News: နာဇီ အာဏာရှင်ရဲ့ လူသိမခံခဲ့တဲ့ လျှို့ဝှက်ချက်

နာဇီအာရှင် အဒေါ့ဖ်ဟစ်တလာတွင် ဝှေးစေ့တစ်လုံးသာ ပါသည်ဟု ပြောနေကြသော ပါးစပ်ရာဇဝင်မှာ အမှန်တကယ် ဖြစ်ကြောင်း သက်သေကို ဂျာမန်သမိုင်းပညာရှင် တစ်ဦးက ရှာဖွေတွေ့ရှိခဲ့သည်။

play

 

နာဇီအာရှင် အဒေါ့ဖ်ဟစ်တလာတွင် ဝှေးစေ့တစ်လုံးသာ ပါသည်ဟု ပြောနေကြသော ပါးစပ်ရာဇဝင်မှာ အမှန်တကယ် ဖြစ်ကြောင်း သက်သေကို ဂျာမန်သမိုင်းပညာရှင် တစ်ဦးက ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းသို့ဖြစ်ရခြင်းမှာ စစ်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့်မဟုတ်ဘဲ မွေးရာပါဖြစ်ကြောင်းလည်း ယင်းပညာရှင်က အတည်ပြုခဲ့သည်။

play

 

ဟစ်တလာ၏ ညာဘက် ဝှေးစေ့မှာ အတွင်းတွင် မြုံနေခြင်းဖြစ်ကြောင်း ဖော်ပြနေသော ၁၉၂၃ ခုနှစ်က မှတ်တမ်းတင်ခဲ့သော ဆေးစာရွက်များကို တွေ့ရှိထားကြောင်း Erlangen-Nuremberg တက္ကသိုလ်မှ ပါမောက္ခ ပီတာဖလစ်ရှမန်းက ပြောသည်။

ယင်း ဆေးစာရွက်များမှာ ဟစ်တလာ၏ မြူးနစ်အား သိမ်းပိုက်ရန် ကြိုးပမ်းမှု ကျရှုံးပြီး လန်းစ်ဘတ်ထောင်ထဲ၌ အကျဉ်းကျနေစဉ် ဒေါက်တာ ဂျိုးဆက်ဖ် စတိန်နာဘရင်းက စစ်ဆေးရေးသားခဲ့သည့် ဆေးမှတ်တမ်း ဖြစ်သည်။

play

 

ယခင်က သိရှိခဲ့သော ဟစ်တလာမှာ ပထမ ကမ္ဘာစစ်တွင် ဝှေးစေ့တစ်လုံး ဆုံးရှုံးခဲ့သည်ဟူသော သတင်းနှင့် ဟစ်တလာ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ပကတိအတိုင်းဖြစ်ကြောင်း ပြောခဲ့သော ၎င်း၏ ကလေးဘဝက ဆရာဝန်များ၏ ပြောစကားများမှာ ယခုတွေ့ရှိချက်နှင့် ကွဲပြားနေပေသည်။

 

Source and Photos : UPI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ