AD
AD
AD
play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဖောင်ကြိုးပြတ်ပြီး ပင်လယ်ပြင်တွင် (၁၀) ရက်ကြာ မျောပါနေသော ကျားဖောင်ပေါ်ရှိ မြန်မာရေလုပ်သား (၃)ဦးကို ထားဝယ်မြို့ကမ်းခြေနှင့် မိုင် (၁၂၀) အကွာတွင် မြန်မာသင်္ဘောသားများပါသော နိုင်ငံခြားသားပိုင် ကုန်တင်ပင်လယ်ကူး သင်္ဘောကြီးတစ်စီးက ဒီဇင်ဘာ (၁၁) ရက်၌ တွေ့ရှိခဲ့ရာ ကယ်တင်ခဲ့ပြီး ဒီဇင်ဘာ (၁၂) ရက်က ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ရေလုပ်သားများသည် ဖျာပုံမြို့မှဖြစ်ပြီး ကျားဖောင်များဖြင့် ငါးနှင့်ပုစွန်ရှာဖွေနေစဉ် လေပြင်းတိုက်သဖြင့်ဖောင်မှ ကုပ်စီးတန်းကျိုးကာ ပင်လယ်အတွင်း မျောပါခဲ့ခြင်းဖြစ်ရာ ၊ ကျားဖောင်ခေါင်မိုးပေါ်မှ အလံဖြူ နှင့် ပုဆိုးများဖြင့် ဝှေ့ယမ်းကာ ထိုင်ကန်တော့၍ အကူအညီတောင်းခဲ့သည်။

၎င်းတို့သည် ပင်လယ်ပြင်အတွင်း မျောပါနေစဉ် ရေနံတူးစင်များအနီးရောက် သွားချိန်၌ ခုန်ချပြီး ကူးခပ်ရန် အားအင်မရှိ၍ မကူးခပ်နိုင်ခဲ့ကြောင်း၊ ပင်လယ်ကူးသင်္ဘောကြီးများ ၎င်းတို့အနီးမှ ခုတ်မောင်းသွားစဉ် အကူအညီတောင်းသော်လည်း ကယ်တင်ခြင်းမခံခဲ့ရပေ။ ယခုနှစ် ကျားဖောင်ရာသီတွင် ဖျာပုံခရိုင်အတွင်း မြစ်တန်း၊ ကုလားထိပ်၊ ကပျက်နှင့် နောက် မြီးဆိပ်ကမ်းလေးခု၌ ကျားဖောင် ၁,၀၀၀ ကျော်ဖြင့် ရေလုပ်သားသ ၃,၀၀၀ကျော်သည် ပင်လယ်ပြင်တွင် ငါးနှင့် ပုစွန်ဖမ်းသည့် အလုပ်လုပ်ကိုင်နေသည်။

Source: 7Day Daily

Photo: Zaw Htet Khine Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD