AD
AD
AD
play

 

လူဝီစီးယားနားက မြင်းခြံတစ်ခုမှ ပိုင်ရှင်တွေဟာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ အိပ်ယာပေါ်ကနေ လွင့်စင်သွားခဲ့ရပါတယ်။

အဆိုပါ ဗုံးကို စက်ပြင်အလုပ်သမားတစ်ဦးက ထောင်ခဲ့တာဖြစ်ပြီး အခု အဲဒီလူကို လူသတ်ရန် ကြိုးပမ်းမှု၊ ဗုံးပြုလုပ်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။

ပေါက်ကွဲမှုကြောင့် ဘော်ဘီနှင့် ထရေစီ ဟောလက်တ်တို့မှာ မနက် ၄ နာရီခန့်တွင် ပေအနည်းငယ် လွင့်စင်သွားခဲ့ပါတယ်။

သူတို့နှစ်ဦးနဲ့အတူ အိပ်ရာပေါ်တွင် ခွေးသုံးကောင်နဲ့ ကြောင်တစ်ကောင် ရှိနေခဲ့ပေမဲ့ ဘယ်သူမှ ဒဏ်ရာမရခဲ့ကြပါဘူး။

ဘော်ဘီတို့ရဲ့ လယ်ကွင်းထဲမှာ ၄ နှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ အသက် ၅၄ နှစ်ရှိတဲ့ စက်ပြင်အလုပ်သမား ဒေါက်ကလပ်စ် ဟော်လီကို ဖမ်းစီးထားလိုက်ပါပြီ။

လွန်ခဲ့တဲ့ ခြောက်လက ဒေါက်ကလပ်စ်က ဘော်ဘီကို သူ့မြင်းနဲ့ ပတ်သက်ပြီး အကူအညီတောင်းခဲ့ပေမဲ့ ဘော်ဘီက မအားခဲ့ပါ ဘူးတဲ့။ သူတို့နှစ်ဦးကြားမှာ ပြဿနာဆိုလို့ အဲဒီတစ်ခုသာ မှတ်မိတယ်လို့ ဘော်ဘီက ဆိုခဲ့ပါတယ်။

 

Source & Photo : MSN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD