AD
AD
AD
play

 

မြူးမြူးကြွကြွနဲ့ လှုပ်ရှားကစားရတဲ့ Zumba ဟာပုံမှန်လေ့ကျင့်ခန်းတွေလုပ်ရလို့ ပျင်းရိမှုတွေကိုပျောက်စေပြီး တက်ကြွစေတဲ့အပြင် ခန္ဓာကိုယ်လှပကြံ့ခိုင်မှုကိုလည်း အကျိုးပြုတာကြောင့် Gym ကစားသူတွေကြားလူကြိုက်များနေတာ အားလုံးအသိပါပဲ။

ဒါကြောင့်ပဲ ကျွမ်းကျင်တဲ့နည်းပြဆရာတွေရဲ့ပြသမှုနဲ့ လူတွေစုပြီးကစားရတဲ့ Zumba ပွဲတွေကိုခပ်စိတ်စိတ်လုပ်လာကြတာ ကိုတွေ့ရမှာပါ။

Zumba ကစားတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားပြီး ကစားရတာကြောင့် အဆီပိုတွေကိုလောင်ကျွမ်းစေကာ ကိုယ်အလေးချိန်ကိုလျော့ကျစေတဲ့အပြင် ကျား၊မ မရွေး၊အသက်အရွယ်မရွေးကစားနိုင်တာကြောင့် လူကြိုက်များတာ ဆိုရင်လည်း မမှားပါဘူး။

အဲဒီလို ခန္ဓာကိုယ်အတွက် အမှန်တကယ်အကျိုးရှိသလို လူကြိုက်လည်းများတဲ့ Zumba ကိုနိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရဆရာအဆင့်ထိ            တက်မြောက်နိုင်မယ့်အခွင့်အရေးကောင်းတစ်ခုရှိပါတယ်။

အဲဒါကတော့ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အဆင့် Gym တစ်ခုဖြစ်တဲ့ Training Ground The Premier Fitness Center က Host အဖြစ်နဲ့ ပြုလုပ်ပေးသွားမယ့် Zumba Instructors Training Course (Basic -1) ပဲဖြစ်ပါတယ်။

ဒီသင်တန်းကို Zumba နိုင်ငံတကာအဆင့်ကျွမ်းကျင်ပညာရှင် Carolina Arias ကိုယ်တိုင်သင်ကြားမှာဖြစ်ပြီး သင်တန်းပြီးဆုံးရင် Zumba Certificateရရှိမှာပါ။

သင်တန်းကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်တို့မှာဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကာဒီလင့်ခ် => https://www.zumba.com/en-US/training/2018-08-25_B1_Yangon_MM_Carolina_Arias_

ကနေတစ်ဆင့် ယခု Register လုပ်လို့ရနေပါပြီ။

သင်တန်းကြေးက USD 300 ဖြစ်ကာ သင်တန်းဖွင့်လှစ်မယ့် Training Ground The Premier Fitness Center ရဲ့လိပ်စာကတော့ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်းနံပါတ် - 09458887575, 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊  marketing@tgroundmm.com နှင့် sales@tg.com.mm ကို email ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းလို့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD