News: လာမယ့် လအနည်းငယ်အတွင်း လုပ်ငန်းသုံး ဖေ့ဘွတ်ခ် ပရိုဖိုင်းလ် အသစ် ထွက်ရှိမည်

, updated

‘Candy Crush’ နဲ့ တခြားဂိမ်းတွေကိုတော့ အလုပ်ချိန်အတွင်းမှာ ဆော့လို့ရတော့မှာ မဟုတ်ပါဘူး။

play

 

ယခုနှစ် ဇန်နဝါရီလကတည်းက လုပ်ငန်းသုံးဖေ့ဘွတ်ခ် ပရိုဖိုင်းလ်ကို တစ်နှစ်အချိန်ယူစမ်းသပ်ပြီးတဲ့နောက် လာမယ့် လအနည်းငယ်အတွင်းမှာ စတင် ဝန်ဆောင်မှုပေးသွားမယ်လို့ အဆိုပါကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

play

 

အသုံးပြုသူတွေအနေနဲ့ လက်ရှိ ရှိပြီးသား လူမှုကွန်ရက် ပရိုဖိုင်းလ် အပြင် ၊ အထူး ပရိုဖိုင်းလ် တစ်ခု ပြုလုပ်ရမှာဖြစ်ပြီးတော့ လုံခြုံရေးပိုင်း တိုးမြှင့်ပေးထားတဲ့ ဝန်ဆောင်မှုတွေပါလာပေမယ့် ‘Candy Crush’ နဲ့ တခြားဂိမ်းတွေကိုတော့ အလုပ်ချိန်အတွင်းမှာ ဆော့လို့ရတော့မှာ မဟုတ်ပါဘူး။

play

 

ဖေ့ဘွတ်ခ်အနေနဲ့ အဆိုပါ ဝန်ဆောင်မှုကို စတင်မိတ်ဆက်တဲ့အချိန်မှာ ကုမ္ပဏီအားလုံးအတွက် လစဉ်ကြေးအနည်းငယ် ပေးဆောင်ရုံနဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးထားမှာဖြစ်ပြီး အခြားအပိုဝန်ဆောင်မှုကိုလည်း သက်သက်သာသာ တိုးမြှင့်လို့ ရအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

Source : www.telegraph.com

Photo: www.telegraph.com, www.jsocialmarketing.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ