AD
AD
AD
play

 

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ နီပေါအမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့အဓ္ဓမကျင့်တဲ့ အမျိုးသား ခုနှစ်ဦးကို သေဒဏ်ကျခံစေဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။ အဆိုပါနီပေါ အမျိုးသမီးဟာ စိတ်ကျရောဂါ ရနေတာကြောင့် ဆေးကုသမှု ခံယူနေစဉ်အတွင်း ပျောက်ဆုံး သွားခဲ့ရာကတစ်ဆင့် အနိုင်ကျင့်ခံခဲ့ရတာပါ။

play

 

နောက်သုံးရက်အကြာမှာတော့ အမျိုးသမီးရဲ့ အလောင်းကို လယ်ကွင်းထဲပြန်တွေ့ခဲ့ရပြီး ခွဲစိပ်စစ်ဆေးခဲ့ရာမှာတော့ အုပ်စုဖွဲ့ အဓ္ဓမကျင့်ခံခဲ့ရတာကို တွေ့ခဲ့ရတာပါ။ ပြစ်မှုကျူးလွန်သူတွေကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမျိုးသမီးတရားသူကြီးက အမိန့်ချလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

အုပ်စုဖွဲ့ အနိုင်ကျင့်မှုမှာ ပါဝင်ခဲ့သူ နောက်တစ်ဦးကတော့ အဖမ်းခံရပြီး သိပ်မကြာခင်မှာပဲ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။


Source & Photos : bbc

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD