AD
AD
AD
play

 

ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၅ အာဆီယံ လူငယ်စာရေးဆရာဆုပေးပွဲမှာ မြန်မာနိုင်ငံက လူငယ်နှစ်ဦး ဆုရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အရှေ့တောင်အာရှ စာရေးဆရာ ဆု ရွေးချယ်ရေးအဖွဲ့က ဒေသတွင်း နိုင်ငံတွေက အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်အကြား  လူငယ်တွေထံက စာမူတွေကို ဖိတ်ခေါ်ခဲ့ပြီး ဆုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခုနှစ်မှာတော့ ပေးပို့လာတဲ့ စာမူပေါင်း ၁၄၀၀ ကျော် ရှိခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံက လူငယ်စာရေးဆရာမနှစ်ဦး ဖြစ်တဲ့ စောယုနွယ်နဲ့ တင့်တင့်စန္ဒီတို့က ရွေးချယ်ခံခဲ့ရပါတယ်။ စောယုနွယ်က Daily Ignorance ခေါင်းစဉ်ပေးထားတဲ့ စာမူနဲ့ ဆုရရှိခဲ့ပြီး တင့်တင့်စန္ဒီရဲ့ စာမူနာမည်က Welcome to Joe’s လို့ အမည်ရပါတယ်။

Source : DVB

Photo : ASEAN Young Writers Award

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD