News: ရုပ်ချောတဲ့ ယောက်ျားလေးတွေ ရာထူးကြီးကြီး မရနိုင်

ရုပ်ချောတဲ့ အမျိုးသမီးတွေကတော့ ဒီလို မကြုံရပါဘူး။

play

 

ရုပ်ရည်ခန့်ညားချောမောတဲ့ အမျိုးသားတွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ ထိပ်ဆုံး ရာထူးကြီးပိုင်းတွေကို ရနိုင်ခြေ အလွန်နည်းကြတယ် လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။

play

 

ချောမောတဲ့ ယောက်ျားတွေကို သူတို့ရဲ့လူကြီးတွေက ပြိုင်ဘက်ဖြစ်လာနိုင်သူအဖြစ် မြင်လေ့ရှိကြတာကြောင့် လုပ်ရည်ကိုင်ရည် ပြသခွင့်မပေးကြဘူးလို့ အဆိုပါ သုတေသနက ဆိုပါတယ်။

play

 

ဒါကြောင့် ရုပ်ချောသူ ယောက်ျားလေးတွေဟာ အတော်အသင့် အရေးကြီးတဲ့နေရာမှာသာ  အဆုံးသတ်ကြရပြီး ရုပ်ချောသူ အမျိုးသမီးတွေကတော့ ဒီလို အခြေအနေမျိုးနဲ့ ရင်မဆိုင်ရဘူးလို့ သိရပါတယ်။

play

 

အဆိုပါ သုတေသနကို University College London  နဲ့ အမေရိကန်က Maryland တက္ကသိုလ်တို့ ပူးပေါင်းပြီး  ကုမ္ပဏီရုံးတွေ မှာ  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

Photos & Sources: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ