Lifestyle: Voodoo နဲ့ စုန်းအတတ်ပညာ

, updated

တခြားလူတစ်ယောက်ကို ဒုက္ခပေးဖို့ အရုပ်တစ်ခုကို အပ်နဲ့ထိုးဆွတာမျိုးတွေနဲ့ မြင်ရလေ့ရှိတဲ့ Voodoo အကြောင်းကို အခုဗဟုသုတအနေနဲ့ ပရိသတ်ကြီးသိလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

play


Voodoo ဆိုတာ စုန်းနဲ့ အောက်လမ်းအတတ်ပညာပိုင်းဆိုင်ရာ အစီအရင်မှာ အသုံးပြုတဲ့ အရုပ်လို့တော့ လူတော်တော်များများ သိထားကြပါတယ်။ စုန်းကဝေဇာတ်ကား၊ သရဲကားနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်လေ့ရှိပေမဲ့ တကယ့် Voodoo ဆိုတာ ဘာလဲ သေသေချာချာ သိချင်မှ သိကြမှာပါ။

တခြားလူတစ်ယောက်ကို ဒုက္ခပေးဖို့ အရုပ်တစ်ခုကို အပ်နဲ့ထိုးဆွတာမျိုးတွေနဲ့ မြင်ရလေ့ရှိတဲ့ Voodoo အကြောင်းကို အခု ဗဟုသုတအနေနဲ့ ပရိသတ်ကြီးသိလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

Voodoo အရင်းအမြစ်

play

 

Voodoo ဆိုတာ အာဖရိကန်လူမျိုးတွေဆီက ဆင်းသက်လာတဲ့ အစီအရင်တစ်မျိုးပါ။ ဝိဉာဉ်၊ အောက်လမ်း မှော်အတတ်ပညာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာသုံးဖို့ တီထွင်ခဲ့ကြတာလို့လည်းဆိုပါတယ်။

ကမ္ဘာနှစ်ဖက်

play


Voodoo အသုံးပြုသူတွေရဲ့အဆိုအရ Voodoo တွေဟာ ကမ္ဘာနှစ်ခုကို ဆက်စပ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။ မြင်နိုင်တဲ့ လူသားတွေနဲ့ မမြင်နိုင်တဲ့ လောကသားတွေကို ချိတ်ဆက်ပေးတယ်လို့ဆိုကြတာပါ။

ဘယ်နေရာတွေမှာ တွေ့ရလဲ

play


Voodoo တွေကို အဓိကအားဖြင့် အာဖရိကအရှေ့ပိုင်း၊ ဟိုင်တီနဲ့ လူဝီစီယားနား ပြည်နယ်တွေမှာ တွေ့ရတတ်ပါတယ်။ တခြား ကျူဘား၊ ဘရာဇီး၊ ပေါ်တူရီကိုနဲ့ ဒိုမနီကန်တို့မှာလည်း မထင်မရှား တွေ့ရတတ်တယ်လို့ ရှာဖွေတွေ့ရှိသူတွေက ဆိုပါတယ်။

အီဝါ (Iwa)

Voodoo အသုံးပြုသူတိုင်းက တန်ခိုးကြီးတဲ့ အီဝါဆိုတဲ့ ဝိဉာဉ်နဲ့ စကားပြော ဆက်ဆံရလေ့ရှိတယ်လို့ ဆိုပါတယ်။

အီဝါနဲ့ အသုံးပြုသူတွေ

Voodoo ရုပ် အသုံးပြုသူတွေဟာ အီဝါဆီကနေ အကြံဉာဏ်နဲ့ နည်းနာတွေကို မေးမြန်းဆွေးနွေးပြီး Voodoo ရုပ်ကို အသုံးပြုကာ အစီအရင်တွေ လုပ်ရတာပါ။

Voodoo ရုပ်တုတွေ

play


၁၉၈၇ ဟိုင်တီက အသင်းအဖွဲ့အချို့ဟာ Voodoo ရုပ်တုတွေကို သိမ်းဆည်းထိန်းသိမ်းထားတယ်လို့သိကြပါတယ်။ ဒါပေမဲ့ Voodoo ရုပ် ပြုလုပ်လေ့ရှိတဲ့ နေရာကိုတော့ မီးရှို့ဖျက်စီးလိုက်ကြပါပြီ။

Voodoo ဆရာ

Voodoo ရုပ်တွေမှာ ဆရာဆိုတာ မရှိသလို သူတို့ကို စေခိုင်းအမိန့်ပေးခွင့်ရှိသူလည်း မရှိပါဘူး။

အရုပ်

play

 

Voodoo ဆိုတာ အရုပ်သက်သက် မဟုတ်ပါဘူး။ မှော်အတတ်နဲ့ တစ်ပါးသူကို ကျိန်စာတိုက်ဖို့ ဒုက္ခပေးဖို့ အစီအရင်တွေ လွှဲပြောင်းတဲ့ ကြားခံနယ်လို့ သတ်မှတ်ကြပါတယ်။ များသောအားဖြင့် ပြောင်းဖူးမွေး၊ အာလူး၊ အရွက်အချို့၊ ရွှံ့နဲ့ အဝတ်စတွေကို အသုံးပြုပြီး Voodoo ရုပ်ပုံစံပြုလုပ်ကြရပါတယ်။

ကုသခြင်း

Voodoo တွေကိုအသုံးပြုပြီး လူတွေရဲ့နာမကျန်းမှုနဲ့ တခြားအရာတွေကို ကုသလို့ရတယ်လို့လည်းဆိုပါတယ်။

Voodoo ဘုရင်မ

သမိုင်းတစ်လျှောက် Marie Laveau ဆိုတဲ့ အမျိုးသမီးဟာ နယူးအော်လင်းန်မှာ Voodoo ဘုရင်မအဖြစ် နာမည်ကြီးသူတစ်ဦးပါ။ ယုံကြည်သူတွေ အဆိုအရ သင်ဟာ Voodoo ဘုရင်မ Marie Laveau ရဲ့ အုတ်ဂူပေါ်မှာ X အမှတ်အသားရေးပြီး ကိုယ်ကို သုံးခါလှည့်ပြီး လိုချင်တဲ့ဆုကို အော်ပြီးတောင်းရင် သူမက ဖြစ်လာအောင် လုပ်ပေးလေ့ရှိတယ်လို့ အယူရှိကြပါတယ်။

play

 

ဝင်စီးခြင်း

တချို့အဆိုအရ အီဝါဟာ Voodoo အသုံးပြုသူရဲ့ ကိုယ်ထဲကို ဝင်စီးနေထိုင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

တိရစ္ဆာန်တွေကို စတေးတာ

Voodoo အသုံးပြုခြင်းတော်တော်များများမှာ တိရစ္ဆာန်တွေကို စတေးပြီး သတ်ဖြတ်ရတာတွေ ပါတတ်ပါတယ်။ ဘာလို့ ဒီလိုလုပ်ရတာလည်းဆိုရင် အီဝါကို အင်အားကြီးမားအောင် ပြုလုပ်ပေးတာလို့လည်း ဆိုပါတယ်။

အသုံးပြုသူ

အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ Voodoo အသုံးပြုသူ ၉ သန်းနီးပါး ရှိပါတယ်။

play

Voodoo ကိုစောင့်ရှောက်သူတွေ

Voodoo အသုံးပြုသူနဲ့ အသုံးပြုနေတဲ့ Voodoo တွေကို စောင့်ရှောက်ပေးတဲ့ သူတွေ သတ်သတ်ရှိကြပါတယ်။ ဥပဒေတောင် ထုတ်ထားတာမျိုးရှိတယ်လို့ ဆိုပါတယ်။

တကယ်တမ်း Voodoo ဆိုတာ

တကယ်တမ်းတော့ Voodoo ဆိုတာ လူမျိုးတွေရဲ့ ဓလေ့အစွဲပေါ်မှာ မူတည်ပြီး ယုံကြည်ကြတဲ့အရာလို့ပဲ သတ်မှတ်ထားကြတာပါ။ ဒါပေမဲ့လည်း Voodoo တွေအစွမ်းနဲ့ ကုသတာတွေ၊ ဒုက္ခပေးတာတွေလည်း မထင်မရှားရှိနေဆဲလို့ ဆိုကြပါတယ်။
Source : List25

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ