AD
AD
AD
play

 

ပြီးခဲ့တဲ့ရက်ပိုင်းက သရေခေတ္တရာ ပျူမြို့ဟောင်းထဲမှာ အဖိုးတန် ပတ္တမြားတွေ  တွေ့ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ ပါတယ်။ တွေ့ရှိခဲ့သူက ရှေးဟောင်းဌာနကို အပ်နှံလိုက်တဲ့အခါ ကျပ်သိန်း ခြောက်ထောင် ရရှိခဲ့တယ်ဆိုပြီး ပြောနေကြတာပါ။

အဆိုပါသတင်းဟာ အမှားကြီး ဖြစ်နေပြီး တွေ့ရှိခဲ့တဲ့ ပစ္စည်းဟာ အလှဆင်ဖန်စီပစ္စည်းသာ ဖြစ်နေတယ်လို့ သိရပါတယ်။ ရှေးဟောင်းသုတေသနဌာနကိုလည်း ပတ္တမြားတွေ လာရောက်အပ်နှံခြင်းလည်း မရှိခဲ့ပါဘူး။ 

နိုဝင်ဘာအတွင်းက သရေခေတ္တရာရှေးဟောင်းဇုန် မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညိုရွာရှိ နေအိမ်တစ်လုံးတွင် မုန်လာဥတွေကို ရေဆေးရင်း သဲပုံထဲကနေ ပတ္တမြားအရောင် ကျောက်ငါးလုံးပါ ပစ္စည်းတစ်ခု တွေ့ရှိခဲ့ရာက အဲ့ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ကောလ ဟာလတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

 

Source : 7 Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD