Lifestyle: ဗီယက်နမ် ကော်ဖီစစ်စစ်အရသာကို ခံစားဖို့ သုည ကျပ်မှစတင်အသုံးပြုပြီး Vietjet နှင့်အတူပျံသန်းလိုက်ပါ

ဗီယက်နမ်ဟာ ကမ္ဘာ့ဒုတိယမြောက် ကော်ဖီ တင်ပို့မှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်လာခဲ့တာ ကြာပါပြီ။

 

play

 

လူအများစု အတွက် ကော်ဖီဟာ နေ့စဉ်ဘဝမှာမရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ မိတ်ဆွေတွေနဲ့ ကော်ဖီဆိုင်ထိုင်ရင်း အချိန်ဖြုန်းတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ့်အကြိုက်ဆုံး ကော်ဖီဆိုင်မှာထိုင်ပြီး အပြင်လောကကြီးကို ငေးရေင်း ကိုယ့်အတွေးနဲ့ကိုယ်မျောနေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကော်ဖီက အရေးကြီးတဲ့ နေရာကပါဝင်နေပါတယ်။

ဗီယက်နမ်ကို ကော်ဖီနဲ့ စတင်မိတ်ဆက်ပေးခဲ့တာက ပြင်သစ်နယ်ချဲ့တွေဆိုပေမဲ့ ဗီယက်နမ်ဟာ ကမ္ဘာ့ဒုတိယမြောက် ကော်ဖီ တင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာကတော့ ကြာပါပြီ။ ဗီယက်နမ်မှာ ကမ္ဘာကျော် Starbucks ဆိုင်တွေ၊ Highlands နဲ့ Trung Nguyen စတဲ့ နိုင်ငံတကာနဲ့ပြည်တွင်းက ကော်ဖီဆိုင်တွေအပြင် လမ်းကြိုလမ်းကြား နေရာတိုင်းမှာ ဗီယက်နမ် နိုင်ငံသားတွေနဲ့ ပြည့်နှက်နေတဲ့ ကော်ဖီဆိုင်လေးတွေ ကို လည်းတွေ့ နိုင်ပါတယ်။

play

 

ဗီယက်နမ်ဟာ သူတို့ရဲ့ကော်ဖီအပေါ်တန်ဖိုးထားမြတ်နိုးရာမှာ နာမည်ကျော်ပါတယ်။ ဟိုချီမင်းကနေ ဟနွိုင်းအထိ ဗီယက်နမ် မှာနေထိုင်သူတွေအားလုံးရဲ့ ဘဝမှာ ကော်ဖီဟာ မရှိမဖြစ် ပါပဲ။ ကော်ဖီဆိုင်တွေ၊ လမ်းဘေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကဖေး တွေအားလုံး မှာ ကော်ဖီ ကို မနက်ကစပြီး ညအထိ ရောင်းပါတယ်။

play

 

ဗီယက်နမ် နိုင်ငံသားတွေအတွက် ကော်ဖီဟာ သောက်စရာတစ်ခုဆိုတာထက်ပိုတဲ့ ဘဝနေထိုင်မှု ဓလေ့ထုံးစံတစ်ခုပါ။ ဗီယက်နမ်ကို လာရောက်လည်ပတ်သူတွေဟာ ဗီယက်နမ်ရဲ့ နာမည်ကျော် ကော်ဖီအရသာခပ်ပြင်းပြင်းကို ခံစားရဖို့ တောင့်တတတ်ကြပါတယ်။ နိုင်ငံတော်တော်များမှာ ကော်ဖီဖျော် ဖို့ စက်တွေကို သုံးကြပေမဲ့ ဗီယက်နမ်မှာတော့ လှော်ထားတဲ့ကော်ဖီစေ့ကရတဲ့ အနက်ရောင်အမှုန့် တွေကို စကာနဲ့ စစ်ပြီး ရေနွေးပူပူနဲ့ ဖျော်ပါတယ်။ အနံ့အရသာပိုပြီး ပေါ်လွင်ထင်ရှားအောင် ခဏ စစ်ထားပြီးမှ ကော်ဖီဖျော်စက်ထဲကို ထည့်ပါတယ်။ ဗီယက်နမ်ရိုးရာ ကော်ဖီ “ca phe phin” ကို အဲဒီလိုလုပ်လေ့ရှိပါတယ်။ နို့ဆီချိုချိုနဲ့ ရေခဲကိုတောု့ ကိုယ်နှစ်သက်သလို ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

play

 

ဗီယက်နမ် ကော်ဖီဟာ ဘယ်လောက်ကျော်ကြားသလဲဆိုရင် အမေရိကန် သမ္မတ Barack Obama တစ်ယောက် အရင်လတုန်းက ဗီယက်နမ်ခရီးစဉ်အပြီး မှာ သူ့အနေနဲ့ ဗီယက်နမ် ကော်ဖီအေးအေးလေးကို နောက်တစ်ခါပြန်လာရင် သောက်ချင်ပါသေးတယ်လို့ တောင်ပြောသွားရတဲ့အထိပါပဲ။

 

ဗီယက်နမ် ရဲ့ ကော်ဖီ ရိုးရာကို ခံစားဖို့ သုည ကျပ်မှ စတင်အသုံးပြုပြီး Vietjet နဲ့ အတူ ပျံသန်းလိုက်ပါ

ကော်ဖီကို ချစ်မြတ်နိုးလို့ ပဲ ဖြစ်ဖြစ် ဗီယက်နမ် နိုင်ငံသားတွေ ဘယ်လို ကော်ဖီကို သူတို့တွေရဲ့ နေ့စဉ်ဘဝတွေထဲမှာ သောက်သုံးတယ်ဆိုတာကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် နှစ်နာရီပဲကြာတဲ့ လေယာဉ်ခရီးစဉ်ကို စီးပြီး ကိုယ်တိုင် သွားရောက်ခံစားကြည့်နိုင်ပါတယ်။ ကုန်ကျစရိတ်များအတွက်လည်း စိတ်ပူမနေပါနဲ့။ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ်။

Vietjet သည် သုည ကျပ်သာကျသင့်မည့် လေယာဉ်လက်မှတ် ၁၀၀၀၀၀ ကို ဇွန်လ ၂၁ ရက် မှ ဇွန်လ ၂၃ ရက် အတွင်း (golden promotion) အရောင်းမြှင့်တင်ရေး အစီအစဉ်အနေဖြင့် ၃ ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ဤအရောင်းမြှင့်တင်ရေး အစီအစဉ်တွင် ရန်ကုန် - ဟိုချီမင်း အစရှိသည့် နိုင်ငံတကာ ခရီးစဉ်များပါဝင်ပါသည်။ ခရီးသွားချိန်သည် သြဂုတ်လ ၁၀ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်းဖြစ်ပါသည်။ (ပိတ်ရက်များမပါ)*

အရောင်းမြှင့်တင်ရေး ကာလအတွင်း Vietjet နဲ အတူ ပျံသန်းကြတဲ့ ခရီးသည်တွေအနေနဲ့ လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်းဖျော်ဖြေမှုတွေ နဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

စောင့်မနေပါနဲ့တော့။ Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး သင့်ရဲ့စိတ်တိုင်းကျ ခရီးသွားတဲ့ အတွေ့အကြုံကို ခံစားဖို့ ခြေလှမ်းစတင်လိုက်ပါ။ မိုးရာသီမှာ ရက်အနည်းအငယ်ခန့် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ အတူ မေ့မရနိုင်တဲ့ ခရီးစဉ် မှာ ကော်ဖီလေးသောက်ဖို့ စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။ သတင်းကောင်းကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ ၁၄ ရက်ခန့် ဗီဇာမလိုပဲ နေထိုင်နိုင်ခြင်းပါ။ Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။

www.vietjetair.com နဲ့

www.facebook.com/vietjetmyanmar ကို ဇွန်လ ၂၁ ရက် ကနေ ဇွန်လ ၂၃ ရက်ကြား မနက် ၁၁း ၀၀ မှ နေ့လည် ၁း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။

မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ