AD
AD
AD
play

 

ရွှေတိဂုံစေတီတော်ပေါ်နှင့် ၀တ္တကမြေအတွင်း မောင်းသူမဲ့ လေယာဉ်ငယ်နှင့် ဒရုန်းများ (Drones နှင့် UAV) ကို စေတီတော် လုံခြုံရေးအရ လွှတ်တင်မောင်းနှင်ခွင့် မပြုတော့ကြောင်းနှင့် ယနေ့(ဒီဇင်ဘာ ၂၂ ရက်)ကစ၍ သတိပေးတားမြစ်ချက် ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုအန္တရာယ်အပေါ် စိုးရိမ်ရသောကြောင့် တားမြစ်ခြင်း ဖြစ်ပြီး ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ ဒေသန္တရခွင့် ပြုမိန့်ဖြင့် သတိပေးတားမြစ်ခြင်း ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ဦးထွန်းအောင်ငွေက ပြောသည်။

 ‘‘တချို့ကတော့ လေယာဉ် ကင်မရာနဲ့ အမြင့်ကနေ ရိုက်တဲ့ အခါမှာ ဓာတ်ပုံတွေက ပိုလှတယ်။ ဒီလိုရည်ရွယ်ချက်နဲ့ ရိုက်တဲ့ သူတွေရှိပေမဲ့ ရွှေတိဂုံစေတီတော်ကြီးက အကြမ်းဖက် တိုက်ခိုက်ချင်သူတွေလည်း မပါလာဘူးလို့ မဆိုနိုင်ဘူး။ အဲဒီအတွက် ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်ပင် ပြီး အခုလိုသတိပေးတားမြစ်ရ ခြင်းဖြစ်ပါတယ်’’ ဟု ဦးထွန်း အောင်ငွေက ပြောသည်။

မောင်းသူမဲ့ လေယာဉ်ဖြင့် ဓာတ်ပုံရိုက်ခဲ့သူ တရုတ်နိုင်ငံသားတစ်ဦး၊ အမေရိကန် နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး၏ လေယာဉ်ငယ်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Source and Photo : 7daydaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD