play

 

မြန်မာနိုင်ငံတောင်ပိုင်းရှိ ကော့သောင်းမြို့သည် ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် တောင် တရုတ်ပင်လယ်မှလေပြင်းများ တိုက်ခတ်လာ၍ ယခင်နှစ်များထက် သိသာစွာ အအေးဓာတ်ပိုမိုခံစားလာရပြီး နံနက်ပိုင်းတွင် မြူနှင်းများထူထပ်စွာ ကျရောက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ မိုးလေဝသနှင့်ဇလ ဗေဒဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကော့သောင်းမြို့သည် အီကွေတာနှင့် နီးသော မြို့တစ်မြို့ဖြစ်ရာ နှစ်စဉ် ဆောင်းရာသီတွင် အအေးဓာတ်ကို ခံစားရလေ့ မရှိသည့်မြို့တစ်ဖြစ်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးများရွာသွန်း၍ လေတိုက်နှုန်းမြင့်မားမှုနှင့် အတူ ကော့သောင်းမြို့ထိတိုင် အကျိုးသက်ရောက်မှုအဖြစ် ညနေပိုင်း အချိန်များတွင် လေတိုက်နှုန်းမြင့်မားခြင်း၊ လှိုင်းထန်ခြင်းများ ဖြစ်ပေါ်လျက် ပင်လယ်ငါးဖမ်းလှေများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အခက်အခဲဖြစ်နိုင်သည်။

play

 

ထို့အပြင် ထိုင်းနိုင်ငံ မိုးလေဝသဌာန၏ ဒီဇင်ဘာ ၁၉ ရက် သတင်းထုတ်ပြန်ခဲ့သည့် အချက်အရ ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်းပင်လယ်ကွေ့အနီးနှင့် မြန်မာ နိုင်ငံတောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် အက်ဒမန်ပင်လယ်ကမ်း ခြေအနီးတစ်ဝိုက် တိမ်အသင့် အတင့်ဖြစ်ထွန်းနေပြီး လေကြမ်း များတိုက်ခတ်ကာ မိုးများရွာသွန်း၍ ပင်လယ်လှိုင်းများ ၂ မီတာမှ ၄ မီတာအထိ မြင့်တက်လာနိုင်ကြောင်း၊ ပင်လယ်အတွင်း သွားလာလျက်ရှိ သည့် သင်္ဘောများသတိရှိစွာသွား လာရန်နှင့် ငါးဖမ်းလှေငယ်များ ယင်းအချိန်အတွင်း ကမ်းမှထွက်ခွာခြင်း မပြုရန် တားမြစ်ထားကာ ပင်လယ်ရေပြင်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် မြန်မာ့ပင်လယ် ပြင်အထိ အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိ၍ မြို့နေပြည်သူ များ၊ သက်ကြီးရွယ်အိုများ၊ ပင်လယ် ငါးဖမ်း ရေလုပ်သားများ သတိပြု နေထိုင်လုပ်ကိုင်နိုင်ရေး အသိပေး နှိုးဆော်ထားသည်။

Source & Photo: MOI Webportal ၊ ကျော်စိုး (ကော့သောင်း)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video