play

 

တရုတ်နိုင်ငံက စက်ဘီးစီး ဝါသနာပါတဲ့ စုံတွဲနှစ်ဦးရဲ့ မင်္ဂလာဆောင်ကတော့ ထူးထူးခြားခြား ဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို မနေ့က ဟူးဘေးပြည်နယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာပွဲကိုတော့ စက်ဘီးတွေနဲ့ ဆင်နွှဲခဲ့တာပါ။ စက်ဘီးစီး အားကစားသမား ၁၀၀ ဦးက သူတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

play

 

သတို့သားဖြစ်တဲ့ လီ ဂျူဘိုက သူတို့ရဲ့ မင်္ဂလာပွဲကို စိတ်ကူးယဉ်ဆန်ပြီး ပိုက်ဆံမကုန်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ အထောက်အကူဖြစ်စေတဲ့ ပုံစံနဲ့ ကျင်းပနိုင်ဖို့ စီစဉ်ခဲ့သူပါ။ လေထုညစ်ညမ်းမှု များပြားနေတဲ့ တရုတ်နိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် မထွက်တဲ့ နည်းလမ်းကတော့ သူ့ရဲ့ စက်ဘီးစီးအားစကားသမား သူငယ်ချင်းတွေကို ဖိတ်ခေါ်လိုက်တာပါပဲ။ သတို့သားက သတို့သမီးကို စက်ဘီးနဲ့တင်ပြီး နောက်က စက်ဘီးစီးသမား ၁၀၀ နဲ့အတူ တစ်နာရီလောက် စက်ဘီးစီးခဲ့တဲ့ အသစ်စက်စက် မင်္ဂလာဇနီးမောင်နှံကို လူတွေက ဝိုင်းဝန်းသြဘာပေးခဲ့ကြပါတယ်။

Source & Photo : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video