AD
AD
AD
play

 

ရန်ကုန်မြို့မှာ KTV ဘယ်နှစ်ခုရှိသလဲလို့မေးလာရင် အချိန်အတော်ကြာအောင် စာရင်းကောက်ယူရလောက်တဲ့အထိကိုပဲ KTV တွေကများလွန်းလှပါတယ်။ KTV တွေအများကြီးထဲကနေမှ မိသားစုတွေ၊ သူငယ်ချင်းတွေပျော်ပျော်ပါးပါး၊ လွတ်လွတ်လပ်လပ်ဆိုလိုရတဲ့ ခပ်သန့်သန့် Family KTV တွေဆိုရင်တော့ ရေတွက်ရတာအတော်လေးလျော့သွားမှာပါ။ အဲဒီလို ခပ်သန့်သန့် Family KTV တွေထဲမှာ အလန်းဆုံးနဲ့အဆန်းသစ်ဆုံးအဖြစ် နာမည်ရနေတာကတော့ Voice Industry ပါပဲ။ ဘာကြောင့်အဲဒီလိုနာမည်ရနေလဲဆိုတာကို တစ်ချက်ချင်းလေ့လာသုံးသပ်ကြည့်တော့ ဒီအချက်တွေကိုသွား တွေ့ပါတယ်။

အလန်းစားအိုင်ဒီယာနဲ့ အခန်းအပြင်အဆင်

Rocker ကြီးလား၊ Rapper ကြီးလား၊ ဒါမှမဟုတ် Pop သီချင်းငြိမ့်ငြိမ့်လေးတွေဆိုမှာလား ။ ဘယ်ဂီတအမျိုးအစားကို ရင်ခုန်တဲ့သူပဲဖြစ်ဖြစ် Voice Industry မှာကိုယ်ရူးသွပ်တဲ့ ဂီတအမျိုးအစား Theme နဲ့အခန်းတွေကိုရှာဖွေတွေ့ရှိနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ Vocie Industry မှာ ဂီတအမျိုးအစားအလိုက် Theme တွေနဲ့ အခန်းတွေကို ပြင်ဆင်ထားလို့ပါ။ ဒါ့အပြင်အခန်းတိုင်းမှာ ဒီဇိုင်းခပ်မိုက်မိုက်နဲ့ mic stand လည်းရှိသေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် စင်ပေါ်မှာ သီဆိုဖျော်ဖြေနေရတဲ့အလား ခံစားမှုကိုရရှိနိုင်ဦးမှာဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းအလိုက်၊ ဝန်ဆောင်မှု အလိုက်လည်း မတူညီတဲ့အခန်းတွေကို ဖွဲ့စည်းပေးထားတာကြောင့် မွေးနေ့ပွဲ၊ ဒါမှမဟုတ်တခြားအထိမ်းအမှတ်ပွဲ လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီးပုံမှန်သီချင်းဆိုချင်ရင်ပဲဖြစ်ဖြစ် ကိုယ့်လိုအပ်ချက်အလိုက်ကိုက်ညီမယ့် အခန်းကို လည်းစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

play

 

အသံစနစ်

KTV တစ်ခုကောင်း၊မကောင်းကို အဓိကတိုင်းတာဆုံးဖြတ်နိုင်တဲ့အချက်ကတော့ အဲဒီ KTV မှာသုံးထားတဲ့ အသံစနစ်ပါပဲ။ Voice Industry မှာက အဆင့်မြင့် EV Sound System ကိုသုံးထားပြီး Mic တွေကလည်း အမျိုးအစားကောင်းမွန်တဲ့ Stand Mic တွေ၊ Wireless Mic တွေနဲ့ဆိုတဲ့ ဘယ် KTV မှာနဲ့မှမတူဘဲ စစ်မှန်တဲ့ဂီတသံတွေကို ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

သီချင်းစုံလင်မှု

အသံစနစ်တွေ၊ မိုက်တွေကကောင်းပါတယ်၊ အခန်းအပြင်အဆင်ကလည်း ရှယ်ပါပဲ။ ဒါပေမဲ့ ဆိုချင်တဲ့သီချင်းရှာမရဘူးဆို ရင်လည်း မဖြစ်သေးပါဘူး။ Voice Industry မှာ ဟိုးရှေးခေတ်ကနေ နောက်ဆုံးထွက်မြန်မာသီချင်းတွေအထိ စုံစုံလင်လင် ရှိပါတယ်။ မြန်မာသီချင်းတွေပဲလားဆိုတော့ မဟုတ်ပါဘူး။ အင်္ဂလိပ်သီချင်းတွေ၊ တရုတ်သီချင်းတွေ နဲ့ ကိုရီးယားသီချင်းတွေတောင် အများကြီးရှိနေပါသေးတယ်။

play

 

နည်းပညာ

ဒီလောက်လန်းနေတဲ့ KTV က စာအုပ်ကြီးတွေလှန်ပြီးသီချင်းရွေးနေစရာမလိုဘူးလောက်ဘူးဆိုတာကိုတော့ အားလုံးခန့်မှန်းမိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ Voice Industry မှာသုံးထားတဲ့နည်းပညာက အဲဒီထက်မကပါဘူး။ တခြား KTV တွေက သီချင်းထည့်တဲ့ Tablet စနစ်တွေထက် Voice Industry မှာသုံးထားတဲ့ ဆော့ဖ်ဝဲနဲ့နည်းပညာတွေက သီချင်းရှာရတာ၊ ထည့်ရတာ နဲ့တခြားလုပ်ဆောင်ချက်တွေအတွက်ပါပိုပြီး အဆင်ပြေချောမွေ့တာကိုရောက်ဖူးသွားရင် သိသွားမှာပါ။

အစားအသောက်

သီချင်းဆိုတယ်ဆိုတာ ဗိုက်ဆာသလို၊ အာလည်းခြောက်တတ်ပါတယ်။ ဒီအတွက် Voice Industry ရဲ့စားဖိုမှူးတွေရဲ့ ရှယ်လက်ရာ အစားအသောက်တွေနဲ့ ကော့တ်တေးလ်၊ ဘီယာ၊ ယမကာအမျိုးမျိုး၊ မသောက်တတ်တဲ့သူတွေအတွက် အချိုရည်၊ဖျော်ရည် အမျိုးတွေကအသင့်ရှိနေပါတယ်။ အစားအသောက်တွေက အပြင်ကနာမည်ကျော်စားသောက်ဆိုင် တွေနဲ့ကောင်းကောင်းယှဉ်နိုင်တာကြောင့် အရသာတွေ့ကြမှာသေချာပါတယ်။

play

 

ပရိုမိုးရှင်းတွေ

Vocie Industry မှာ လအလိုက် မွေးနေ့ရှင်တွေအတွက် အထူးလျှော့ဈေးအစီအစဉ်တွေ၊ Lucky Wheel လိုပျော်စရာ ကံစမ်းအစီအစဉ်တွေအပြင် အခါအားလျော်စွာ တခြားပရိုမိုးရှင်းအမျိုးမျိုးတွေကိုလည်း Customer တွေအတွက် ဖန်တီးပေးနေတာကြောင့် ရောက်သွားရင် ပျော်စရာတစ်ခုမဟုတ်၊တစ်ခုနဲ့တိုးမှာအသေအချာပါပဲ။

ကဲ ... ဒီလောက်ဆိုရင် Voice Industry ကရန်ကုန်မြို့ရဲ့ Family KTV တွေထဲမှာဘာလို့နာမည်ကျော်နေရလဲဆိုတာ သိလောက်ပါပြီ။ Voice Industry ရဲ့လိပ်စာက Asia Business Center ၊ပထမထပ် (Training Ground ဘေး) ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် ဖြစ်ပါတယ်။ အခန်း Booking လုပ်ဖို့အတွက် ဖုန်းနံပါတ်ကတော့ - 09458889292 ဖြစ်ပြီး Voice Industry ရဲ့ ပရိုမိုးရှင်းတွေ၊ ဈေးနှုန်းတွေနဲ့တခြားအသေးစိတ်အချက်အလက်တွေကို သိချင်ရင်တော့ Voice Industry ရဲ့ တရားဝင် Facebook Page => www.facebook.com/voiceindustryfamilyktv မှာဝင်ရောက်လေ့လာလို့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD