Lifestyle: Vietjet နဲ့ အတူ ‘zero’ ကျပ်မှ စတင်ပျံသန်းပြီး ဗီယက်နမ်မှာ ဈေးဝယ်ထွက်ရအောင်

အရှေ့တောင်အာရှနိုင်ငံများထဲမှာ ထိုင်းနဲ့ စင်္ကာပူနိုင်ငံတွေသာမက ဗီယက်နမ်နိုင်ငံကလည်း ဈေးဝယ်ထွက်ဖို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများထဲမှာ ထိုင်းနဲ့ စင်္ကာပူနိုင်ငံတွေသာမက ဗီယက်နမ်နိုင်ငံကလည်း ဈေးဝယ်ထွက်ဖို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာဆိုရင် ပြည်တွင်းဖြစ် ထုတ်ကုန်များကိုသာမက နိုင်ငံခြားအမှတ်တံဆိပ် အသုံးအဆောင်တွေကိုလည်း ရရှိနိုင်ပါတယ်။  ဗီယက်နမ်မှာ ကိုယ်တိုင်းနဲ့ချုပ်တဲ့အဝတ်အထည်တွေ၊ ယွန်းထည်တွေ၊ လက်မှုပစ္စည်းတွေ၊ ပန်းထိုးထည်တွေ၊ လက်ကိုင်ပဝါတွေ၊ တီရှပ်တွေ၊ ပိုးထည်တွေနဲ့ ကျောက်မျက်ရတနာလက်ရာတွေကို အကောင်းဆုံး ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်တာကြောင့် သင့်အနေနဲ့ စိတ်မဝင်စားဘူးဆိုရင်တောင် ငြင်းဆန်ဖို့အရမ်းခက်ခဲပါလိမ့်မယ်။

ကမ္ဘာလှည့်ခရီးသည် အများစုကတော့ ဗီယက်နမ်မှာ ဈေးဝယ်ရတာကို ကြိုက်နှစ်သက်တာက သူရဲ့ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းတွေကြောင့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ငွေကြေးအနည်းအငယ် နဲ့ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေတောင် ကုန်ပစ္စည်းတွေကို မူရင်းဈေးနှုန်းရဲ့ သုံးဆခန့်အထိ ဈေးဆစ်ဝယ်ယူနိုင်လို့ပါ။ သင်လည်းသင့်ရဲ့လိုအပ်ချက်တွေအပေါ်မှာပဲမူတည်ပြီး လိုအပ်တာတွေကို ရှာဖွေဝယ်ယူနိုင်မှာပါ။

ဗီယက်နမ်ရောက်ရင် ဘယ်မှာဈေးဝယ်မလဲ

play

ဗီယက်နမ်နိုင်ငံရောက်လို့ သင့်အနေနဲ့ ဘယ်ကနေစရမလဲမသိသေးဘူးဆိုရင်တော့ ပထမဦးစွာ ဟိုချီမင်းမြို့တော်က Ben Thanh ကို သွားလိုက်ပါ။ ဈေးဆိုင်သေးလေးတွေ ၃,၀၀၀ ကျော်ရှိတဲ့ အဲဒီဈေးဟာ အလွန်ကြီးမားပြီး ပစ္စည်းပေါင်းစုံရှိပါတယ်။ Ben Thanh ဈေးရဲ့ ၅ မိနစ် ၁၀ မိနစ် အကွာအဝေးမှာ ဖက်ရှင်ကျတဲ့ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေ နဲ့ ကျောက်မျက်ပစ္စည်းတွေကို ဈေးသက်သက်သာသာရနိုင်တဲ့ Saigon Square ရှိနေပါတယ်။

play

District 1 မှာ လှည့်ပတ်ကြည့်လိုက်ရင် လမ်းတွေမှာ ဈေးဆိုင်တွေ၊ stalls တွေနဲ့ ဆိုင်တန်းတွေကို တွေ့ရ မှာဖြစ်ပါတယ်။ အဲဒီမှာ ဖိနပ်တွေ၊ ပိုးပဝါတွေ၊ အိတ်တွေ၊ အဝတ်အစားတွေ၊ အလှကုန်တွေ၊ လျှပ်စစ်ပစ္စည်းတွေကို မျက်စိတစ်ဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။ အားလုံးကိုလည်း ဈေးနှုန်းသင့်တော်စွာနဲ့ရရှိနိုင်ပါတယ်။ ဈေးရောင်သူတွေ အကုန်လုံးက ဈေးလျှော့ပေးဖို့ အဆင်သင့်ပဲဖြစ်နေကြပါတယ်။

play

ဈေးဝယ်ထွက်ရတာ ခုန်မင်တဲ့တွေအတွက် အကောင်းဆုံးဈေးဆိုင်တန်းတွေရှိတဲ့အပြင် ဗီယက်နမ် နိုင်ငံမှာ အနောက်တိုင်းစတိုင် ရှော့ပင်းစင်တာတွေ (အများစုဟာ အဆင့်မြင့်) ဖြစ်တဲ့ Lotte, Vincom, Diamond Plaza တွေမှာလည်း ဈေးဝယ်နိုင်မှာပါ။ ဒါ့အပြင် အင်တာနက်ပေါ်မှ ဈေးဝယ်မှုတွေလုပ်နိုင်တဲ့ websites တွေကနေ မှာယူပြီး သိပ်မကြာတဲ့ အချိန်အတွင်းမှာ ကိုယ့်တံခါးဝဆီ ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုတွေလည်း ရှိနေပါတယ်။

ကဲ ဗီယက်နမ်မှာ အားရပါးရ ပျော်ပျော်ကြီး ဈေးဝယ်ထွက်ဖို့ သင်အဆင်သင့်ဖြစ်နေပြီလား…..

Vietjet နှင့် အတူ ပျံသန်းပြီး ဗီယက်နမ်မှာ ပျော်ပျော်ကြီးဈေးဝယ်ထွက်လိုက်ပါ။ Zero-fare အရောင်းမြှင့်တင် ရေး လက်မှတ်များ နဲ့ ဗီယက်နမ်လေဆိပ်တွေက 3D လက်ရာပြပွဲတွေကို ခံစားလိုက်ပါ။

မေလ ၁၇ ရက် မှ မေလ ၁၉ ရက် အတွင်း ခရီးသည်များအနည်ဖြင့် “3D Summer” activation အတွက် Vietjet သည် ၀ ကျပ်မှ စတင်သည့် လေယာဉ်လက်မှတ် ထောင်ပေါင်းများစွာကို မနက် ၁၁း ၃၀ မှ နေ့လည် ၁း ၃၀ Golden Hours အချိန်အတွင်းတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ခရီးစဉ်နေ့များသည် သြဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်းဖြစ်ပါသည်။ (ပိတ်ရက်များမပါ)*

play

လက်ရှိအရောင်းမြှင့်တင်ရေး ကာလအတွင်း Vietjet နဲ အတူ ပျံသန်းကြတဲ့ ခရီးသည်တွေအနေနဲ့ လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်းဖျော်ဖြေမှုတွေ နဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။  ဟနွိုင်းမြို့မှာလည်း Vietjet ခရီးသည်တွေပျော်ရွှင်စေဖို့အတွက် roadshows တွေကို စီစဉ်ထားမှာဖြစ်ပါတယ်။

စောင့်မနေပါနဲ့တော့။ Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး ကိုယ်နဲ့ထိုက်တန်တဲ့ အကောင်းဆုံး ဈေးဝယ်တဲ့ အတွေ့အကြုံကို ခံစားဖို့ ခြေလှမ်းစတင်လိုက်ပါ။ မိုးရာသီမှာ ရက်အနည်း အငယ်ခန့် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ အတူ မေ့မရနိုင်တဲ့ ဈေးဝယ် ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။

သတင်းကောင်းကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ ၁၄ ရက်ခန့် ဗီဇာမလိုပဲ နေထိုင်နိုင်ခြင်းပါ။ Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar ကို ၁၁း ၀၀ မှာ ၁း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။

မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ