AD
AD
AD

နှစ်ကုန်ခါနီးလာပြီဆိုတော့ တစ်နှစ်တာအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောင်းအောက်မေ့ ပြောစရာ ဖြစ်လာပါတယ်။ တစ်နှစ်အတွင်း အထူးခြားဆုံး အရာတွေ၊ ရေပန်းစားဆုံး အရာတွေကို ကဏ္ဍအသီးသီးကနေ ထုတ်ပြန်နေကြတယ်။ YouTube ကလည်း တစ်နှစ်တာအတွင်း ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ ဗီဒီယိုတွေကို ဒီဇင်ဘာလ ဒုတိယသီတင်းပတ်မှာ ထုတ်ပြလိုက်ပါတယ်။ နှစ်စဉ် ပေးနေကြ ခေါင်းစဉ်အတိုင်း YouTube Rewind ဖြစ်ပါတယ်။

play

 

တစ်နှစ်အတွင်း ရေပန်းအစားခဲ့ဆုံး ဗီဒီယို ၁၀ ခုကို ပြန်လည်ပေါင်းစည်း ဖော်ပြခဲ့တာပါ။ The Shape of 2017 ဆိုတဲ့ ဗီဒီယိုကို လူပေါင်း ၃၀၀ နီးပါး ပါဝင်ဖန်တီးခဲ့ရတယ်။ နိုင်ငံပေါင်း ၂၀ ကျော်က ရေပန်းစားနေတဲ့ စတားတွေ၊ ဂီတပညာရှင်တွေနဲ့ အထူးဧည့်သည်တော်တွေ ပါဝင်ထားပါတယ်။

play

 

YouTube ပေါ်မှာ ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ ဗီဒီယို ၁၀ ခုဟာ စုစုပေါင်း အကြိမ်ရေ သန်း ၆၃၀ ကြည့်ရှုခံရပြီး အချိန်အားဖြင့် တွက်မယ်ဆို နာရီပေါင်း သန်း ၄၀ ကြာ ကြည့်ရှုထားခဲ့ကြတယ်လို့ သိရတယ်။ ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ သီချင်းဗီဒီယို ၁၀ ခုကို ပြန်လည် ပေါင်းစည်းထားခဲ့ပြီး အွန်လိုင်းမှာ ရေပန်းစားခဲ့တဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်ထားတာ တွေ့ရပါတယ်။ ယခုနှစ်အတွင်း ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ သီချင်းဗီဒီယိုတွေကတော့

play

 

1. Luis Fonsi – Despacito ft. Daddy Yankee

2. Ed Sheeran – Shape of You [Official Video]

3. J Balvin, Willy William – Mi Gente (Official Video)

4. Maluma – Felices los 4 (Official Video)

5. Bruno Mars – That’s What I Like [Official Video]

6. Chris Jeday – Ahora Dice (Official Video) ft. J. Balvin, Ozuna, Arcángel

7. 05. El Amante – Nicky Jam (Video Oficial) (Álbum Fénix)

8. Jason Derulo – Swalla (feat. Nicki Minaj & Ty Dolla $ign) (Official Music Video)

9. DJ Khaled – I’m the One ft. Justin Bieber, Quavo, Chance the Rapper, Lil Wayne

10. Enrique Iglesias – SUBEME LA RADIO (Official Video) ft. Descemer Bueno, Zion & Lennox

 

ဒီနှစ် Rewind ဗီဒီယိုမှာတော့ မျက်နှာပြောင်စပ်စပ်နဲ့ ကတတ်တဲ့ မောင်နှမနှစ်ဦးရဲ့ပုံတွေ၊ fidget spinner ၊ Poppy စတာတွေကို မြိုင်မြိုင်ဆိုင်လေး ထည့်သွင်းထားပါတယ်။ ဗီဒီယိုတစ်ခုကို ကြည့်ရုံနဲ့ တစ်နှစ်လုံးကို ပြန်အောက်မေ့စရာ ဖြစ်သွားအောင် ဖန်တီးထားတာပါ။

Source : 9To5Google

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD