AD
AD
AD

ရုံးဖွင့်ရက်တွေမှာ အချိန်မှန်အိပ်၊ အချိန်မှန်စား၊ နေ့စဉ်ရုံးဆင်း၊ရုံးတက်အတွက် သွားလာရတာတွေကြောင့် ခန္ဓာကိုယ်က ပုံမှန်အတိုင်းလည်ပတ်ပြီး ကိုယ်အလေးချိန်ကိုလည်းထိန်းသိမ်းထားနိုင်တတ်ပါတယ်။ ဒါပေမဲ့ ရုံးပိတ်ရက်ရောက်တဲ့အခါ မှာတော့ တစ်ပတ်တာပင်ပန်းထားသမျှတွေကို အတိုးချအနားယူတဲ့အနေနဲ့ စားချင်တာတွေစား၊ ညဥ့်နက်မှအိပ်ရာဝင်၊ နေမြင့်မှအိပ်ရာထနဲ့ ခန္ဓာကိုယ်လည်ပတ်ပုံကပြောင်းလဲသွားပါတော့တယ်။ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သောက်စားတာတွေပါရှိလာတဲ့အခါမှာတော့ ခန္ဓာကိုယ်အလေးချိန်ကလည်း တိုးလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ထိန်းသိမ်းထားတဲ့ကိုယ်အလေးချိန်ကို ရုံးပိတ်ရက်တွေမှာ တိုးမလာစေဖို့ လိုက်နာသင့်တဲ့အချက်တွေကို ပြောပြချင်ပါတယ်။

(၁) ပျော်ပျော်ပါးပါးအပြင်ထွက်ရင်း ကိုယ်လက်လှုပ်ရှား

play

 

ပိတ်ရက်မှာသူငယ်ချင်းတွေနဲ့ မုန့်ဆိုင်တကာလျှောက်လည်စားတာထက်စာရင် ကိုယ်လက်လှုပ်ရှားမှုရမယ့် ပျော်ပွဲစားခရီး တိုလေးတွေထွက်ပေးပါ။ ညအိပ်ခရီးမထွက်နိုင်ရင်တောင် နေ့ချင်းပြန်သွားလို့ရတဲ့ ပျော်ပွဲစားခရီးတိုလေးတစ်ခုလောက် ထွက်သင့်ပါတယ်။ ဒီလိုကိုယ်လက်လှုပ်ရှားရတဲ့ပျော်ပွဲစားခရီးတိုလေးတစ်ခုထွက်ပေးခြင်းဖြင့် စိတ်ရော၊လူပါ လန်းဆန်းမယ့်အပြင် ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းမှုကိုလည်း အထောက်အကူပြုမှာပါ။

(၂) နည်းနည်းလောက်ပိုအိပ်

play

 

ရုံးဖွင့်ရက်တွေမှာ နေ့တိုင်းမနက်စောစောထထားရတာကြောင့် ပိတ်ရက်မှာ နည်းနည်းလောက်ဖြစ်ဖြစ် ပိုအိပ်ချင်တတ်တာ လူ့သဘာဝပါပဲ။ဒီလိုအိပ်လိုက်လို့ ကိုယ်အလေးချိန်တိုးလာမလားဆိုပြီး စိုးရိမ်စရာတော့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ရုံးဖွင့်ရက်တွေမှာ သင့်အနေနဲ့အိပ်ရေးပျက်ထားနိုင်တာကြောင့် ရုံးပိတ်ရက်မှာ နည်းနည်းလောက်ပိုအိပ်ပေးလိုက်ခြင်း အားဖြင့် ခန္ဓာကိုယ်ကအနားရသွားမှာပါ။ အိပ်ရေးပျက်တာဟာ ကိုယ်အလေးချိန်တိုးခြင်းနဲ့ဆက်စပ်နေကြောင်း တွေ့ရှိထားရတာကြောင့် ပိတ်ရက်မှာနည်းနည်းပိုအိပ်ပေးဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

(၃) မနက်စာကောင်းကောင်းစား

play

 

ပိတ်ရက်မှာ အလောတကြီးအပြင်သွားစရာမလိုအပ်တာကို ကောင်းကောင်းအသုံးချပြီး မနက်စာကို ဇိမ်နဲ့ကောင်းကောင်း စားသင့်ပါတယ်။ အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားပေးရမှာပါ။ မနက်စာကိုကောင်းကောင်းစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်သလို ကိုယ်အလေးချိန်ထိန်းသိမ်းထားဖို့လည်း အထောက်အကူပြုပါတယ်။

(၄) နောက်တစ်ပတ်အတွက်ပြင်ဆင်

ပိတ်ရက်တွေဟာ နောက်တစ်ပတ်အတွက်ကြိုတင်ပြင်ဆင်ဖို့အကောင်းဆုံးနေ့ရက်တွေပါပဲ။ ဒီရက်တွေမှာ နောက်တစ်ပတ် အတွင်းသင်လုပ်ရမယ့်အလုပ်တွေ၊ လေ့ကျင့်ခန်းတွေ၊စားသောက်မယ့်ပုံစံတွေ၊ အိပ်ချိန်တွေကိုပြင်ဆင်ထားပေးခြင်းအား ဖြင့် လက်တလော အကျိုးရှိသလို ရေရှည်မှာလည်း အကျိုးကျေးဇူးတွေခံစားရမှာပါ။

(၅) အပြင်ထွက်မစားခင် အစီအစဉ်သေချာချ

play

 

သူငယ်ချင်းတွေက လာခေါ်လို့ရှောင်လွှဲမရတော့ဘဲ မုန့်ထွက်စားကြတော့မယ်ဆိုရင် မထွက်ခင်မှာ အစီအစဉ်သေချာ ချထားဖို့လိုပါတယ်။ သင့်အနေနဲ့ဘယ်လိုအစားအစာတွေကိုပဲစားမယ်၊ ဘယ်လောက်ပဲစားမယ်ဆိုတာမျိုးတွေ ကြိုကြိုတင်တင်ပြင်ဆင်ထားရပါမယ်။ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်အလေးချိန်မတိုးအောင် ထိန်းသိမ်းထားနိုင်မှာပါပဲ။

 

ှSource : Reader Digest

ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD