AD
AD
AD
play

 

အာရှလမ်းမကြီးရဲ့ မြဝတီ-ကော့ကရိတ် လမ်းပိုင်းမှာ ဒီနေ့နံနက် (ဒီဇင်ဘာ ၂၁)က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ တိမ်းမှောက်သွားတဲ့ယာဉ်ဟာ ကုန်တင်ယာဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ညကလည်း ကုန်ကားတစ်စီး မှောက်ခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်စဉ်မှာတော့ မှောက်သွားတဲ့ ကုန်တင်ကားရဲ့ ခေါင်းပိုင်းဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။

မြဝတီမှ ကော့ကရိတ်မြို့ဘက်သို့ မောင်းနှင်လာစဉ် အရှိန်လွန်တိမ်းမှောက်ခြင်းဖြစ်ပြီး ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်နောက်လိုက် တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

Source  & Photo : 7 Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD