AD
AD
AD
play

 

ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မနေ့ညနေ ၅နာရီခွဲခန့်က ၅၆ လမ်းထိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အလုပ်မှ အိမ်သို့ ပြန်လာသော အမျိုးသမီးအား အမျိုးသား တစ်ဦးက ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

မဟာဗန္ဓုလ လမ်းအတိုင်း လမ်းလျှောက်ရင်း ဖုန်းပြောလာသော သူမအား ရည်းစားဟောင်းဖြစ်သူက ရင်အုံကို ဓားနှင့်ထိုးကာ ထွက်ပြေးသွားခဲ့သည်။ ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်နေစဉ် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ တာမွေမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ထွက်ပြေးသွားသော တရားခံကို ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေကြသည်ဟု သိရသည်။

 

Source : The Voice

Photo : Tribune

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD