AD
AD
AD
play

 

မယ်စကြာဝဠာာပြိုင်ပွဲကျင်းပနေတဲ့ ခန်းမအပြင်ဘက်မှာ လမ်းသွားလမ်းလာတွေကို ကားတစ်စီး ဝင်တိုက်မိလိုက်တဲ့အတွက် အနည်းဆုံးလူတစ်ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသွားခဲ့ပါတယ်။ မယ်စကြာဝဠာပြိုင်ပွဲကျင်းပနေတဲ့ ဟိုတယ်အရှေ့ဘက် ပလက်ဖောင်းကို ကားက ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

play

 

ကားတိုက်မှု ဖြစ်ပွားပြီးနောက် လူပေါင်း ၃၇ ဦးဆေးရုံကိုတင်ပို့လိုက်ရတယ်လို့ ဆိုပါတယ်။ ဆေးရုံတင်လိုက်ရတဲ့ သူတွေထဲမှာ ၇ ဦးက ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ အာဏာပိုင်တွေက အတည်ပြုပေးထားပါတယ်။

play

 

ကားမောင်းလာတဲ့  အမျိုးသမီးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အလှမယ်ပြိုင်ပွဲကျင်းပတဲ့ ဟိုတယ်ရဲ့ ရှေ့နားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့အတွက် အကြမ်းဖက်မှုနဲ့ မှားယွင်းပြီး အာဏာပိုင်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ  အလုပ်ရှုပ်ခဲ့ရပါတယ်။

Source & Photos : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD