Lifestyle: ”ဘဝဆိုတာ ခရီးစဉ်တစ်ခုပါ” – Vietjet နဲ့ အတူ “သုည” ကျပ်မှစတင်အသုံးပြုပြီး ခရီးထွက်လိုက်ပါ

ခရီးသွားခြင်းဟာ လူတစ်ယောက်ကို အမြင်ကျယ်စေနိုင်သလို ငြီးငွေ့စရာနေ့စဉ်ဘ၀ကနေလည်း လွတ်မြောက်စေနိုင်ပါသေးတယ်။

 

play

 

ခရီးသွားခြင်းဆိုတာ ဘ၀ကိုပိုမိုပြည့်စုံစေဖို့အတွက် ငွေနဲ့ဝယ်ယူရရှိနိုင်တဲ့ အရာတစ်ခုပါပဲ။

လူတစ်ယောက်ဟာ ဈေးအကြီးဆုံးကားနဲ့ ဒေါ်လာသန်းချီတန်တဲ့အိမ်ကို ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ခရီးသွားခြင်းကနေရတဲ့ အမှတ်တရ အတွေ့အကြုံတွေကလည်း ဘဝကိုကိုပိုမိုပြည့်စုံလှပစေမှာပါ။ ခရီးသွားရာကနေ အံ့သြစရာသဘာဝအလှတရားတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး တစ်ခါမှမတွေ့ဖူး၊ မကြုံဖူးသေးတဲ့ ဓလေ့ထုံးစံနဲ့ယဉ်ကျေးမှုတွေကိုလည်း ကြုံတွေ့ ခံစားနိုင်မှာဖြစ်ပါတယ်။

ခရီးသွားခြင်းဟာ လူတစ်ယောက်ကို အမြင်ကျယ်စေနိုင်သလို ငြီးငွေ့စရာနေ့စဉ်ဘ၀ကနေလည်း လွတ်မြောက်စေနိုင် ပါသေးတယ်။ ခရီးသွားတဲ့အခါ ကိုယ်နဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်အသစ်တွေမှာ လည်ပတ်ရတာကြောင့် ပိုပြီး လူရည်လည်စမတ်ကျတဲ့ လူတစ်ယောက်လည်းဖြစ်လာနိုင်ပါသေးတယ်။

ခရီးသွားရာကရတဲ့ အတွေ့အကြုံတွေကို စာသင်ခန်းထဲမှာလိုသင်ယူလို့မရပါဘူး။ လူတစ်ယောက်က အခြားလူတစ်ယောက်အတွက် ကမ္ဘာကြီးကို လှည့်ပတ်လေ့လာ ပေးလို့မရပါဘူး။ ခရီးထွက်ရာကရတဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တိုင်ခရီး မထွက်မချင်း သိနိုင်မှာမဟုတ်ပါဘူး။

play

 

ဥပမာ-ဗီယက်နမ်စားဖွယ်ရာတွေက ကမ္ဘာ့အကောင်းဆုံး အစားသောက်တွေထဲမှာ ကြားဖူးနေပေမဲ့ ကိုယ်တိုင် အရသာကိုမခံစားရမချင်း ဘယ်လိုထူးခြား ကောင်းမွန်တယ်ဆိုတာကို လက်တွေ့သိ နိုင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်သွားရောက် လေ့လာမှသာ လောကရဲ့အလှအပတွေကို နားလည်သိရှိလာမှာ ဖြစ်ပါတယ်။

play

 

ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲ ရှင်သန်ခွင့်ရတာပါ။ လူတစ်ယောက်ဟာ ပိုက်ဆံနဲ့ ဝယ်ယူလို့မရနိုင်တဲ့ အမှတ်တရအတွေ့အကြုံတွေကို မပိုင်ဆိုင်မချင်း ပြည့်စုံချမ်းသာတယ်လို့ပြောလို့မရပါဘူး။ ။ ဒါကြောင့် ဘဝမှာ ကိုယ့်စိတ်တိုင်းကျ အကြိမ်ကြိမ် ခရီးထွက်ပြီး လောကအမြင်ကို ကျယ်ပြန့်အောင် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွားလာအောင်၊ ခံစားမှုတွေကို ပိုမို ကျယ်ပြန့်နက်နဲလာအောင်နဲ့ ပထမဆုံးအကြိမ်ဆိုတဲ့ အမှတ်တရ အချိန်တွေကို ရရှိလာအောင် အခုပဲလုပ်ဆောင်လိုက်ပါ။

 

ဗီယက်နမ်ကို Vietjet နဲ့အတူ “သုည”ကျပ်မှစတင်အသုံးပြုပြီး ပျံသန်းလိုက်ပါ

play

 

ကမ္ဘာကြီးမှာ မြင်တွေ့ချင်စရာတွေအများကြီး ရှိပါတယ်။ သင့်ရဲ့လောကကို ပိုမိုကျယ်ပြန့်လာစေဖို့ ဗီယက်နမ်ကို Vietjet နဲ့အတူ မြန်မြန် အလည်သွားလိုက်ပါ။ ကုန်ကျစရိတ်တွေအတွက် စိတ်ပူမနေပါနဲ့ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ်။

Vietjet သည် ဇွန်လ ၂၁ ရက် မှ ဇွန်လ ၂၃ ရက် အတွင်းတွင် နေ့စဉ် ၁၁း၃၀ မှ ၁၃း၃၀ နာရီအတွင်း အထူး promotion အနေဖြင့် ၀ ကျပ်မှ စတင်သည့် လေယာဉ်လက်မှတ်ပေါင်း ၁၀၀၀၀၀ ခန့်ကို ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ဤအရောင်းမြှင့်တင်ရေး တွင်ရန်ကုန် - ဟိုချီမင်း အပါအ၀င် နိုင်ငံတကာ ခရီးစဉ်များပါဝင်ပါသည်။ ခရီးသွားချိန်သည် သြဂုတ်လ ၁၀ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်းဖြစ်ပါသည်။ (ပိတ်ရက်များမပါ)*

 

အရောင်းမြှင့်တင်ရေး ကာလအတွင်း Vietjet နဲ အတူ ပျံသန်းကြတဲ့ ခရီးသည်တွေအနေနဲ့ လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်းဖျော်ဖြေမှုတွေ နဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

စောင့်မနေပါနဲ့တော့။ Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး သင့်ရဲ့စိတ်တိုင်းကျ ခရီးသွားတဲ့ အတွေ့အကြုံကို ခံစားဖို့ ခြေလှမ်းစတင်လိုက်ပါ။ မိုးရာသီမှာ ရက်အနည်းအငယ်ခန့် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူ မေ့မရနိုင်တဲ့ ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။

သတင်းကောင်းကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ ၁၄ ရက်ခန့် ဗီဇာမလိုဘဲ နေထိုင်နိုင်ခြင်းပါ။ Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။

www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar ကို ၁၁း ၀၀ မှာ ၁း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။ မြန်မာနိုင်ငံမှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို

Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ