play
လေယာဉ်ပျက်သည့် နေရာအနီးမှာ တွေ့ရတဲ့ ကယ်ဆယ်ရေးဝန်ထမ်းများ

 

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ Super King အမျိုးအစား လေယာဉ်ဖြစ်ပြီး နိုင်ငံအရှေ့ပိုင်းရှိ ရန်ချီမြို့ကို သွားရောက်ရန် လေဆိပ်မှ ပျံတက်ပြီး မကြာမီ အခုလို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

play
လေယာဉ်ပျက် အပိုင်းအစကို သယ်ယူနေစဉ်

 

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ အားလုံးနီးပါးဟာ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရှိရသေးပါဘူး။ ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြမှုအရ လေယာဉ်အင်ဂျင် မီးလောင်နေပြီး အပျက်အစီး အပိုင်းအစတွေနဲ့ မီးခိုးတွေ ထွက်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

လေယာဉ်ပျက်ကျမှုဟာ ဒီကနေ့ (ဒီဇင်ဘာ ၂၂ ရက်) ဒေသစံတော်ချိန် နံနက် ၉း၅၀ ဝန်းကျင်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play

 

Source & Photo:  AFP, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video