News: အကြမ်းဖက်သမားများ ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်

, updated

အကြမ်းဖက်မှုကြောင့် ပူပူနွေးနွေးမုဆိုးဖို ဖြစ်သွားရှာတဲ့ အမျိုးသားတစ်ဦးက အကြမ်းဖက်သမားတွေဆီကို အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသား ပေးပို့လိုက်တာပါ။

play

 

ပါရီအကြမ်းဖက်မှု ဖြစ်ပြီးနောက် ISIS အကြမ်းဖက်သမားတွေထံကို အိတ်ဖွင့်ပေးစာတစ်စောင် ထွက်လာပါပြီ။ နိုင်ငံအကြီးအကဲတွေနဲ့ နာမည်ကျော်တွေဆီကမဟုတ်ပဲ ပါရီအကြမ်းဖက်မှုမှာ သေဆုံးခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ကျန်ရစ်သူ အမျိုးသားက ရေးထားတဲ့ စာတစ်စောင်ဖြစ်ပါတယ်။

play

ပါရီအကြမ်းဖက်မှုမှာ သေဆုံးခဲ့သူ မူရယ်

ရင်နင့်စရာကောင်းတာက ပူပူနွေးနွေးမုဆိုးဖိုဖြစ်သွားတဲ့ အဆိုပါအမျိုးသားဟာ စာထဲမှာ အကြမ်းဖက်သမားတွေကို စိတ်မဆိုးပါဘူးလို့ ဆိုထားတာပါပဲ။ အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရပေမယ့်လည်း ကျန်ရစ်သူဖြစ်တဲ့ သူနဲ့သူရဲ့သားငယ်ဟာ အကြမ်းဖက်သမားတွေကို ကြောက်ရွံ့ပြီး ဘဝကို ဖြတ်သန်းသွားမှာ မဟုတ်ဘူးလို့လည်း အိတ်ဖွင့်စာထဲမှာ ရေးသားထားပါတယ်။

အန်တွိုင်နီလယ်ရစ်လို့ အမည်ရတဲ့ အဆိုပါအမျိုးသားဟာ သူ့ရဲ့ဇနီးဖြစ်သူ မူရယ်ကို အကြမ်းဖက်မှုကြောင့် ဆုံးရှုံးလိုက်ရတာပါ။ အသက် ၁၇ လအရွယ် သားငယ်တစ်ဦးနဲ့ အတူကျန်ရစ်ခဲ့သူဖြစ်ပါတယ်။

play

သေဆုံးခဲ့သူအတွက် ပူဆွေးနေရသော ကျန်ရစ်သူများ

“ ငါမင်းတို့ကို မုန်းနေမှာတော့ မဟုတ်ပါဘူး။ သောကြာနေ့ညနေခင်းမျာ မင်းတို့က ငါ့ဘဝအတွက် အချစ်ရဆုံးသူကို ခိုးယူသွားခဲ့တယ်။ ငါ့သားလေးရဲ့ အမေဖြစ်သူပေါ့။ မင်းတို့ဘယ်သူလဲ ဆိုတာလည်း ငါမသိပါဘူး။ သိလည်းမသိချင်ဘူး။ မင်းတို့ဟာ အသည်းနှလုံးကင်းမဲ့နေတဲ့သူတွေ ဆိုတာ ငါသိတယ်။ ဒီတော့ မင်းတို့ကို အမုန်းတရားတွေလည်း ငါမပေးချင်တော့ဘူး” လို့ လယ်ရစ်က ရေးသားထားပါတယ်။

ပါရီမှာ အကြမ်းဖက်မှုကြောင့် လူပေါင်း တစ်ရာကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲတွေထဲက ရင်နင့်စရာ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

Source : www.telegraph.co.uk

Photos : www.dailymail.co.uk , www.telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ