်နိုင်တဲ့ အရာတွေ ထောင်ပေါင်းများစွာထဲက အချို့ကို တင်ပြပေးလိုက်ပါတယ်။

ပင်လယ်ကမ်းခြေ အပန်းဖြေခရီး

play

ဗီယက်နမ်ရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းကမ်းစပ်တွေမှာရှိတဲ့ Nha Trang, Da Nang, Mui Ne နဲ့ Phu Quoc ကမ်းခြေတွေဟာ အာရှတိုက်မှာ အလှဆုံး ကမ်းခြေတွေဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်တွေ အနှစ်သက်ဆုံးနေရာတွေထဲမှာ ရှိနေတာကြာပါပြီ။

ဒါကြောင့် သင်နဲ့ သင့်ရဲ့ ချစ်ခင်သူတွေအတွက် ဗီယက်နမ်ကမ်းခြေ အပန်းဖြေခရီး ဟာ အမှတ်တရတွေများစွာ ဖြစ်စေမှာပါ။

ကြည်လင်စိမ်းပြာနေတဲ့ ပင်လယ်ရေတွေက သင့်ကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး ရွှေရောင် သဲသောင်ပြင်ပေါ်ကို ကျနေတဲ့ အုန်းပင် အရိပ်တွေနဲ့ လှပတဲ့ မြင်ကွင်းတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရေငုပ်တာတွေ၊ စွန်လွှတ်တာတွေ၊ ရေလွှာလျှောစီး လုပ်တာတွေနဲ့ လှုပ်လှုပ်ရှားရှားနေရတာ သဘောကျသူတွေ သေချာပေါက် နှစ်သက်ကြမှာပါ။ 

ဈေးကြီးတဲ့ အပန်းဖြေစခန်းတွေ တော်တော်များများရှိပေမဲ့ ဈေးသက်သာတဲ့ ဘန်ဂလိုတွေနဲ့ ဟိုတယ်တွေကိုလည်း လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။ လတ်ဆတ်ပြီး အရသာရှိတဲ့ အကောင်းဆုံး ပင်လယ်စာ တွေကိုလည်း ဈေးသက်သက်သာသာနဲ့ စားသောက်ဆိုင်တွေမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

UNESCO ရဲ့ သမိုင်းမှတ်တမ်းဝင် ရှေးဟောင်းမြို့တော် Hoi An မှာ လည်ပတ်ခြင်း

play

ကမ်းရိုးတန်း အလယ်ပိုင်းမှာရှိတဲ့ Hoi An မြို့ဟာ ဗီယက်နမ်နိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံးနဲ့ နှစ်သက်စရာ အကောင်းဆုံး မြို့တွေထဲမှာ ပါဝင်ပါတယ်။ အရှေ့တောင်အာရှရဲ့ ကုန်သွယ်ရေး ဆိပ်ကမ်း အနေနဲ့ ၁၅ ရာစုနှစ်ကနေ ၁၉ ရာစုနှစ်အထိ ဖြစ်တည်ခဲ့တဲ့ ဒီမြို့က အခုဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ မြို့တစ်မြို့ဖြစ်နေပြီး စားသောက်ဖွယ်ရာမျိုးစုံ ရရှိနိုင်တဲ့ မြို့ပြတစ်ခု ဖြစ်နေပါပြီ။

Lounge bars တွေ boutique ဟိုတယ်တွေ နဲ့ ခရီးသွားအေးဂျင့်တွေ ရှိတဲ့အတွက် ကျော်ကြားတဲ့ ဒီမြို့ကို လာလည်သူတွေ အနေနဲ့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသရဲ့ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ကမ်းခြေတွေကိုလည်း အနီးအနားမှာ ရှာနိုင်ပါတယ်။

Hoi An မှာ ဗီယက်နမ်နိုင်ငံရဲ့ ကိုယ်တိုင်းနဲ့ အမြန်ဆုံး ချုပ်ပေးတဲ့ ဝတ်စုံ ဆိုင်တွေရှိပြီး နာရီပိုင်းအတွင်း ကိုယ်အကြိုက်ဆုံး ဝတ်စုံကို ချုပ်နိုင်မှာပါ။

မြို့ကြီးများတွင် လည်ပတ်မှု

play

 

ဟနွိုင်း မြို့တော်နဲ့ ဟိုချီမင်းမြို့ (ယခင် Saigon) တွေဟာ ဗီယက်နမ် နိုင်ငံရဲ့ အကြီးဆုံး၊ အချမ်းသာဆုံးနဲ့ သက်ဝင်မှု အရှိဆုံးမြို့ကြီးတွေပါ။ တောင်ပိုင်းမှာရှိတဲ့ ဟိုချီမင်းမြို့ဟာ ဟနွိုင်းမြို့နဲ့ မိုင် ၇၀၀ ကျော် အကွာအဝေးမှာရှိပါတယ်။ ဟိုချီမင်းမြို့ဟာ ခေတ်မီစီးပွားရေး အချက်အချာဗဟိုဌာနတစ်ခုဖြစ်ပြီး ဟနွိုင်းမြို့ဟာ ယဉ်ကျေးမှုအချက်အချာ ဗဟိုဌာနမြို့တော် တစ်ခုဖြစ်ပါတယ်။

မြို့တစ်ခုနဲ့တစ်ခု မတူညီကြပေမဲ့ ဒီမြို့ကြီးတွေမှာ တူညီတဲ့အရာတွေများစွာကို လုပ်နိုင်ပါတယ်။ ဒါကတော့ ဈေးသက်သာပြီး အရသာရှိတဲ့ အစားအစာတွေစားနိုင်တာ၊ လမ်းဘေးစားသောက်ဆိုင်တန်းတွေမှာ စားသောက်နိုင်တာ၊ ဈေးဝယ်ထွက်တာ၊  စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ညအလည်ထွက်တာတွေ အားလုံးလုပ်နိုင်ပါတယ်။ ဒီမြို့တွေကို ရောက်တာနဲ့  ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသည်အကြိုက် နေရာတွေဖြစ်တဲ့ ဟနွိုင်းမြို့ကနေ Halong Bay ဒါမှမဟုတ် Mekong delta နဲ့ Cu Chi မြေအောက်လှိုဏ်ခေါင်းတွေကို နာရီအနည်းငယ်ခန့် အချိန်ပေးပြီး ခရီးတိုသွားရောက်နိုင်ပါတယ်။

မိုးအတွက်ကြောင့် စိတ်ပူမနေပါနဲ့။ ဗီယက်နမ် ကို Vietjet နဲ့အတူ “သုည” ကျပ်မှ စတင်အသုံးပြုပြီးပျံသန်းလိုက်ပါ။

play

 

Vietjet ရဲ့ 3D Summer အရောင်းမြှင့်တင်ရေး အစီအစဉ် ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီတစ်ကြိမ်မှာ တော့ ၂၀၁၆ ခုနှစ် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း ဈေးအသက်သာဆုံး super saving လေယာဉ်လက်မှတ်တွေကို မြန်မာငွေ “ သုည” ကျပ်မှ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီအရောင်းမြှင့်တင်ရေးမှာ ဗီယက်နမ်နိုင်ငံ ပြည်တွင်းခရီးစဉ်တွေနဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာခရီးစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အချိန်ကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ အထိဖြစ်ပါတယ်။ (ပိတ်ရက်များမပါဝင်ပါ)

လက်ရှိ အရောင်းမြှင့်တင်ရေး ကာလအတွင်း Vietjet နဲ့ အတူ ပျံသန်းကြတဲ့ ခရီးသည်တွေအနေနဲ့ စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့ ခရီးစဉ်အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။ လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရ လက်ဆောင်တွေ၊ ပျံသန်းချိန်အတွင်း ဖျော်ဖြေမှုတွေနဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေ အစရှိတဲ့ အစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

စောင့်မနေပါနဲ့တော့။ Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး ကိုယ့်အတွက် အကောင်းဆုံး အပန်းဖြေခရီးတစ်ခုကို စတင်လိုက်ပါ။ မိုးရာသီမှာ ရက်အနည်းငယ်လောက် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ အတူ မေ့မရနိုင်တဲ့ ဈေးဝယ် ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။

သတင်းကောင်းကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ ၁၄ ရက်ခန့်ဗီဇာမလိုပဲ နေထိုင်နိုင်ခြင်းပါ။ Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar (Booking tab ကို နှိပ်လိုက်ရုံသာ) ကို ၂၀၁၆ ခုနှစ် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ နံနက် ၁၁း၀၀ မှ မွန်းလွဲ ၁း၃၀ အတွင်း သွားရောက်၍ Vietjet ရဲ့ “Fly it & Like it” တွင် ပါဝင်လိုက်ပါ။

မြန်မာနိုင်ငံမှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြည်တော်၊ မန္တလေးတို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ