play

 

တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၀ ရက်) နှောင်းပိုင်းက ဘရပ်ဆဲလ် မြို့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ စီးနင်းမှုအတွင်း ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ နိုဝင်ဘာလအတွင်းက အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဘယ်လ်ဂျီယံမှာ ရှာဖွေစစ်ဆေးမှုများ အဓိကထား လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ထောက်လှမ်းရေး သတင်းတွေအရ ပဲရစ်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို အကူအညီပေးခဲ့သူ အများအပြား ဘယ်လ်ဂျီယံမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဘရပ်ဆဲလ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဆလာဟ် အဗ္ဗဒက်စလာမ်ဆိုသူဟာ ပဲရစ်တိုက်ခိုက်မှုမှာ တိုက်ရိုက် ပါဝင်ခဲ့တယ်လို့ သံသယရှိနေပါတယ်။

နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားတွေရဲ့ သေနတ်ဖြင့် ပစ်ခတ်မှု၊ အသေခံ ဗုံးခွဲမှုတွေကြောင့် လူ ၁၃၀ ဦး သေဆုံးခဲ့ပါတယ်။

Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video