play

 

တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ် Zhangjiagang ခရိုင်က စားသောက်ဆိုင် တစ်ဆိုင်ဟာ စားသုံးသူတွေ ကို လေခွန်ပါ ထည့်သွင်းကောက်ခံနေတာကြောင့် တိုင်ကြားမှုတွေ ရှိနေတယ်လို့ Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒေသအာဏာပိုင်တွေက စစ်ဆေးတဲ့အခါ အဆိုပါဆိုင်ဟာ စားသုံးသူတိုင်းကို ကြိုတင်အသိပေးခြင်းမရှိဘဲ လေခွန်အနေနဲ့ တစ်ယောက်ကို တရုတ်ငွေ ၁ ယွန် (ဒေါ်လာ ၀.၁၆ ) ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုဟာ အလွန်ဆိုးဝါးနေတာလည်း ဖြစ်ပါတယ်။

 

Photos & Sources: China Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video