News: ခွေးနှုတ်သီးကို တိပ်နဲ့ပတ်ပြီး ညှဉ်းပန်းတဲ့ အမျိုးသမီးကို ရဲများ ရှာဖွေ

, updated

အမေရိကန်မှာ မိမိရဲ့ အိမ်မွေးတိရစ္တာန်ဖြစ်ပေမယ့် ညှင်းပန်းနှိပ်စက်ခွင့် မရှိပါဘူး။

 

လူမှုကွန်ယက်ဟာ သုံးတတ်သူအတွက် စိတ်ထွက်ပေါက်ဖြစ်ပေမယ့် မသုံးတတ်တဲ့အခါ အန္တရာယ်တွေ ဖိတ်ခေါ်လိုက်သလိုပါပဲ။ အိမ်မှာမွေးထားတဲ့ ခွေးကို နှိပ်စက်ညှင်းပန်းထားတဲ့ပုံ တင်မိတဲ့ အမျိုးသမီးတော့ ဒုက္ခရောက်ရပါတော့မယ်။

 

သောကြာနေ့က ကေတီ ဘရောင်းအမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုမှာ ပုံတစ်ပုံ တက်လာပါတယ်။ အညိုရောင် ခွေးတစ်ကောင်ရဲ့ နှုတ်သီးကို တိပ်တွေနဲ့ ရစ်ပတ်ထားပြီး " မင်းပါးစပ်ကို ပိတ်မထားတဲ့အခါ ခုလိုဖြစ်ရတာပဲ" ဆိုတဲ့ စာနဲ့ တွဲပြီး တင်ခဲ့တာပါ။ သူမဟာ အမေရိကန်က ဖလော်ရီဒါမှာ နေထိုင်သူ ဖြစ်ပါတယ်။

 

အိမ်မွေးတိရစ္ဆာန်ကို ညှင်းပန်းနှိပ်စက်တဲ့ ဒီအမျိုးသမီးကို တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုနဲ့ ဖလော်ရီဒါ ပြည်နယ်ထဲက တောင်ပိုင်း ဒေတိုနာ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေစုံစမ်းနေကြပါပြီ။

Source : www.nbcnewyork.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ