Lifestyle: Wall E ကို လက်တွေ့ တီထွင်

, updated

Wall E ကို သတ္ထုပြားဟောင်းတွေ၊ ဝက်အူတွေနဲ့ ရာဘာတုံးအဟောင်းတွေကို အသုံးပြုပြီး တီထွင်ထားတာလို့ သိရပါတယ်။

play

 

Wall E ဆိုတာ ကာတွန်း အန်နီမေးရှင်း ဇာတ်ကားထဲက ဇာတ်ကောင်လေးရဲ့ နာမည်ပါ။ သူက လူမဟုတ်ဘဲ သန့်ရှင်းရေး ပြုလုပ်တဲ့ စက်ရုပ်ငယ်လေးဖြစ်ပါတယ်။ ခုတော့ သူ့ကို အပြင်မှာ တကယ် တီထွင်လိုက်ပါပြီ။

play

 

ဘိုလီးဗီးယားနိုင်ငံက အသက် ၁၇ နှစ်အရွယ် Esteban Quispe ဆိုတဲ့ ကျောင်းသားလေးက Wall E နဲ့ တစ်ထပ်တည်းတူတဲ့ စက်ရုပ်လေးကို တီထွင်လိုက်တာ ဖြစ်ပါတယ်။ Quispe ဟာ ပါတားကမ်မားယားမြို့လေးက အမှိုက်ပုံမှာ သူ့ရဲ့ စက်ရုပ်ကို ဖန်တီးဖို့အတွက် သတ္ထုပြားဟောင်းတွေ၊ ဝက်အူတွေနဲ့ ရာဘာတုံးအဟောင်းတွေကို ရှာဖွေစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့စက်ရုပ်လေးအတွက် ဘက်ထရီမလိုဘဲ နေရောင်ခြည်နဲ့ အားဖြည့်နိုင်ပြီး အမှိုက်တွေကို သိမ်းဆည်းရှင်းလင်းနိုင်ပါတယ်။

play

 

ဒါ့အပြင် သူ့ရဲ့စက်ရုပ်ကို ထိန်းကျောင်းမောင်းနှင်ဖို့အတွက် မိုဘိုင်း အက်ပလီကေးရှင်းကိုပါ ဖန်တီးထားပါသေးတယ်။ သူ့ရဲ့စက်ရုပ်လေးဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးမယ့် ကောင်းမွန်တဲ့အရာလေးတစ်ခု ဖြစ်ဖို့ သူက ရည်ရွယ်ထားပါတယ်။ သူ့ရဲ့ အိမ်နားတစ်ဝိုက်မှာတော့ လှုပ်လှုပ်ရှားရှား သွားလာနေတဲ့ Wall E လေးကို မြင်နိုင်မှာပါ။

 

Source : Techinsider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ