play

 

ချစ်သူနဲ့ရွှေလက်တွဲလို့ နှစ်ယောက်တစ်ဘဝထူထောင်တော့မယ့် အချိန်ဟာ ဘဝရဲ့တစ်ဆစ်ချိုးအရေးကြီးလှတဲ့အချိန်ပါပဲ။ ဒီလိုအချိန်မျိုးမှာ မင်္ဂလာသတို့သမီးဝတ်စုံနဲ့အလှဆုံးဖြစ်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ သဘာဝကျတဲ့ဆန္ဒပါ။ ဒီဆန္ဒပြည့်ဝ ဖို့ဆိုရင်တော့ ထိုင်ဆုတောင်းနေရုံနဲ့မရဘဲ ကိုယ်တိုင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒါကြောင့် သတို့သမီးဝတ်စုံနဲ့ အလှဆုံးဖြစ်နေမယ့် သွယ်လျတဲ့ခန္ဓာကိုယ်လေးရရှိအောင် မင်္ဂလာပွဲမတိုင်ခင် ကိုယ်အလေးချိန်လျော့ချနိုင်မဲ့ နည်းလမ်းတွေ၊ သိထားရမယ့်အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိန်ဆေးတွေရဲ့ အကူအညီကို မယူမိပါစေနဲ့

မင်္ဂလာပွဲအတွက် ပြင်ဆင်စရာတွေများလွန်းလို့ လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလွယ်လမ်းလိုက်ပြီး ဈေးကွက်ထဲမှာနာမည်ကြီးနေတဲ့ ပိန်ဆေးတွေ၊ အဆီကျဆေးတွေကိုသုံးစွဲတာမျိုး မလုပ်စေချင်ပါဘူး။ ဒီလိုဆေးဝါးတွေအကူအညီနဲ့ ကိုယ်အလေးချိန်လျှော့ချတာဟာ ယာယီပဲအကျိုးရှိပြီး အခန့်မသင့်ရင် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်လို့ပါ။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ပြင်ဆင်မယ့်အချိန်မှာ ပိန်ဆေးတွေကို စမ်းသုံးရကောင်းနိုးနိုးမဖြစ်ဘဲ ရှောင်ကျဉ်လိုက်တာက အကောင်းဆုံးပါ။

play

 

(၂) စနစ်ကျပြီးမှန်ကန်တဲ့လေ့ကျင့်ခန်းအစီအစဉ်နဲ့ လေ့ကျင့်ခန်းစလုပ်ပါ

မင်္ဂလာပွဲအတွက်အလုပ်တွေများနေတာမှန်ပေမယ့် တကယ်ဖြစ်ချင်၊တကယ်လုပ်ဆိုတဲ့စကားအတိုင်း တကယ်သာ ဆန္ဒရှိရင် လေ့ကျင့်ခန်းလုပ်ဖို့အချိန်ကိုစီမံလို့ရမှာသေချာပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲမတိုင်မီ ကိုယ်အလေးချိန်လျှော့ချဖို့ ဆိုရင် ပုံမှန်အတိုင်း Gym ဆော့တာမျိုးမဟုတ်ဘဲ နားလည်တတ်ကျွမ်းတဲ့ Trainer တွေရှိရာ Gym တွေမှာ စနစ်တကျသွားရောက်လေ့ကျင့်ဖို့လိုပါတယ်။ ဒါမှသာအချိန်တိုတိုနဲ့ ကျစ်လစ်ပြီးကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးကို ရရှိမှာပါ။ Training Ground The Premier Fitness Club လိုGym မျိုးမှာဆိုရင် Wedding Preparation Program လို အထူးလေ့ကျင့်ရေးအစီအစဉ်မျိုးတွေတောင်ရှိပါတယ်။ ဒီလိုလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အချိန်ပေးရတာမှန်ပေမယ့် ခန္ဓာကိုယ်အတွက် အမှန်တကယ်အကျိုးရှိတဲ့အပြင် လူကလည်း လန်းဆန်းတက်ကြွနေတာကြောင့် မင်္ဂလာပွဲအတွက်ပြင် ဆင်ရာမှာ စိတ်ကြည်ကြည်လင်လင်နဲ့ ဆုံးဖြတ်ချက်တွေမြန်မြန်ဆန်ဆန်ချမှတ်နိုင်တဲ့ အကျိုးကျေးဇူးကိုတောင်ရရှိဦးမှာ ဖြစ်ပါတယ်။

(၃) အစားမှန်မှန်စားပါ

play

 

ပိန်ချင်ဇောနဲ့ ခန္ဓာကိုယ်အတွက်လုံလောက်တဲ့အာဟာရ ပြည့်မီအောင်မစားဘဲအစားရှောင်တာမျိုးကို မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ကာလမှာ မလုပ်သင့်ပါဘူး။ ဒီအချိန်မှာသင့်အနေနဲ့ အလုပ်တွေများပြီး စိတ်လှုပ်ရှားနေတာကြောင့် စိတ်ဖိစီးမှုတွေများနေတတ်တာကြောင့် အအိပ်၊အစား မှန်ဖို့ အာဟာရပြည့်မီအောင်စားဖို့တို့ကို အာရုံစိုက်ထားဖို့လိုပါတယ်။ ဒါပေမဲ့ အဆီများတဲ့အစားအစာတွေ၊ သရေစာတွေကိုရှောင်ကျဉ်ပြီး အာဟာရပြည့်ဝအောင်ပဲ ထိန်းပြီးစားပေးဖို့တော့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် စိတ်ဖိစီးတဲ့ဒဏ်၊ အစားပျက်တဲ့ဒဏ်တွေကြောင့် ကျန်းမာရေးတောင်ထိခိုက်နိုင်ပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ

စိတ်ဖိစီးမှုများတာဟာလည်း ကိုယ်အလေးချိန်တိုးရတဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့်သင့်အနေနဲ့ဒီကာလမှာ ခေါင်းကိုတတ်နိုင်သမျှအေးအေးထားပြီး လုပ်စရာရှိတာတွေကိုတစ်ခုချင်း လုပ်ဆောင်သွားဖို့လိုပါတယ်။ တစ်ဖက်မှာလည်း ကိုယ်မတတ်နိုင်တဲ့ကိစ္စတွေအတွက် ကြိုတင်ပူပန်နေတာမျိုးတွေကိုလည်းလျှော့ပေးရပါမယ်။ မနက်စောစော အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ တစ်နေ့တာလုပ်ရန်ရှိစာရင်း လုပ်ထားတာမျိုးတွေက စိတ်ဖိစီးမှုနည်းနည်းနဲ့ အလုပ်တွေ ပြီးမြောက်ဖို့ အထောက်အကူဖြစ်မှာပဲ ဖြစ်ပါတယ်။

Source : Fitness Magazine

ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video